မီတာဆောင်ချင်လွန်းတဲ့သူတွေ လတ်တလော ကြုံတွေ့နေရတဲ့ ဒုက္ခ (တာဝန်ယူမှု တာဝန်ခံမှု ဘယ်မှာလဲ)
မီတာသွားဆောင်တဲ့ သူတွေ လတ်တလာ ကြုံတွေ့နေရတဲ့ ဒုက္ခကတော့ အတော်ကြီးမားပါတယ်။ မီတာခ သွားဆောင်တဲ့ ငွေတွေကို မီတာရုံးက ယူထားလိုက်ပြီး ကြွေးကျန်စာရွက်တွေ ထပ်ရောက်လာတဲ့ ပြဿနာ ဖြစ်ပါတယ်။

တောင်ဥက္ကလာမှာ မီတာသွားဆောင်သူ တဦးတင်ထားတဲ့ အဖြစ်အပျက်ကို အောက်မှာ ဖော်ပြ လိုက်ပါတယ်-
“နိုဝင်ဘာလ ၁၅ ရက်နေ့က မီတာခကျသင့်ငွေ ကျပ် ၄၂၂၂၀၀ ကျော်ကို တောင်ဥက္ကလာပမီတာရုံးသို့ သွားဆောင်ရာ ဂိတ်ပေါက်တွင် အတွင်းသို့ ဝင်မရဟု တားမြစ်ပြီး ဂိတ်ပေါက်တွင် တာဝန်ရှိသူဟုပြောပြီး မီတာစာရွက်နှင့်ကျသင့်ငွေကို ရုံးတွင်းသို့ယူသွားပါသည်။
ငွေသွင်းပြီးကြောင်းကို ပုံပါအတိုင်းလက်မှတ်ထိုး ဆောင်ရွက်ပေးပါသည်။ ထိုဆောင်ထားသောလများအတွက် ကြွေးကျန်ဟုဆိုကာ မီတာစာရွက်ထပ်လာ၍ သွားရောက်ရှင်းလင်းပါသည်။

တာဝန်ရှိသူ မည်သူကမှ ရှင်းလင်းပေးခြင်း မရှိပါ။ မီတာဆောင်ရာတွင် ဂရုပြုနိုင်ပါရန် တင်လိုက်ရပါတယ်။”
အထက်ပါ ဖြစ်စဉ်အရ မီတာခငွေများကို လက်ခံသူနဲ့ မီတာစာရွက်ထုတ်သူတို့အကြား ချိတ်ဆက်မှု လွဲချော်နေသည်မှာ အထင်အရှား ဖြစ်ပါတယ်။
အဲဒါဆို အခုဆောင်နေတဲ့ မီတာခတွေကရော တကယ်ဆောင်နေတာ ဟုတ်ရဲ့လား ဆိုတဲ့ မေးခွန်း ပေါ်လာပါတယ်။ ရုံးရှေ့က လူက ယူသွားပြီး လက်ရေးနဲ့ ရေးပေးလိုက်တဲ့ စာရွက်က အကျုံးဝင်ရဲ့လား၊ အရင်လို လက်ခံ ဖြတ်ပိုင်းနဲ့ မလုပ်တော့ဘူးလား၊ ဆောင်ပြီးကာမှ ဘာလို့ အကြွေးကျန် ဆိုပြီး ထပ်ရောက်လာတာလဲ
မဖြေရှင်းနိုင်တဲ့ မေးခွန်းများစွာ ကျန်ရှိနေပါတယ်။ ဒီမေးခွန်းတွေကို ဘယ်သူဖြေကြမှာလဲ၊ တာဝန်ယူမှုရော၊ တာဝန်ခံမှုရော ဘယ်သူတွေ လုပ်ကြမှာလဲ။ လောလောဆယ်တော့ ပြည်သူတွေရဲ့ ပိုက်ဆံကတော့ စာရင်းမရှိ အင်းမရှိတဲ့ မီတာခ ကောက်တဲ့သူတွေ လက်ထဲမှာ ရေစုန်မျောတဲ့ အဖြစ်ကို ရောက်နေပါပြီ။

zawgyi
မီတာေဆာင္ခ်င္လြန္းတဲ့သူေတြ လတ္တေလာ ၾကဳံေတြ႕ေနရတဲ့ ဒုကၡ (တာဝန္ယူမႈ တာဝန္ခံမႈ ဘယ္မွာလဲ)
မီတာသြားေဆာင္တဲ့ သူေတြ လတ္တလာ ၾကဳံေတြ႕ေနရတဲ့ ဒုကၡကေတာ့ အေတာ္ႀကီးမားပါတယ္။ မီတာခ သြားေဆာင္တဲ့ ေငြေတြကို မီတာ႐ုံးက ယူထားလိုက္ၿပီး ေႂကြးက်န္စာရြက္ေတြ ထပ္ေရာက္လာတဲ့ ျပႆနာ ျဖစ္ပါတယ္။
ေတာင္ဥကၠလာမွာ မီတာသြားေဆာင္သူ တဦးတင္ထားတဲ့ အျဖစ္အပ်က္ကို ေအာက္မွာ ေဖာ္ၿပ လိုက္ပါတယ္-
“နိုဝင္ဘာလ ၁၅ ရက္ေန႔က မီတာခက်သင့္ေငြ က်ပ္ ၄၂၂၂၀၀ ေက်ာ္ကို ေတာင္ဥကၠလာပမီတာ႐ုံးသို႔ သြားေဆာင္ရာ ဂိတ္ေပါက္တြင္ အတြင္းသို႔ ဝင္မရဟု တားျမစ္ၿပီး ဂိတ္ေပါက္တြင္ တာဝန္ရွိသူဟုေျပာၿပီး မီတာစာရြက္ႏွင့္က်သင့္ေငြကို ႐ုံးတြင္းသို႔ယူသြားပါသည္။
ေငြသြင္းၿပီးေၾကာင္းကို ပုံပါအတိုင္းလက္မွတ္ထိုး ေဆာင္ရြက္ေပးပါသည္။ ထိုေဆာင္ထားေသာလမ်ားအတြက္ ေႂကြးက်န္ဟုဆိုကာ မီတာစာရြက္ထပ္လာ၍ သြားေရာက္ရွင္းလင္းပါသည္။
တာဝန္ရွိသူ မည္သူကမွ ရွင္းလင္းေပးျခင္း မရွိပါ။ မီတာေဆာင္ရာတြင္ ဂ႐ုျပဳနိုင္ပါရန္ တင္လိုက္ရပါတယ္။”
အထက္ပါ ျဖစ္စဥ္အရ မီတာခေငြမ်ားကို လက္ခံသူနဲ႔ မီတာစာရြက္ထုတ္သူတို႔အၾကား ခ်ိတ္ဆက္မႈ လြဲေခ်ာ္ေနသည္မွာ အထင္အရွား ျဖစ္ပါတယ္။
အဲဒါဆို အခုေဆာင္ေနတဲ့ မီတာခေတြကေရာ တကယ္ေဆာင္ေနတာ ဟုတ္ရဲ့လား ဆိုတဲ့ ေမးခြန္း ေပၚလာပါတယ္။ ႐ုံးေရွ႕က လူက ယူသြားၿပီး လက္ေရးနဲ႔ ေရးေပးလိုက္တဲ့ စာရြက္က အက်ဳံးဝင္ရဲ့လား၊ အရင္လို လက္ခံ ျဖတ္ပိုင္းနဲ႔ မလုပ္ေတာ့ဘူးလား၊ ေဆာင္ၿပီးကာမွ ဘာလို႔ အေႂကြးက်န္ ဆိုၿပီး ထပ္ေရာက္လာတာလဲ
မေျဖရွင္းနိုင္တဲ့ ေမးခြန္းမ်ားစြာ က်န္ရွိေနပါတယ္။ ဒီေမးခြန္းေတြကို ဘယ္သူေျဖၾကမွာလဲ၊ တာဝန္ယူမႈေရာ၊ တာဝန္ခံမႈေရာ ဘယ္သူေတြ လုပ္ၾကမွာလဲ။ ေလာေလာဆယ္ေတာ့ ျပည္သူေတြရဲ့ ပိုက္ဆံကေတာ့ စာရင္းမရွိ အင္းမရွိတဲ့ မီတာခ ေကာက္တဲ့သူေတြ လက္ထဲမွာ ေရစုန္ေမ်ာတဲ့ အျဖစ္ကို ေရာက္ေနပါၿပီ။



