ၾကားသိရသမွ်

Mobile Legends ကစားခြင်းကို အနှစ် ၃၀ ကြာအထိအဘမ်းခံလိုက်ရလို့ ရှိုက်ကြီးတငင်နဲ့ငိုကြွေးနေခဲ့တဲ့ ကောင်လေး

မင်းအကြိုက်ဆုံးဂိမ်းတွေကို နှစ်ပေါင်း ၃၀ ကြာကစားခွင့်ပိတ်ပင်ခံရပြီး သင်ဘာလို့ဖြစ်သွားမလဲဆိုတာကို သင်စိတ်ကူးကြည့်ဖူးပါသလား။ ဤဖိလစ်ပိုင်ကောင်လေးအတွက် ၎င်းက အဖြစ်မှန်ဖြစ်ပြီး သူဟာ လက်မခံနိုင်ဖြစ်နေခဲ့ရပါတယ်။ မကြာသေးမီက ဖိလစ်ပိုင်နိုင်ငံမှကောင်လေးတစ်ဦးဟာ Mobile Legends ကစားခြင်းကို ၁၀၉၄၉ ရက်၊ ၁ နာရီနှင့် ၂၃ မိနစ်ကြာပိတ်ပင်ခံခဲ့ရကြောင်း post တစ်ခုကြောင်း လူမှုကွန်ရက်ပေါ်တွင် ကယက်ထသွားခဲ့ပါတယ်။ Mobile Legends ဟာ ဖိလစ်ပိုင်အပါအဝင် အရှေ့တောင်အာရှတစ်လွှားရှိနိုင်ငံများစွာတွင် နာမည်ကြီးတဲ့မိုဘိုင်းဂိမ်းတစ်ခုပါ။ ဒါကြောင့် ၎င်းတို့ရဲ့ဖုန်းကိုဘဲ စိုက်ကြည့်နေပြီး ဘေးပတ်ဝန်းကျင်ကိုတောင်အရေးမလုပ်နိုင်တော့တဲ့သူတွေကို မြင်ရင်တော့ ၎င်းတို့က Mobile Legends ကစားနေတယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Mobile Legends ကို ဒီကောင်လေးအပါအဝင် လူတိုင်းလိုလိုနှစ်သက်ကြပေမဲ့ ဒီကောင်လေးကတော့ သူပြန်ကစားနိုင်ဖို့ နောက်ထပ် ၁၀၉၄၉ ရက်ကိုစောင့်ရမှာဖြစ်ပြီး ၎င်းဟာ နှစ်ပေါင်း ၃၀ နှင့်ညီမျှပါတယ်။

ကောင်လေးရဲ့အဖေဖြစ်တဲ့ Mak Samonte က ဘာမှမလုပ်ပေးနိုင်ပေမဲ့ သူ့သားဖြတ်သန်းနေခဲ့ရတဲ့စိတ်ဆင်းရဲမှုတွေအားလုံးကိုကြည့်ရင်းသာ ရယ်မောနေခဲ့ရပါတယ်။

ဖခင်ဖြစ်သူ Mak ရဲ့ post မှာ သားဖြစ်သူဟာ သူ့ acc အား ဆယ်စုနှစ်သုံးခုအထိပိတ်ပင်ခံလိုက်ရတာကိုသိလိုက်ရတဲ့အခါ စိတ်ပျက်ပျက်နဲ့ငိုကြွေးနေခဲ့ပါတယ်။ သို့ပေမဲ့ ဖခင်ဖြစ်သူက သားဖြစ်သူ ဘာကြောင့် အဘမ်းခံခဲ့ရသည့်အကြောင်းရင်းကိုတော့မပြောခဲ့ပါဘူး။

ထို့ကြောင့် အချို့သောသုံးစွဲသူတွေက ကောင်လေးဟာ ဂိမ်းကစားနေတုန်း cheat code တွေကိုသုံးခဲ့လို့ အဖမ်းခံမိခဲ့ပုံရကြောင်းမှတ်ချက်ဖြင့် ၎င်းတို့ရဲ့ခန့်မှန်းချက်များကိုလည်း မျှဝေခဲ့ကြပါတယ်။

သို့သော် အခြားသုံးစွဲသူများက ၎င်းတို့သားအဖဟာ နာမည်ကြီးသွားမဲ့ post တစ်ခုအတွက် ဖုန်းအတုကိုသုံးခဲ့ကြောင်းလည်း မှတ်ချက်ပေးခဲ့ကြပါတယ်။

မည်သို့ပင်ဆိုစေ ဖုန်းရဲ့မျက်နှာပြင်က အတော်လေးမှန်ကန်ပြီးအရေးအကြီးဆုံးမှာ ကောင်လေးဟာ အနှစ် ၃၀ စောင့်ရန် လိုအပ်နေပါတယ်။ ဤအရာသာ အမှန်ဖြစ်လျှင် ကောင်လေးဟာ သူ၏သင်ခန်းစာသင်ယူရန်နှင့် ဂိမ်းကစားခြင်းဖြင့်အချိန်များစွာကုန်ဆုံးခြင်းကိုရပ်တန့်ဖို့ အခွင့်အရေးတစ်ခုလိုဖြစ်လာမှာပါ။

Mia (Mckzone daily)

Reference : goodtimes








Mia (Mckzone daily)

Reference : goodtimes