ကလေးငယ်တွေက ပင်ကိုအားဖြင့် စပ်စုတတ်သူတွေပါ။ဆိုလိုတာက သူတို့ဟာ သူတို့ရဲ့အခြေအနေနဲ့နောက်ခံ ဘယ်လိုပင်ဖြစ်နေပါစေ ၎င်းတို့ဟာ အမြဲတမ်းသင်ယူဖို့ စိတ်နှလုံးတံခါးကိုဖွင့်ထားတတ်ကြပါတယ်။ကောင်လေးတစ်ယောက်က အင်ဒိုနီးရှားနိုင်ငံရဲ့ လမ်းဘေးတစ်နေရာမှာ ပူစီဖောင်းတွေကို ရောင်းနေစဉ်အတွင်း ညီငယ်ဖြစ်သူကို စာဖတ်တတ်ဖို့ တကူးတက သင်ကြားပေးနေခဲ့ပုံကို Andi Rihpan Ramadhana အမည်ရှိတဲ့အမျိုးသားက သူ့ရဲ့ Instagram page မှာ မျှဝေပြသခဲ့ပါတယ်။အဆိုပါဓာတ်ပုံက မြင်သူတိုင်းကို နွေးထွေးသွားစေသလို စိတ်မကောင်းလည်း ဖြစ်သွားစေခဲ့ပါတယ်။
အဆိုပါ မောင်နှမနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ netizen တစ်ယောက်က “ ဒီကောင်လေး ဘယ်မှာရောင်းနေလဲလို့ မေးနေတဲ့သူတွေအတွက် သူက Kolaka ပြည်နယ်ရဲ့ Top Swalayan စူပါမားကတ် ရှေ့မှာ သူ့ညီငယ်လေးနဲ့အတူ နေ့တိုင်း ပူစီဖောင်းနဲ့ maskတွေကို ရောင်းတာပါ ” လို့ comment မှာ မန့်ပေးခဲ့ပါတယ်။
အဆိုပါကောင်လေးက အသက်မွေးဝမ်းကျောင်းပြုနေစဉ် သင်ယူစေချင်တဲ့ ဆုံးဖြတ်ချက်နဲ့ ညီငယ်လေးကို စိတ်ရှည်သည်းခံစွာနဲ့ သင်ကြားပေးနေခဲ့ပြီး အထူးသဖြင့် ယောကျာ်းလေးတွေလည်း ခက်ခဲတဲ့အခြေအနေကနေ အကောင်းဆုံးလုပ်ဖို့ ဆန္ဒရှိနေကြတယ်ဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားစေခဲ့သလို အခုလို ကာလမှာ လူတိုင်းအတွက် အမှန်တစ်ကယ်စံပြတစ်ယောက်လိုဖြစ်နေခဲ့ပါတယ်။
‘အစ်ကိုကြီး အဖရာ’ ဆိုတဲ့အတိုင်း ကောင်လေးက သူ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံသားတွေလည်း ဝမ်းစာပူစီဖောင်းတွေကို ဝယ်ခြင်းအားဖြင့် အဆိုပါမောင်နှမအား ကူညီပေးကြလိမ့်မယ်လို့ အမှန်တကယ် မျှော်လင့်နေမိပါတယ်ဗျာ။
Credit : Mia (Mckzone Daily)
Zawgyi
ကလေးငယ်တွေက ပင်ကိုအားဖြင့် စပ်စုတတ်သူတွေပါ။ဆိုလိုတာက သူတို့ဟာ သူတို့ရဲ့အခြေအနေနဲ့နောက်ခံ ဘယ်လိုပင်ဖြစ်နေပါစေ ၎င်းတို့ဟာ အမြဲတမ်းသင်ယူဖို့ စိတ်နှလုံးတံခါးကိုဖွင့်ထားတတ်ကြပါတယ်။
ကောင်လေးတစ်ယောက်က အင်ဒိုနီးရှားနိုင်ငံရဲ့ လမ်းဘေးတစ်နေရာမှာ ပူစီဖောင်းတွေကို ရောင်းနေစဉ်အတွင်း ညီငယ်ဖြစ်သူကို စာဖတ်တတ်ဖို့ တကူးတက သင်ကြားပေးနေခဲ့ပုံကို Andi Rihpan Ramadhana အမည်ရှိတဲ့အမျိုးသားက သူ့ရဲ့ Instagram page မှာ မျှဝေပြသခဲ့ပါတယ်။အဆိုပါဓာတ်ပုံက မြင်သူတိုင်းကို နွေးထွေးသွားစေသလို စိတ်မကောင်းလည်း ဖြစ်သွားစေခဲ့ပါတယ်။