Tik Tok သည် ၂၀၂၁၊ပထမနှစ်ဝက်(ဇန်နဝါရီ ၁ ရက်မှ ဇွန်လ ၃၀ရက်ထိ)အတွင်း လမ်းညွှန်ချက်ချိုးဖောက်တဲ့ မြန်မာနိုင်ငံမှအကောင့်
ပေါင်း ၉၂,၀၅၅ နဲ့ ဗွီဒီယိုပေါင်း ၈၇၉,၆၅၀ ကို ဖယ် ရှားခဲ့တယ်လို့ ဆိုပါတယ်။

ဖယ်ရှားခဲ့သည့် ဗွီဒီယိုတွေမှ ၉၇.၉%ကို မည်သည့်သတင်းပေးပို့ချက်မှ မရရှိခင် Tik Tok မှ ကြိုတင်ဖော်ထုတ်ကာ ဖယ်ရှားခဲ့တယ်လို့ ဆိုပါ
တယ်။
ဗွီဒီယိုရဲ့ ၉၀.၃% ကို မည်သူမျှမကြည့်ခင် ဖယ် ရှားနိုင်ခဲ့ပြီး ၉၃.၉%ကိုတော့ ပို့စ်တင်ပြီး ၂၄နာ ရီအတွင်း ဖယ်ရှားခဲ့တယ်လို့ Tik Tok က
ပြော ပါတယ်။

ဖယ်ရှားလိုက်တဲ့ ဗီဒီယိုတွေထဲမှ ၆.၆% ဟာ အကြမ်းဖက်အစွန်းရောက် ဝါဒကို ဆန့်ကျင်တဲ့ Tik Tok ရဲ့ မူဝါဒကို ချိုးဖောက်ခဲ့တယ်လို့ ဆို
ပါတယ်။၎င်းဗွီဒီယိုတွေရဲ့ ၉၂.၅%ကို ပို့စ်တင်ပြီး၂၄နာရီအတွင်း ဖယ်ရှားနိုင်ခဲ့ပြီး ၉၇.၁%ကိုတော့ အစီရင်ခံစာတွေ မရသေးခင်မှာပဲ ဖယ်
ရှားခဲ့တယ်လို့ ပြောပါတယ်။

၁၂.၉%သော ဗွီဒီယိုတွေဟာ ကြမ်းတမ်းပြီး အမြင်မတော်တဲ့ အကြောင်းအရာတွေကို ဆန့်ကျင်သည့် Tik Tokရဲ့ မူဝါဒကို ချိုးဖောက်ခဲ့ပြီး
၎င်းဗွီဒီယိုတွေရဲ့ ၉၄.၉% ကို ပို့စ်တင်ပြီး ၂၄နာ ရီအတွင်းဖယ်ရှားခဲ့ကာ ၉၉.၁%ကိုတော့ မည် သည့်အစီရင်ခံစာမှ မရသေးချိန်မှာ ဖယ်ရှားခဲ့
တယ်လို့ Tik Tok က ဆိုပါတယ်။

ဝ.၄၄% သော ဗွီဒီယိုတွေဟာ အမုန်းပွါးဖွယ်အပြုအမူများဆိုင်ရာ Tik Tok ရဲ့မူဝါဒကို ချိုးဖောက်ခဲ့ပြီ း၎င်းဗွီဒီယိုတွေရဲ့ ၈၁.ဝ%ကို ပို့စ်
တင်ပြီး ၂၄နာရီအတွင်းဖယ်ရှားခဲ့ကာ ၇၆.၃%ကိုတော့ အစီရင်ခံစာတွေမရရှိသေးခင်မှာပဲ ဖယ် ရှားခဲ့တယ်လို့ ဆိုပါတယ်။
၁.၁%သော ဗွီဒီယိုတွေဟာ အတုအယောင် ပတ် သက်ဆက်ဆံမှု၊အယောင်ဆောင်ခြင်းနှင့် အန္တရာယ်ရှိသော (သို့)ထိခိုက်နစ်နာစေသည့်
သတင်းမှားများကို ဆန့်ကျင်သည့် Tik Tok ရဲ့ မူဝါဒကို ချိုးဖောက်ခဲ့ပြီး၎င်းဗွီဒီယိုတွေရဲ့ ၈၃.၇% ကို ပို့စ်တင်ပြီး ၂၄ နာရီအတွင်း ဖယ်ရှားခဲ့
ကာ ၉၃.ဝ% ကို အစီရင်ခံစာတွေ မရရှိသေးခင်မှာပဲ Tik Tok က ဖယ်ရှားခဲ့ပါတယ်။

၃၅.ဝ%သော အကြောင်းအရာတွေဟာTik Tok ရဲ့ အသက်မပြည့်သေးသူတွေအတွက် ဘေးကင်းရေးမူဝါဒတွေကို ချိုးဖောက်ခဲ့ပြီး၎င်းဗွီဒီ
ယိုတွေရဲ့ ၉၉.၃%ကို ပို့စ်တင်ပြီး ၂၄နာရီအတွင်း ဖယ်ရှားခဲ့ကာ ၉၉.၉%ကိုတော့ အစီရင်ခံစာတွေမရရှိသေးခင်မှာ ဖယ်ရှားခဲ့တယ်လို့ Tik
Tok က ပြောပါတယ်။
ဒါ့အပြင် Tik Tokသည် မည့်သည့်ကြောင်းအရာနှင့် ပတ်သက်၍မဆို အစီအစဉ်တကျ ဆောင်ရွက်ထားပြီး မမှန်ကန်သည့်လုပ်ဆောင်ချက်
များကို ဆန့်ကျင်သည့် တင်းကျပ်သော ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

လူတစ်ဦးချင်းစီနှင့် လူမှုအသိုင်းအဝိုင်းကို အထင်မှားစေသည့် လုပ်ဆောင်မှုများနှင့် လူထုအမြင်ကို လှည့်ဖြားရန် ကြိုးပမ်းလုပ်ဆောင်ချက်
များကို Tik Tok ပေါ်တွင် တင်ခွင့်မပြုပါလို့လည်း ပြောထားပါတယ်။
“လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များကို ချိုးဖောက်သည့် အကြောင်းအရာများကို အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ဖယ်ရှားရန်၊ လူမှု
အသိုင်းအဝိုင်းလမ်းညွှန်ချက်များကို ချိုးဖောက်သည့်အကောင့်များကိုအချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ပိတ်ပင်ရန်နှင့် စိုးရိမ်ဖွယ်ရာခေတ်
ရေစီးကြောင်းအသစ်များကိုရှာဖွေရန် TikTok သည် ယုံကြည်စိတ်ချရသောအချက်အလက် စစ်ဆေးအကဲဖြတ်သည့် အဖွဲ့အစည်းများနှင့်
ပူးပေါင်းကြပ်မတ်ဆောင်ရွက်လျက်ရှိသည်” လို့လည်း ပြောထားပါတယ်။
Zawgyi
Tik Tok သည် ၂၀၂၁၊ပထမနှစ်ဝက်(ဇန်နဝါရီ ၁ ရက်မှ ဇွန်လ ၃၀ရက်ထိ)အတွင်း လမ်းညွှန်ချက်ချိုးဖောက်တဲ့ မြန်မာနိုင်ငံမှအကောင့်ပေါင်း ၉၂,၀၅၅ နဲ့ ဗွီဒီယိုပေါင်း ၈၇၉,၆၅၀ ကို ဖယ် ရှားခဲ့တယ်လို့ ဆိုပါတယ်။
ဖယ်ရှားခဲ့သည့် ဗွီဒီယိုတွေမှ ၉၇.၉%ကို မည်သည့်သတင်းပေးပို့ချက်မှ မရရှိခင် Tik Tok မှ ကြိုတင်ဖော်ထုတ်ကာ ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။
ဗွီဒီယိုရဲ့ ၉၀.၃% ကို မည်သူမျှမကြည့်ခင် ဖယ် ရှားနိုင်ခဲ့ပြီး ၉၃.၉%ကိုတော့ ပို့စ်တင်ပြီး ၂၄နာ ရီအတွင်း ဖယ်ရှားခဲ့တယ်လို့ Tik Tok က ပြော ပါတယ်။
ဖယ်ရှားလိုက်တဲ့ ဗီဒီယိုတွေထဲမှ ၆.၆% ဟာ အကြမ်းဖက်အစွန်းရောက် ဝါဒကို ဆန့်ကျင်တဲ့ Tik Tok ရဲ့ မူဝါဒကို ချိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။၎င်းဗွီဒီယိုတွေရဲ့ ၉၂.၅%ကို ပို့စ်တင်ပြီး၂၄နာရီအတွင်း ဖယ်ရှားနိုင်ခဲ့ပြီး ၉၇.၁%ကိုတော့ အစီရင်ခံစာတွေ မရသေးခင်မှာပဲ ဖယ် ရှားခဲ့တယ်လို့ ပြောပါတယ်။
၁၂.၉%သော ဗွီဒီယိုတွေဟာ ကြမ်းတမ်းပြီး အမြင်မတော်တဲ့ အကြောင်းအရာတွေကို ဆန့်ကျင်သည့် Tik Tokရဲ့ မူဝါဒကို ချိုးဖောက်ခဲ့ပြီး ၎င်းဗွီဒီယိုတွေရဲ့ ၉၄.၉% ကို ပို့စ်တင်ပြီး ၂၄နာ ရီအတွင်းဖယ်ရှားခဲ့ကာ ၉၉.၁%ကိုတော့ မည် သည့်အစီရင်ခံစာမှ မရသေးချိန်မှာ ဖယ်ရှားခဲ့တယ်လို့ Tik Tok က ဆိုပါတယ်။
ဝ.၄၄% သော ဗွီဒီယိုတွေဟာ အမုန်းပွါးဖွယ်အပြုအမူများဆိုင်ရာ Tik Tok ရဲ့မူဝါဒကို ချိုးဖောက်ခဲ့ပြီ း၎င်းဗွီဒီယိုတွေရဲ့ ၈၁.ဝ%ကို ပို့စ်တင်ပြီး ၂၄နာရီအတွင်းဖယ်ရှားခဲ့ကာ ၇၆.၃%ကိုတော့ အစီရင်ခံစာတွေမရရှိသေးခင်မှာပဲ ဖယ် ရှားခဲ့တယ်လို့ ဆိုပါတယ်။
၁.၁%သော ဗွီဒီယိုတွေဟာ အတုအယောင် ပတ် သက်ဆက်ဆံမှု၊အယောင်ဆောင်ခြင်းနှင့် အန္တရာယ်ရှိသော (သို့)ထိခိုက်နစ်နာစေသည့် သတင်းမှားများကို ဆန့်ကျင်သည့် Tik Tok ရဲ့ မူဝါဒကို ချိုးဖောက်ခဲ့ပြီး၎င်းဗွီဒီယိုတွေရဲ့ ၈၃.၇% ကို ပို့စ်တင်ပြီး ၂၄ နာရီအတွင်း ဖယ်ရှားခဲ့ကာ ၉၃.ဝ% ကို အစီရင်ခံစာတွေ မရရှိသေးခင်မှာပဲ Tik Tok က ဖယ်ရှားခဲ့ပါတယ်။
၃၅.ဝ%သော အကြောင်းအရာတွေဟာTik Tok ရဲ့ အသက်မပြည့်သေးသူတွေအတွက် ဘေးကင်းရေးမူဝါဒတွေကို ချိုးဖောက်ခဲ့ပြီး၎င်းဗွီဒီယိုတွေရဲ့ ၉၉.၃%ကို ပို့စ်တင်ပြီး ၂၄နာရီအတွင်း ဖယ်ရှားခဲ့ကာ ၉၉.၉%ကိုတော့ အစီရင်ခံစာတွေမရရှိသေးခင်မှာ ဖယ်ရှားခဲ့တယ်လို့ Tik Tok က ပြောပါတယ်။
ဒါ့အပြင် Tik Tokသည် မည့်သည့်ကြောင်းအရာနှင့် ပတ်သက်၍မဆို အစီအစဉ်တကျ ဆောင်ရွက်ထားပြီး မမှန်ကန်သည့်လုပ်ဆောင်ချက်များကို ဆန့်ကျင်သည့် တင်းကျပ်သော ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
လူတစ်ဦးချင်းစီနှင့် လူမှုအသိုင်းအဝိုင်းကို အထင်မှားစေသည့် လုပ်ဆောင်မှုများနှင့် လူထုအမြင်ကို လှည့်ဖြားရန် ကြိုးပမ်းလုပ်ဆောင်ချက်များကို Tik Tok ပေါ်တွင် တင်ခွင့်မပြုပါလို့လည်း ပြောထားပါတယ်။
“လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များကို ချိုးဖောက်သည့် အကြောင်းအရာများကို အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ဖယ်ရှားရန်၊ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များကို ချိုးဖောက်သည့်အကောင့်များကိုအချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ပိတ်ပင်ရန်နှင့် စိုးရိမ်ဖွယ်ရာခေတ်ရေစီးကြောင်းအသစ်များကိုရှာဖွေရန် TikTok သည် ယုံကြည်စိတ်ချရသောအချက်အလက် စစ်ဆေးအကဲဖြတ်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းကြပ်မတ်ဆောင်ရွက်လျက်ရှိသည်” လို့လည်း ပြောထားပါတယ်။



