ကိုယ်အရမ်းချစ်ရတဲ့ကိုယ့်ချစ်သူအပေါ် လုံးဝမလုပ်သင့်တဲ့ အမှားများ…
တကယ်ချစ်ကြတဲ့ ချစ်သူစုံတွဲတွေကြားမှာ မမျှော်လင့်ဘဲ လမ်းခွဲဖို့ထိ ဖြစ်သွားစေတဲ့ အမှားတွေကို လုပ်မိတတ်ကြပါတယ်။ ဒါကြောင့် ဒီအမှားတွေကို မလုပ်မိအောင် အထူး သတိထားသင့်ပါတယ် …။
၁။ စိတ်ကောက်လွန်းခြင်း”
စိတ်ကောက်တာဟာ ချစ်သူဘဝရဲ့ပျော်ရွှင်စရာ Game လေးတစ်ခုလိုပါပဲ။ ဒါပေမယ့် Game Over မဖြစ်သွားဖို့တော့ လိုပါတယ်။ ချော့တက်တယ့်သူတွေအတွက် ပြဿနာ မရှိပေမယ့် မချော့တက်တဲ့ သူတွေအတွက် အဆိုးဆုံး ပြဿနာပါပဲ …။
စိတ်ကောက်ပါ။ ဒါပေမယ့် ချော့ရင် စိတ်ပြေပေးပါ။ တန်ဆေးလွန်ဘေးတဲ့။ မိုးရွာလို့ ပန်းတွေလန်းဆန်း ပေမယ့် မိုးများရင်လည်း ပန်းခင်းပျက်သွားတတ်ပါတယ် …
၂။ သဝန်တိုလွန်းအားခြင်း”
မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ သဝန် တိုတက်ကြပါတယ်။ သဝန်တိုတာ ဟာ အချစ်တဲ့။ မှန်သင့်သလောက်မှန်ပေမယ့် သဝန်တိုလွန်းတာဟာ မာနကို ထိပါးလာတတ်တာကို သတိပြုပါ …။
ကိုယ်ကျင့်သိက္ခာကို စော်ကားသလိုဖြစ်လာ တက်ပါတယ်။ ဆိုးတာ နွဲ့တာအပြစ်မဟုတ်ပေမယ့် စွပ်စွဲတာဟာ မယုံကြည်ခြင်းသက်သေပါပဲ …
၃။ မပွင့်လင်းခြင်း”
ချစ်သူတွေအဖြစ်က ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်မယ်ဆို ပွင့်လင်းဖို့လိုပါလိမ့်မယ်။ မပွင့်လင်းတာဟာ မရိုးသားတာပါပဲ။ မရိုးသားတာဟာ လိမ်ညာတာပါပဲ …
ဘဝခရီးက အရှည်ကြီးပါ။ ကိုယ့်စိတ်ဓာတ်အမှန်၊ ဘဝအမှန်၊ စရိုက်အမှန် ကို သူလက်ခံမှ ကိုယ်ကောလက်ခံမှ သက်ဆုံးတိုင်ဆိုတဲ့ စကားလုံး ဖြစ်လာမှာပါ …။
မစိုက်ခင်ကတည်းက ကိုယ်ပျိုးတဲ့အပင်ဟာ ကိုယ်နှစ်သက်တဲ့ အပင်ဖြစ်မှ အပင်ကော ကိုယ်ကော နှစ်ဘက်လုံး ကြည်နူးရမှာပါ။ နှင်းဆီစိုက်ပြီး စံပယ်ရနံ့ လိုချင်တဲ့အခါ ဆူးတွေဟာ ကိုယ့်အတွက် ဒဏ်ရာ ဖြစ်စေမှာပါပဲနော် …။
၎။ မရှက်ပါနဲ့”
အရှက်ကုန်ဖို့ ပြောတာမဟုတ်ပါဘူး။ ကိုယ်အစက တည်းက ရွေးချယ်တဲ့ ချစ်သူအပေါ် ကိုယ်ကျင့်တရားကိုတော့ ယုံပေးပါ …။
အနမ်းလေးတွေ ခိုးနမ်းလို့ ဒေါသတအား မထွက်ပြပါနဲ့။ ချစ်တယ်လို့ မကြာခဏပြောဖို့မရှက်ပါနဲ့။ နှစ်ယောက်တွဲသွားဖို့ မရှက်ပါနဲ့။ လူသိမှာ မရှက်ပါနဲ့ …
ဘယ်သူမဆို ကိုယ့်ချစ်သူကို မဏ္ဍပ်တိုင် တပ်ပြချင်တဲ့ သူတွေချည်းပါပဲ။ ဟင်းချိုချက်သလိုပေါ့ ဆားချည်းပဲလည်း မဖြစ်ဘူး အချိုမှုန့်လေးလဲပါမှ အရသာပြည့်စုံမှာပေါ့လေ …
၅။ အချိန်မပေးနိုင်ခြင်း”
ချစ်သူတွေပါ ဂရုစိုက်မူတော့လိုချင်ကြတာပေါ့။ ကမ္ဘာပျက်ရင်တောင် Miss Call လေးတခုတော့ ကိုယ့် အတွက် ပို့ပေးစေချင်ကြပါတယ် …
မအားဘူးဆိုတဲ့ အကြောင်းပြချက်က အဓိပ္ပါယ်မရှိသလို။ အိမ်က ပေးမထွက်လို့ ဆိုတဲ့စကားက မခိုင်လုံပါဘူး။ ဆက်သွယ်လို့ မရလို့ ဆိုတဲ့ စကားက ပိုဆိုးသွားပါပြီ …
အပြင်က ချစ်သူတွေဆို Sunday လို နေ့မျိုး Online က ချစ်သူတွေဆို ညဘက်သီးသန့် အချိန် ၁ နာရီပေးတာ မျိုးပေါ့။ လွယ်လွန်းအားကြီးတဲ့ အရာက ခက်နေတာပါ …
၆။ နားလည်မှု မရှိခြင်း”
ဖြည့်မတွေးတက်ခြင်းပါ။ နားလည်မှု မရှိတဲ့ ချစ်သူ ရထားတာဟာ ကိုယ်/စိတ်ဒုက္ခခံနေရသလိုပါပဲ။ အမြင်မတူတာဟာ လက်တွဲဖြုတ်ရခြင်းရဲ့အများဆုံး အချက်လို့ ပြောလို့တောင်ရပါတယ် …
ကိုယ်က သူ့ဘက်ကတွေးပေးပါ။ သူက ကိုယ့်ဘက်က ပြန်တွေးပေးပါလိမ့်မယ်။ ကိုယ့်ဘက်က ကြည့်တော့ ၉ သူ့ဘက်က ကြည့်တော့ ၆ တကယ်တော့ တစ်ဘက်တည်း မှာ နှစ်ယောက် ရပ်ဖို့ မေ့နေကြတာပါ …
၇။ မာန ထားလွန်းခြင်း”
ချစ်သူပါ အစေခံတစ်ယောက်မဟုတ်သလို ကိုယ်ရံတော် သက်သက်လည်းမဟုတ်ပါဘူး။ အမြဲတမ်း ကိုယ့် လက်အောက်မှာ နေဖို့မမျှော်လင့်ပါနဲ့ …
ချစ်သူသဘာဝ အပြုအမူတချို့ကိုတောင် ခွင့်မပေး…တန်လို့လား…ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လာတဲ့အခါ… ဘယ်လောက် အောက်ကျနောက်ကျချစ်နေပါစေ စိတ်ပျက်လက်လျော့ သွားတတ်ပါတယ် …
နတ်သမီးပုံပြင်ကို လူတိုင်းမက်ချင် ကြပါတယ်။ ဘဝတစ်လျှောက်လုံး အိပ်နေဖိ့တော့ ဘယ်သူမှ စိတ်ကူးမရှိပါဘူးနော် …
၈။ အပျော်အပျက်လုပ်ခြင်း”
လေးလေးနက်နက်မရှိတဲ့ လူတစ်ယောက်ကို ဘဝ လက်တွဲဖော်ဘယ်သူကရွေးပါ့မလဲ ချစ်သူက နောင်ရေး တိုင်ပင်တဲ့အခါ တည်တည်တံ့တံ့ ပြောပါ …
ဆွေးနွေးပေးပါ။ ရေထဲမှာ ညောင်ပင်စိုက်လို့မရပါဘူ….မြေသားဖြစ်မှ အရိပ် ကောင်းကောင်း အပင်ရမှာပါ …
၉။ ကတိဖောက်ဖျက်ခြင်း”
ကတိဆိုတာ သစ္စာနိဒါန်းပါ။ မမြင်ရတဲ့ စာချုပ်တစ်ခုပါပဲ။ ကတိမတည်တဲ့သူဟာ သစ္စာမရှိတဲ့သူပါပဲ။ ရေထဲမှာ အရုပ်ရေးပြရင်တော့ အနာဂါတ်က ခဏလေးနဲ့ ပျောက်သွားမှာပါ …
၁၀။ လမ်းခွဲဖို့ မကြာခဏပြောချင်း”
ဖြစ်နိုင်ရင် လုံးဝမပြောပါနဲ့။ ဘယ်လိုချစ်မယ် ဘယ်လို ရှေ့ဆက်မယ်ပဲပြောပါ။ စိတ်ထဲကပါမှ စကားလုံးဆိုတာ ထွက်ကျလာတာပါ …
မတော်တဆပဲဖြစ်ဖြစ် ရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် ကြွေပန်းကန်က လွတ်ကျရင် ကွဲတာပဲ …
၁၁။ တစ်ကိုယ်ကောင်း ဆန်တက်ခြင်း”
တောင်တက် ပုံပြင်လိုပါပဲ၊ ချစ်သူတွေတောင်ပေါ်တက်တဲ့ အခါ ခရီးကပမ်းလာပြီး တစ်ကိုယ်ကောင်းဆန်လာ ကြပါတယ် …။
ဒါကြောင့် တောင်ပေါ်ကပြန်ဆင်းသွားတဲ့အခါ ချစ်သူနှစ်ယောက် စိတ်ဓာတ်အမှန်သိပြီး လမ်းခွဲသွားကြပါတယ် …
သူငယ်ချင်းနှစ်ယောက် တောင်တက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ဖေးကူ ထူမ နားလည်မှု ရသွားတဲ့အခါ တောင်ပေါ်ကပြန်ဆင်းလာတဲ့အခါ သူတို့ဟာ အချစ်ဆုံးတွေ ဖြစ်သွားကြပါတယ် …
ချစ်သူနှစ်ယောက် တောင်တက်တယ်။ တစ်ဦးနဲ့ တစ်ဦး ဖေးကူတယ်။ တစ်ဦးအပေါ်တစ်ဦး ကူညီတယ်။ တောင်တက်လမ်းက ကြမ်းလေ သစ္စာတရားက ခိုင်မြဲလေပါပဲ …
သူတို့ချစ်သူနှစ်ဦး တောင်ပေါ်က ပြန်ဆင်း လာတဲ့အခါ… သိကြားမင်းဖြတ်တောင် မပြတ်တဲ့ ချစ်သူတွေ ဖြစ်သွားကော …။
ချစ်သူတိုင်း အဆင်ပြေကြပါစေ……အချစ်စစ်များ ပန်းဝင်နိုင်ကြပါစေနော် …
Credit