တီဗွီ ဖွင့်ထားပေးပါ
ကျွန်တော့်အမေမှာ အကျင့်တစ်ခုရှိပါတယ်
TV ကို ၂၄နာရီ ဖွင့်ထားတတ်တာပါ ။
ထိုင်ကြည့်နေတာမျိုးမဟုတ်ဘဲနဲ့ ဖွင့်ထားပြီး လုပ်စရာရှိတာကို လုပ်နေတာမျိုးပါ ။

ကျွန်တော်အိမ်ရောက်တဲ့အခါ ကြည့်မယ့်သူမရှိဘဲ ဖွင့်ထားတာမို့ ကျွန်တော်က ပိတ် ,အမေက ပြန်ဖွင့်နဲ့ မကြာခဏ စကားများလေ့ရှိပါတယ်…
အဲဒါနဲ့ ပတ်သတ်ပြီးနောက်ဆုံး အမေ ပြောနေကျက…
“နင် တို့နားမလည်ပါဘူး” တဲ့ …
ကျွန်တော်အဲဒီတုန်းကတကယ်နားမလည်ခဲ့တာပါ ..
တစ်ရက် …ကိစ္စတစ်ခုနဲ့ တစ်ယောက်ထဲ ခရီးထွက်ဖြစ်တယ်မိုင် (၄၀၀) လောက်ဝေးတဲ့ခရီးကို အသွားမှာ မောင်းနေတုန်းကဘာမှမဖြစ်ပေမယ့် အပြန်ခရီးမှာတော့ တစ်ယောက်ထဲ ကားမောင်းရတာဟာ သိပ်ငြီးငွေ့လာပါတယ် ။
အပျင်းပြေလို ပြေငြား ပီကေဝါးပေမယ့်လည်း ကားမောင်းနေရတာဟာသိပ်အထီးကျန်လွန်းပါတယ် ။
နောက်ဆုံး FM တွေဖွင့်တယ်။ဟုတ်တယ် ။ FM က ဘာနေနေ ဘာသီချင်းသံပဲလာလာ
အနည်းဆုံး လူတစ်ယောက် အသံကြားနေရတယ် ကိုယ်တစ်ယောက်ထဲ အထီးကျန်သလိုဖြစ်နေတယ်လို့မခံစားရတော့ဘူး ။
FM က ဘာပဲလာလာ ကျွန်တော့်အတွက် အရေးမကြီးဘူး ။
ဘယ်လို အသံပဲထွက်နေနေ အနည်းဆုံး ကျွန်တော့်မှာ အဖော် ရှိတယ်လို့ ခံစားစေရတယ် ။တွေးမိ စဉ်းစားနေရင်းကျွန်တော့် စိတ်ထဲမှာ ဖျတ်ခနဲ တစ်ယောက်ယောက်ကို အပြေးအလွှား သတိရသွားမိတယ် . .
အ မေ !!!မိုင်ပေါင်း ၄၀၀ လောက်လေးကို တစ်ယောက်ထဲ ဖြတ်နေရတဲ့ ကျွန်တော်လို လူလတ်ပိုင်းအရွယ်တောင် ငြီးငွေ့အထီးကျန်လွန်းနေရင်
နှစ်ပေါင်းများစွာ အိမ်ထဲမှာ တစ်ယောက်ထဲ နေရှာတဲ့ အသက် ၇၀ ကျော်အမေဟာ
ဘယ်လောက်များ အထီးကျန်ရှာ လိမ့်မလဲ ???
TV ကစကားသံတွေနားထောင်ပြီး အ၀တ်တွေလျှော်နေတဲ့TV က ကြော်ငြာသံတွေကြားပြီးတံမြတ်စည်းတွေ လှည်းနေတဲ့TV က ဟာသ တွေ ကြည့်ပြီး မှ ရယ်နေတဲ့ အမေ
TV က …TV ထဲက …အမေရယ် …ဘယ်အချိန်ကတည်းကဘယ်လောက်တောင်
အထီးကျန်ဖြစ်နေခဲ့တာလဲ အမေရယ်.
Credit..



