ဘောစိမမတယောက် သူ့မရဲ့လေးဆယ့်ငါးနှစ်ပြည့်မွေးနေ့မှာအလှပြင်ဆိုင်ကိုသွားပြီး မျက်နှာပေါ်က အရေးအကြောင်းတွေကို ဖယ်ရှားပြစ်လိုက်တယ်။
ပိုက်ဆံတော်တော်ကုန်သွားပေမဲ့ မှန်ထဲမှာမြင်နေရတဲ့ သူမရဲ့နုပျိုနေတဲ့ မျက်နှာလေးကိုတွေ့တော့ ေကျနပ်ပြီးပြုံးနေတယ်။ ရုပ်ကနုပျိုသွားတော့ သူမရဲ့စိတ်ကလည်း လန်းဆန်းတက်ကြွလာပြီး အိမ်ပြန်လမ်တလျှောက်လုံးမှာ သူမရဲ့ဟန်ပန်အမူအရာတွေက တကယ့်ကိုဖျက်လတ် သွက်လတ်နေတာပါ။
မိမိကိုယ်ကို ယုံကြည်မှု့မြင့်မားလာခြင်းနဲ့အတူ တပါးသူတွေရော သူမအပေါ်ဘယ်လိုမြင်လဲဆိုတာ သိချင်လာတယ်။ အာ့နဲ့ဖိနပ်ဆိုင်ထဲဝင်သွားပြီး ဖိနပ်တရံဝယ်ယူပြီးတဲ့နောက်မှာ အရောင်းဝန်ထမ်းကောင်လေးကိုမေးလိုက်တယ်။
” ဟိတ်မမတခုမေးရင် မောင်လေးစိတ်မဆိုးဘူးထင်တယ်” ” မမအသက်ဘယ်လောက်ရှိလဲသိလား ” ” ၃၂ လောက်တော့ရှိမယ်ထင်တယ်မမ ” ” အိုမဟုတ်ပါဘူးမောင်လေးရယ်” ” ဘာပဲဖြစ်ဖြစ် ကျေးဇူးပါနော်မွမွ ” ဆိုင်ထဲကထွက်လာချိန်မှာတော့ သူမဟာပီတိနဲ့အတူတိမ်တွေကိုစီးမျောနေရသလိုပါ။
နောက်ထပ် KFC ဆိုင်ထဲကိုဝင်လိုက်တယ်။ ကောင်တာကကောင်မလေးကို သူ့အသက်ကို ခန့်မှန်းခိုင်းပြန်တယ်။ ” ၃၀ တော့ရှိမယ်ထင်တယ်မမ ” ” မဟုတ်ပါဘူး ညီမလေးရယ် ” ” မမဒီနေ့ပဲ အသက် ၄၅ နှစ်ပြည့်တယ်လေ ”။
” အိုးမယုံနိုင်စရာပဲနော်မမ ” ” ကျေးဇူးပါညီမလေးရယ် ” KFC ဆိုင်ထဲကထွက်လာချိန်မှာ ဘောစိမမစဉ်းစားလိုက်တယ်။အသက်အရွယ်ပေါင်းစုံကလူတွေ သူ့ရဲ့နုပျိုမှု့အပေါ် ဘယ်လိုမြင်လဲဆိုတာ သိချင်စိတ်ပြင်းပြလာလို့ ဒီနေ့တော့ လိုင်းကားစီးကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
အဲ့ဒါနဲ့ပထမဆုံးတွေ့တဲ့ လိုင်းကားပေါ်တက်လာခဲ့တယ်။ ဘေးနားမှာရပ်နေတဲ့ အဘိုးအိုကိုမေးလိုက်တယ်။ အဲ့ဒီမေးခွန်းကိုပဲပေ
အဘိုးအိုကဘာပြောလဲဆိုတော့ ” ဒီမှာအမျိုးသမီး ငါ့အသက် ၇၈ နှစ်ရှိပြီ ” ” အမြင်အာရုံတွေလည်းမွဲနေပြီ ” ” ဒါပေမဲ့ ငါငယ်ငယ်တုန်းကနေခုချိန်ထိ အမျိုးသမီးတွေရဲ့ အသက်ကို တိတိကျကျမလွဲအောင် ပြောနိုင်တဲ့နည်းလမ်းတခု ငါ့မှာရှိတယ် ”
” ငါစည်းကျော်ပြီးပြောတယ်လို့တော့မထင်ပါနဲ့ မင်းရဲ့ရင်သားကိုသာ ငါကိုင်တွယ်စမ်းသပ်ခွင့်ရမယ်ဆိုရင် မင်းအသက်ကို ငါအတိအကျပြောနိုင်တယ် ”။
ဘောစိမမလည်း ခဏတော့ဆွံ့အသွားတယ်။ ဒါပေမဲ့လည်း ဒီအဖိုးကြီးနည်းလမ်းကဘာလဲ သူဘယ်လိုဖြေမှာလဲဆိုတာကို
မိန်းမပီပီအရမ်းကို သိချင်စိတ်ကပြင်းထန်နေတော့ သဘောတူဖို့ ခေါင်းညိတ်လိုက်တယ်။
” ကောင်းပြီလေစမ်းကြည့်ပေါ့ ” အနည်းငယ်ကွယ်ပြီး သူမရဲ့ဘလောက်စ်အင်္ကျီကို နည်းနည်းဟပေးလိုက်တယ်။ အဖိုးအိုက မတ်မတ်ရဲ့ရင်သားနှစ်ဖက်ကို ဆုပ်နှယ်လိုက် ပွတ်သက်လိုက်လုပ်နေတာ။ အချိန်နည်းနည်းကြာလာတော့ အမျိုးသမီးက စိတ်မရှည်တော့ဘူး။
” ဒီမယ်အဖိုးကြီး ကျွန်မအသက်ဘယ်လောက်ရှိပြီလဲ ” အဖိုးအိုက ဖွဖွလေးတချက်ဆုပ်နယ်လိုက်ပြီး သူ့လက်ကိုပြန်ထုတ်ကာ ပိုငိပိုင်နိုင်နိုင်ပြောလိုက်တယ်။
” မင်းအသက်ဒီနေ့ပဲ ၄၅ နှစ်ပြည့်တယ် ” ” အိုး ” ” မယုံနိုင်စရာပဲ မယုံနိုင်စရာပဲ ” ” ဘာဖြစ်လို့ ဒီလိုအတိအကျပြောနိုင်ရတာလဲ ” ” ကျွန်မရင်သားနဲ့ ဘယ်လိုပက်သက်နေလို့လဲ ” မတ်မတ်မျက်လုံးကြီးပြူးနေပြီး တကယ်ကိုအံ့သြနေဟန်နဲ့မေးခွန်းတွေတရစပ်ကိုမးနေတယ်။
အဘိုးအိုကတော့ တည်တည်ငြိမ်င်ြမ်ပါပဲ ” ဘာကြောင့်ဆိုတာ ငါဖြေလိုက်ရင် မင်းစိတ်မဆိုးပါဘူးလို့ ကတိပေးနိုင်မလား ” ” ပေးတယ်ပေးတယ် ” “ဘာကြောင့်ဆိုတာပြောပြပါ ” ” ဘာကြောင့်လဲဆိုတော့ ” ” KFC ဆိုင်ထဲမှာတုန်းက မင်းအနောက်မှာ ငါတန်းစီနေတာလေ ” ရယ်မောခြင်ဖြင့် ပျော်ရွှင်ကြပါစေ။
Credit