ဧပြီ ၁ မှ ထွက်မယ့်ထီကို မေ၁ ရွှေ့လိုက်တာ ကြားပြီးကြပြီထင်တယ်။ ပြည်သူတွေရဲ့ ထီCDM အထူးအောင်မြင်တယ်။
ပြီးခဲ့တဲ့ မတ် ၁ရက်နေ့ကထီကို မတ်၁၅ရက်နေ့ ရွှေ့လိုက်တာ မှတ်မိကြတယ်မလား။ အဲ့မှာ ထီပေါက်သွားတဲ့သူရဲ့ အဖြစ်အပျက်လေးကို ပြောပြရဦးမယ်။
ထီထိုးတယ်ဆိုလို့ စစ်ကောင်စီကို အားပေးတာ မဟုတ်ဘူး။ ကိုယ့်သူငယ်ချင်း ရဲရဲတောက်ပဲ။ သူက ဟိုးအရင်ကတည်းက တစ်လကို ထီကို သိန်းချီထိုးတာ။ဒီလတော့ လုံးဝထီမထိုးဘူးကွာဆိုပြီး နေနေရာကနေ သူထီထိုးနေကျ အဘကြီးက လာရောင်းတယ်။
ထီလက်မှတ်တွေက ပိုက်ဆံသွင်းပြီးသားကွာ။သားတို့မထိုးရင် သူတို့ဒုက္ခရောက်မှာ မဟုတ်ဘူး။အရင်ဆုံး အဘဒုက္ခရောက်မှာလို့ဆိုတော့ သူလည်း နောက်လတော့ မရင်းတော့နဲ့ အဘရယ်။ဒီလတော့ အဘအတွက် ယူလိုက်မယ်ဆိုပြီး သုံးသိန်းဖိုး ယူလိုက်တယ်။
ယူပြီးတော့ ကိုယ်တော်က ပေသီးခေါက်ရော။သူ့သူငယ်ချင်းနဲ့တွေ့တော့ ဟျောင့်… မင်းတစ်သိန်းခွဲဖိုး ပါကွာဆိုပြီး ပေးလိုက်ရော။ ပေးလိုက်တဲ့ တစ်သိန်းခွဲဖိုးထဲက သိန်းပေါင်းတစ်သောင်းခွဲထီ ပေါက်မဲဖြစ်သွားရော။
ရင်ခံစရာကြီးလို့ မတွေးနဲ့နော်။ထီလက်မှတ်ကို ငွေသွားထုတ်တော့ ချက်လက်မှတ်ထုတ်ပေးလိုက်တယ်။ ပိုက်ဆံတစ်ပြားမှ မရဘူး။နိုင်ငံရေးထဲမှာ ပါရင် ငွေမရတဲ့အပြင် အဖမ်းခံရမယ်ဆိုလို့ ထီပေါက်သူခဗျာ အိမ်မှာတောင်မနေရဲဘူး။ ချက်လက်မှတ်ကြီးကိုင်ပြီး ထွက်ပြေးနေရတယ်။
နိုင်ငံရေးထဲ ပါတယ်၊ မပါတယ်ဆိုတာ သူတို့ပါးစပ်ထဲပဲ ရှိတာ။ဒီကာလမှာ နိုင်ငံရေးထဲ မပါသူဆိုတာ ရှိလို့လား။တမင် ငွေထုတ်မပေးသေးတဲ့ ချက်လက်မှတ်ကြီး ပေးထားပြီး အမှုဆင်သိမ်းဦးမှာ။
ထီပေါက်သူခဗျာ သီပေါမင်းပါတော်မူခါနီး ထီပေါက်တဲ့ အမယ်အိုကြီးထက်တောင် ဆိုးနေသေး။ဟိုက ဘုရင်ကို ငွေပြန်ချေးလိုက်ရတာပဲရှိတယ်။ဒီမှာက အပေါ်စီးက ခပ်ချေချေ ငွေထုတ်မရတဲ့ ချက်လက်မှတ်ကြီးပေးပြီး အဖမ်းခံရမှာကြောက်လို့ အိမ်ကပြေးနေရတယ်။
ကဲ… ဘုန်းမီးနေလ ဂျပုမတို့ရဲ့အစွမ်း
ရာဇဝတ်ကောင်တွေကလွဲရင် အမှုကိုယ်စီနဲ့။
crd
zawgyi