ကိုကြီး…သား ပစ္စည်းလေးတွေ…ပြန်ကိုင်ချင်တယ်
နမည်က မောင်ပြည့်ဖြိုးအောင်အသက်(၂၁)နှစ်…
လွန်ခဲ့သော (၁၀)နှစ်ခန့်… ကောင်လေး (၁၁)နှစ် အရွယ်…
ရန်ကုန်မြို့ လက်ဖက်ရည်ဆိုင် တခုမှာ စားပွဲထိုးလုပ်ရင်း…ကြံရည်စက်ထဲ လက်ညှပ်ခဲ့ရတယ်
ဆိုင်ပိုင်ရှင်မှ ဆေးရုံကြီးသို့ ပို့ပေးခဲ့ပြီ…တာဝန်ယူမှု မရှိပဲ…(၁၁)နှစ်ကလေးအား ဆေးရုံတွင် ပစ်ထားခဲ့တယ်
ရွာသို့ ပြန်ရောက်…အဖေက ဆုံး…လောကဓံရဲ့ ရိုက်ချက်ကို အတော်ခံခဲ့ရတဲ့ ကောင်လေး
ကျန်ခဲ့တဲ့ အမေ နှင့် ညီမလေး(၂)ယောက်တွက်…လက်တဖက်မရှိပေမဲ့…ဆန်အိတ်ထမ်းပြီ ရှာကျွေးခဲ့တယ်
`ကိုကြီး…သား ခု ကိုကြီးကို ဆန် (၂)အိတ်အသာလေး ထမ်းပြလို့ရတယ်…မယုံရင် စမ်းပြရမလား ‘
ယုံပါတယ် ညီလေးရေ…ငါ့ညီ စိတ်လေးကို လေးစားပါတယ်
ရွာမှာ လုပ်ကိုင်ရှာဖွေရတာ အဆင်မပြေတော့…ရန်ကုန်သို့ တခေါက် ပြန်ရောက်လာခဲ့တယ်
ခု…တည်းခိုးခန်းလေး တခုမှာ တလ (၄)သောင်းနဲ့ …ဧည့်ကြိုလေး လုပ်နေရှာတယ် (ရသမျှ အမေနဲ့ညီမလေးဆီ ပို့တယ်တဲ့)
ခုလဲ ကိုယ့်ဘာသာ ချက်စားဖို့ စျေးဝယ်ရင်း…စျေးဆိုင်မှ မိတ်ဆွေ တဦးမှ ကျနော်အား ကူညီတောင်းပေးတယ်
သွားရောက်ခဲ့တော့…
`ကိုကြီး…သားကို လက်အတုလေး လုပ်ပေးပါလား…သား ပစ္စည်းလေးတွေ ကိုင်လို့ရရင် ကျေနပ်ပါပြီ ‘
သားက ဘာလို့ လက်အတု လုပ်ချင်ရတာလဲ ??
`သား ခုထပ်ပိုပြီ…အမေနဲ့ ညီမလေး(၂)ယောက်ကို ရှာကျွေးချင်တယ်’
`သား လက်လေး ရလာပြီဆို…လက်(၂)ဖက် ဖြစ်သွားပြီလေ…သားပိုပြီ အလုပ်လုပ်နိုင်တော့မယ်
အင်းပါ…ကိုကြီး သားကို လက်လေး လုပ်ပေးပါ့မယ်…သားနဲ့တူတူ ဆေးခန်း သွားပြကြတာပေါ့နော်
`ကျေးဇူးတင်လိုက်တာ ကိုကြီးရယ်…သား ပစ္စည်းလေးတွေ ပြန်ကိုင်လို့ရပြီပေါ့နော် ‘
ဒါပေါ့ သားရယ်…သား အမေနဲ့ညီမလေးတွေ ခုထပ်ပိုပြီ ရှာကျွေးနိုင်ပြီပေါ့
သား ရန်ကုန် ဘယ်ချိန်က ပြန်ရောက်လဲ??
ကိုဗစ် မဖြစ်ခင်ကပါ ကိုကြီး…
အဝတ်အစားတွေနဲ့ နေတာက အဲ့မှာပဲပေါ့ ဟုတ်လား ??
ဟုတ်တယ် ကိုကြီး…သားမှာက အဝတ်စားက (၄)ထည်ပဲ ရှိတာ…ခု အဲ့ (၄)ထည်ပဲ ဝတ်နေတာ (အင်္ကျီလေးတွေက အနံ့လေးတွေတောင် ထွက်နေတယ် )
သား အင်္ကျီအသစ်လိုချင်လား??
လိုချင်တာပေါ့ ကိုကြီးရယ်..မဝယ်နိုင်ဘူးလေ…ရတာအကုန် သား ရွာပို့တာ
အေးကွာ…လိုချင်တယ်ဆို အအေးကုန်အောင်သောက်…ကုန်တိုက်သွားမယ် ကိုကြီး ဝယ်ပေးမယ်ကွာ
ဟုတ် ကိုကြီး (အတော် ပျော်နေရှာတယ်)
ရောက်တော့…သားကို ဖိနပ်လေး တရံပါ ဝယ်ပေးပါလား ကိုကြီး…သား ဖိနပ်က ပြတ်နေပြီ
ဟုတ်ပြီ…သား လိုချင်တာ ရွေးနော်…စျေးကြီးလဲ ဝယ်ပေးမယ်နော်…
ကျေးဇူးတင်လိုက်တာ ကိုကြီးရယ်ဆိုပြီ…
ကောင်လေး လက်အတုက သိန်း (၂၀) နှင့် (၃၀)ကြား ကုန်ကျစရိတ်ရှိတယ်ဟု သိရပါတယ်
မနက်ဖြန် ဆေးရုံပြပါမယ်…လက်က ချုပ်ရိုးတွေကလဲ ပြဲနေပါတယ်
•မသန်ပေမဲ့…ဘဝကို အရှုံးမပေးပဲ…မိဘကို ရအောင် လုပ်ကျွေးမဲ့ ကလေးတွက်…ကျနော်တို့ ရအောင် ကူညီပေးသွားမှာပါ
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
#ကိုပူတူးနှင့်ဘော်ဒါများ
☎ 09-5408437