အိမ္ေထာင္သည္ အမ်ိဳးသမီးတိုင္းအတြက္ ကိုယ္ဝန္ရွိခ်ိန္ႏွင့္ မီးဖြားမည့္အခ်ိန္တြင္ ခင္ပြန္းျဖစ္သူရဲ႕ ၾကင္နာေႏြးေထြးမႈ ဂ႐ုစိုက္မႈတို႔ကို အလိုအပ္ဆုံးျဖစ္ေနခဲ့သည္။
ထိုအခ်ိန္သည္ အမ်ိဳးသမီးတိုင္း စိတ္အလိုမက်တာေတြ ပူပင္ေသာကေရာက္ရတာေတြ ျဖစ္ရကာ ခင္ပြန္းသည္မွ အနားမွာေပးရင္း အားေပးႏွစ္သိမ့္တာမ်ိဳး ျဖစ္ေနသင့္သည္။
သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံမွ အသက္၂၆ႏွစ္အ႐ြယ္ မိန္းကေလးသည္ ကံေကာင္းစြာျဖင့္ ၾကင္နာတတ္ဆုံးေသာ ခင္ပြန္းျဖစ္သူကို ပိုင္ဆိုင္ထားကာ ၄ႏွစ္တာကာလလုံးလုံး စိတ္မညစ္ခဲ့ရပဲ သားေလးေမြးဖြားခ်ိန္မွာလည္း အရမ္းဂ႐ုစိုက္ခံရတာေၾကာင့္ ေပ်ာ္ေနခဲ့ရသည္။
သူတို႔ႏွစ္ဦးသည္ စီးပြားေရးအေနႏွင့္ အြန္လိုင္းေပၚကေန အေရာင္းအဝယ္လုပ္ခဲ့ရာ ဆိုင္ကယ္ေလးပင္ ဝယ္မစီးႏိုင္ပဲ ပစၥည္းမ်ားကို လမ္းေလွ်ာက္ၿပီး ပို႔ေဆာင္ေပးခဲ့ရကာ အလြန္ခက္ခဲပင္ပန္းခဲ့ေသာ္လည္း ေအာင္ျမင္စြာ ေက်ာ္ျဖတ္ႏိုင္ခဲ့သည္။
ထို႔ေနာက္ ဇနီးျဖစ္သူမွာ သူတို႔ေမွ်ာ္လင့္ခဲ့ရေသာ သားဦးေလးကို ေအာင္ျမင္စြာ ေမြးဖြားႏိုင္ခဲ့သည့္အတြက္ ခင္ပြန္းသည္မွ လွပေသာပန္းစည္းေလးႏွင့္အတူ အခ်ိန္အေတာ္ၾကာ စုေဆာင္းခဲ့သည့္ ဗီယက္နမ္ေငြ ၉ဘီလီယံအား ဇနီးျဖစ္သူအေကာင့္ထဲသို႔ လႊဲေျပာင္းေပးခဲ့ၿပီး ဂုဏ္ျပဳခ်ီးေျမႇာက္ခဲ့သည္။
ထိုအျဖစ္သည္ လူမႈကြန္ယက္တြင္ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး အမ်ားမွ ဇနီးျဖစ္သူအား ေယာက်္ားရကံေကာင္းတယ္ဆိုၿပီး အားက်ခဲ့ၾကသည္။
Rain (For Ialinks)
Unicode
အရမ်းလိုချင်ခဲ့သည့် သားဦးလေးကို အောင်မြင်စွာ မွေးဖွားခဲ့သော ဇနီးဖြစ်သူအား ဂုဏ်ပြုသောအနေနဲ့ ပန်းစည်းလေးနဲ့အတူ ဗီယက်နမ်ငွေ ၉ဘီလီယံကို အကောင့်ထဲလွှဲပေးခဲ့သော ခင်ပွန်းသည်
အိမ်ထောင်သည် အမျိုးသမီးတိုင်းအတွက် ကိုယ်ဝန်ရှိချိန်နှင့် မီးဖွားမည့်အချိန်တွင် ခင်ပွန်းဖြစ်သူရဲ့ ကြင်နာနွေးထွေးမှု ဂရုစိုက်မှုတို့ကို အလိုအပ်ဆုံးဖြစ်နေခဲ့သည်။
ထိုအချိန်သည် အမျိုးသမီးတိုင်း စိတ်အလိုမကျတာတွေ ပူပင်သောကရောက်ရတာတွေ ဖြစ်ရကာ ခင်ပွန်းသည်မှ အနားမှာပေးရင်း အားပေးနှစ်သိမ့်တာမျိုး ဖြစ်နေသင့်သည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၂၆နှစ်အရွယ် မိန်းကလေးသည် ကံကောင်းစွာဖြင့် ကြင်နာတတ်ဆုံးသော ခင်ပွန်းဖြစ်သူကို ပိုင်ဆိုင်ထားကာ ၄နှစ်တာကာလလုံးလုံး စိတ်မညစ်ခဲ့ရပဲ သားလေးမွေးဖွားချိန်မှာလည်း အရမ်းဂရုစိုက်ခံရတာကြောင့် ပျော်နေခဲ့ရသည်။
သူတို့နှစ်ဦးသည် စီးပွားရေးအနေနှင့် အွန်လိုင်းပေါ်ကနေ အရောင်းအဝယ်လုပ်ခဲ့ရာ ဆိုင်ကယ်လေးပင် ဝယ်မစီးနိုင်ပဲ ပစ္စည်းများကို လမ်းလျှောက်ပြီး ပို့ဆောင်ပေးခဲ့ရကာ အလွန်ခက်ခဲပင်ပန်းခဲ့သော်လည်း အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။
ထို့နောက် ဇနီးဖြစ်သူမှာ သူတို့မျှော်လင့်ခဲ့ရသော သားဦးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည့်အတွက် ခင်ပွန်းသည်မှ လှပသောပန်းစည်းလေးနှင့်အတူ အချိန်အတော်ကြာ စုဆောင်းခဲ့သည့် ဗီယက်နမ်ငွေ ၉ဘီလီယံအား ဇနီးဖြစ်သူအကောင့်ထဲသို့ လွှဲပြောင်းပေးခဲ့ပြီး ဂုဏ်ပြုချီးမြှောက်ခဲ့သည်။
ထိုအဖြစ်သည် လူမှုကွန်ယက်တွင် ပျံ့နှံ့သွားခဲ့ပြီး အများမှ ဇနီးဖြစ်သူအား ယောကျ်ားရကံကောင်းတယ်ဆိုပြီး အားကျခဲ့ကြသည်။
Rain (For Ialinks)