ၾကားသိရသမွ်

အာစနီ မုန်တိုင်းအရှိန် ပြင်းလာသောကြောင့် ပြည်သူလူထုကို နစကမှ ထုတ်ပြန်လာတဲ့ နှစ် ၁၀၀ တည်တံ့စေမဲ့ အရေးကြီး သတိပေးစာ

မဂ်လာပါ ပရိတ်သတ်ကြီးရေ

အာစနီ မုန်တိုင်းအရှိန် ပြင်းလာသောကြောင့် ပြည်သူလူထုကို နစကမှ ထုတ်ပြန်လာတဲ့ နှစ် ၁၀၀ တည်တံ့စေမဲ့ အရေးကြီး သတိပေးစာ

မုန်တိုင်းကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ချိန် စက်သုံးဆီလိုအပ်ပါက ထုတ်ယူသုံးစွဲနိုင်ဖို့ Terminal နဲ့ အရောင်းဆိုင်တွေမှာ ဆီအပြည့်ဖြည့်ထားဖို့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက စက်သုံးဆီလုပ်ငန်းရှင်တွေကို နှိုးဆော်ထားပါတယ်။

ဆီအတင်အချပြုလုပ်တဲ့ လုပ်ငန်းတွေကို မုန်တိုင်းမဝင်ခင် အပြီးပြုလုပ်ထားဖို့၊ လမ်းခရီးပို့ဆောင်ဆဲ Tanker/ရေယာဉ်ဆီတွဲတွေကို မုန်တိုင်းမဝင်ခင် ကျောက်ချရပ်နားနိုင်အောင် ကြိုတင်ပြင်ဆင်ဖို့၊ လျှပ်စီးလက် မိုးကြိုးပစ်နေချိန်မှာ ဆီဖြည့်တင်းနေတာ ချက်ချင်းရပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

အဲဒီသတိပေးချက်ကို မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နိုင်တဲ့ ရန်ကုန်၊ ဧရာဝတီနဲ့ ရခိုင်ပြည်နယ်တို့မှာ အထူးလိုက်နာကြဖို့နဲ့ ကျန် တိုင်းနဲ့ ပြည်နယ်တွေက ကြီးကြပ်ရေးအရာရှိတွေအနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို ဆက်လက်မှာကြားအသိပေးဖို့ ညွှန်ကြားထားတာပါ။

မုန်တိုင်းငယ်ဟာ မတ်လ ၂၁ ရက် ဒီနေ့ နေ့လယ်ပိုင်း ကိုကိုးကျွန်းအနီးသို့ ရောက်ရှိနိုင်တယ်၊ မတ်လ ၂၂ ရက် မနက်ဖြန်မနက် ဟိုင်းကြီးကျွန်းအနီးကို ရောက်ရှိနိုင်ပြီး ဧရာဝတီတိုင်းနဲ့ ရန်ကုန် တိုင်းမှာအမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

မတ် ၂၃ ရက်မှာတော့ ရခိုင်ကမ်းရိုးတန်းကို ရောက်ရှိနိုင်ပြီးအမြင့် ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။မုန်တိုင်း “အာစနီ”ဟာ နာရီပိုင်းအတွင်း ဝင်ရောက်ဖို့ရှိပြီး မုန်တိုင်းဖြတ်ကျော် ဝင်ရောက်နိုင်တဲ့ဒေသရှိ ပြည်သူတွေ သတိထားပြင်ဆင်ထားရမယ့်အချက်တွေကို NUG အစိုးရကလည်း အသိပေး ကြေညာထားပါတယ်။