ယူနီကုဒ်ဖြင့် ဖတ်ရန်
သရုပ်ဆောင် မင်သားမြင့်မြတ်ကတော့ ယောကျာ်း ပီသတဲ့ ရုပ်ရည်နဲ့ ပီပြင်လွန်းတဲ့ သရုပ်ဆောင် ချက်တွေကြောင့် အားလုံးရဲ့အားပေးခြင်းကို အပြည့်အဝပိုင်ဆိုင်
ထားတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်နော်။
တစ်နိုင်ငံလုံးက လူကြီး၊ လူငယ် ပရိသတ်တိုင်းချစ်ကြတဲ့ မင်းသားချော မြင့်မြတ်ဟာ မကြာသေးခင်မှ သူရဲ့ပရိတ်သတ်တွေရော ပြည်သူတစ်ရပ်လုံးပါမကြိုက်တဲ့
စကားဆိုခဲ့တဲ့အကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ကာ
ေ.ဝဖန်မူ များစွာမြင့်တက်နေပါတယ်။ ထိုစကားကတော့ “ဒီထက်ပိုရှင်းပြဖို့ ဘာမှတော့မရှိဘူး ဘဝမှာ မိသားစုလောက် အရေးကြီးတာ ဘာမှမရှိတာမို့ နိုင်ငံရေးကို
သိပ်နားမလည်လို့ ဝင်မပါတော့တာ”ဆိုပြီးတော့ဖြစ်ပါတယ်။
ဒီလိုပျံ့နှံ့လာတဲ့ သတင်းနဲ့ပတ်သက်ပြီးတော့လည်း မြင့်မြတ်က ထိုသို့ပြောဆိုထားခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။ covid ကာလအတွင်းမှာ အနုပညာရှင်တော်
တော်များများ အလုပ်မဖြစ်တော့အတွက် နားနေရပါတယ်။
သရုပ်ဆောင်မြင့်မြတ်လည်း အလားတူ နားလိုက်ရပေမဲ့ မိန်းမ၏မောင်ဖြစ်သူ Online shoppingတွင် ဝိုင်းကူရောင်းချရင်း မြင့်မြတ်တို့တစ်ဖွဲ့လုံးကို ပရိတ်သတ်
အားပေးမှု့အမြောက်အများရခဲ့သလို Live လွင့်တဲ့အချိန်ကို
ထိုင်စောင့်ရသည်အထိ အားပေးခဲ့ကြပါတယ်။ January လအစမှာ အာ.ဏာသ.ိမ်းပြီး သိပ်မကြာခင်မှာပဲ လူတိုင်းရှေ့ထွက် ဆန္ဒပြခဲ့သလို သရုပ်ဆောင်မြင့်မြတ်
လည်း ဆန္ဒပြခဲ့တာကိုတွေ့ရမှာပါ။
နောက်ပိုင်းမှာ ဘာသတင်းမှမကြားရတော့ပဲ သင်္ကြန်ကာလရောက်မှ စစ်တပ်မှပြုလုပ်သည့် သင်္ကြန်ပွဲကိုတက်ရောက်ခဲ့သည့် ပုံများနှင့်အတူ ပြန်ပေါ်လာခဲ့ပါတယ်။
ယခုအခါမှာတော့ ပြည်သူထဲကပြည်သူ တစ်ယောက်ဖြစ်ကာ
မြေစာပင်လေးမို့ ဒလ.န် လုံးဝမဟုတ်ပါဘူးဆိုတဲ့အကြောင်းကို ယခုလိုပဲ ဖြေရှင်းလာခဲ့ပါတယ်။ ‘တစ်နိုင်ငံလုံးအရေးအခင်းဖြစ်နေချိန် ပြည်သူအားလုံး ဖိအားပေါင်း
များစွာအောက်မှာ မြေစာပင်ဖြစ်နေကြတာပါ။ ကျွန်တော်လည်း
.ပြည်သူထဲက ပြည်သူတစ်ယောက်ပါ “မြေစာပင်”တစ်ပင်ပါပဲ ကျွန်တော် လုံးဝလုံးဝ “ဒလ.န်”မဟုတ်ပါဘူး ယုံကြည်ပေးပါ”ဆိုပြီးရေးသားထားပါတယ်။ ပရိတ်သတ်
တွေရဲ့ ထင်မြင်ချက်လေးကို ပြောပြပေးခဲ့ပါအုံးနော်။ ခရက်ဒစ်