ၾကားသိရသမွ်

ထန်တလန်မြို့တွင် အိမ်များ မီးလောင်၊ စစ်ကောင်စီရှို့ဟုသိရ….

ထန်တလန်မြို့တွင် အိမ်များ မီးလောင်၊ စစ်ကောင်စီရှို့ဟု သိရ

ပါခွီး

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ယနေ့ အောက်တိုဘာလ ၂၉ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်မှစ၍ လူနေအိမ်အချို့ မီးလောင်ခဲ့ကြောင်း ထန်တလန်မြို့ခံ

အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မီးလောင်သည့် နေရာမှာ ဈေးရပ်ကွက်၊ CB ဘဏ်အနီး ဖြစ်သည်ဟု သတင်းရရှိသည်။

စစ်ကောင်စီ တပ်သားများက လူမရှိသည့် အိမ်အတွင်းမှ ဆန်နှင့် စားသောက်စရာများကို ယူ၍ အဆိုပါ အိမ်ကို မီးရှို့ရာမှ မီးစတင်လောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်

အိမ် ၁၁ လုံး မီးလောင်သွားပြီ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“မီးညွန့်ကတော့ ကျိုးသွားပြီ။ ဒါပေမဲ့ မီးသတ်က စနစ်တကျ ငြှိမ်းသတ်တာ မဟုတ်လို့ ထပ်လောင်ရင် လောင်နိုင်သေးတယ်“ ဟု မြို့ခံ အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်

ဦးက ယနေ့ ညနေ ၃ နာရီ ဝန်းကျင်တွင် ပြောသည်။

ယနေ့ မွန်းလွဲပိုင်းတွင်လည်း အဆိုပါ မီးလောင်မှုကို ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံခဲ့သေးသည်။

စက်တင်ဘာလ ၁၈ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် လူနေအိမ် ၁၉ လုံး မီးလောင်ကျွမ်းပြီး မြို့နေလူများ ထွက်ပြေး

တိမ်းရှောင်ခဲ့ရသည်။

unicode











