ၾကားသိရသမွ်

ချစ်စမ်းမောင်ရဲ့အကြောင်းကိုပြောပြလာတဲ့ခင်မြတ်မွန်

Unicode

အဆိုတော်တစ်ယောက်လည်းဖြစ်သလို Vocal Trainer နဲ့ Harmonist တစ်ယောက်လည်းဖြစ်တဲ့ ခင်မြတ်မွန်ကတော့ သူမရဲ့ဘဝတစ်လျှောက်လုံးကို အနုပညာနဲ့သာဖြတ်သန်းခဲ့သလို သူမရဲ့သားနဲ့သမီးကိုလည်း အနုပညာအမွေ လက်ဆင့်ကမ်းပေးနိုင်ခဲ့သူဖြစ်ပါတယ်။

သားဖြစ်သူကွယ်လွန်ပြီးတဲ့နောက်ပိုင်း မိတ်ကောင်းဆွေကောင်းတွေများစွာ ရရှိခဲ့တဲ့ ခင်မြတ်မွန်က ဒီကနေ့မှာလည်း Iron Cross Band ရဲ့ ချစ်စမ်းမောင်ရဲ့ကျေးဇူးတရားကြီးမားပုံကို အခုလိုပဲပြောပြလာပါတယ်။

ဒီညနေ သား မင်းသာကီသရုပ်ဆောင်ရဲ့ သီချင်းလေး P T L မှာ ဟာမိုနီလိုက် P T L မရောက်တာကြာပြီ။ မနှစ်က ဟန်နေတာသီချင်းဟာမိုနီကနောက်ဆုံးဘဲ။ တွတ်ပီတစ်လပြည့် ဟိုရောက်နေချိန် ဆရာချစ် စိတ်မကောင်းကြောင်း၊တွတ်ပီ အမှတ်တရလေးတစ်ခုပေးချင်ကြောင်း ပြန်ရောက်ရင်ဆက်သွယ်ဖို့လှမ်းဆက်တယ် ကျေးဇူးပါ ပြန်ရောက်လာတော့ တွတ်ပီရဲ့ကိစ္စအဝဝ ဖြေရှင်းလုပ်ကိုင်နေရလို့ ဆရာချစ်ဆီမဆက်သွယ်ဖြစ်ခဲ့ဘူး။
ဒီနေ့ P T L ရောက်မှဘဲ မျက်နှာပူစွာနဲ့တောင်းပန်ရတယ်။ မောင်လေးဆရာချစ်ကတော့ ပြုံးပြုံးရွှင်ရွင်နဲ့ အမြဲနွေးထွေးလျက်ပါ။ I C စတင်ဖွဲ့စည်းခဲ့ချိန်1989 လောက်က ဆရာချစ် ဦးဘွဲ့ကြီးဆီ တပည့်ခံ၊ပညာသင်ချိန်ထဲက ရင်းနှီးခင်မင်လာခဲ့ကြတာ။ ဘာအလိုရှိလဲစီးရီးလေး I C ကမေတ္တာနဲ့တီးခတ်ပေးခဲ့ကြတယ်။ အဲ့အတွက်ရော တွတ်ပီအပေါ် ကြုံဆုံတိုင်း နွေးထွေးစွာကူညီစောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးပါ မောင်လေးရေ မိသားစုအားလုံး ကျန်းမာချမ်းသာဘေးကင်းကြပါစေ.ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

Credit

Unicode

အဆိုေတာ္တစ္ေယာက္လည္းျဖစ္သလို Vocal Trainer နဲ႕ Harmonist တစ္ေယာက္လည္းျဖစ္တဲ့ ခင္ျမတ္မြန္ကေတာ့ သူမရဲ႕ဘဝတစ္ေလွ်ာက္လုံးကို အႏုပညာနဲ႕သာျဖတ္သန္းခဲ့သလို သူမရဲ႕သားနဲ႕သမီးကိုလည္း အႏုပညာအေမြ လက္ဆင့္ကမ္းေပးနိုင္ခဲ့သူျဖစ္ပါတယ္။

သားျဖစ္သူကြယ္လြန္ၿပီးတဲ့ေနာက္ပိုင္း မိတ္ေကာင္းေဆြေကာင္းေတြမ်ားစြာ ရရွိခဲ့တဲ့ ခင္ျမတ္မြန္က ဒီကေန႕မွာလည္း Iron Cross Band ရဲ႕ ခ်စ္စမ္းေမာင္ရဲ႕ေက်းဇူးတရားႀကီးမားပုံကို အခုလိုပဲေျပာျပလာပါတယ္။

ဒီညေန သား မင္းသာကီသ႐ုပ္ေဆာင္ရဲ႕ သီခ်င္းေလး P T L မွာ ဟာမိုနီလိုက္ P T L မေရာက္တာၾကာၿပီ။ မႏွစ္က ဟန္ေနတာသီခ်င္းဟာမိုနီကေနာက္ဆုံးဘဲ။ တြတ္ပီတစ္လျပည့္ ဟိုေရာက္ေနခ်ိန္ ဆရာခ်စ္ စိတ္မေကာင္းေၾကာင္း၊တြတ္ပီ အမွတ္တရေလးတစ္ခုေပးခ်င္ေၾကာင္း ျပန္ေရာက္ရင္ဆက္သြယ္ဖို႔လွမ္းဆက္တယ္ ေက်းဇူးပါ ျပန္ေရာက္လာေတာ့ တြတ္ပီရဲ႕ကိစၥအဝဝ ေျဖရွင္းလုပ္ကိုင္ေနရလို႔ ဆရာခ်စ္ဆီမဆက္သြယ္ျဖစ္ခဲ့ဘူး။

ဒီေန႕ P T L ေရာက္မွဘဲ မ်က္ႏွာပူစြာနဲ႕ေတာင္းပန္ရတယ္။ ေမာင္ေလးဆရာခ်စ္ကေတာ့ ၿပဳံးၿပဳံး႐ႊင္႐ြင္နဲ႕ အၿမဲႏြေးေထြးလ်က္ပါ။ I C စတင္ဖြဲ႕စည္းခဲ့ခ်ိန္1989 ေလာက္က ဆရာခ်စ္ ဦးဘြဲ႕ႀကီးဆီ တပည့္ခံ၊ပညာသင္ခ်ိန္ထဲက ရင္းႏွီးခင္မင္လာခဲ့ၾကတာ။ ဘာအလိုရွိလဲစီးရီးေလး I C ကေမတၱာနဲ႕တီးခတ္ေပးခဲ့ၾကတယ္။ အဲ့အတြက္ေရာ တြတ္ပီအေပၚ ႀကဳံဆုံတိုင္း ႏြေးေထြးစြာကူညီေစာင့္ေရွာက္ေပးခဲ့လို႔ ေက်းဇူးပါ ေမာင္ေလးေရ မိသားစုအားလုံး က်န္းမာခ်မ္းသာေဘးကင္းၾကပါေစ.ဆိုၿပီး ေျပာလာတာပဲျဖစ္ပါတယ္။

Credit