အခ်စ္နွင့္ဘဝ

သင့်အနာဂတ်ကိုပံ့ပိုးကူညီနေတဲ့ ချစ်သူတစ်ယောက်ရဲ့ လက္ခဏာများ

သင့်အနာဂတ်ကိုပံ့ပိုးကူညီနေတဲ့ ချစ်သူတစ်ယောက်ရဲ့ လက္ခဏာများ

အချို့ချစ်သူတွေဟာ ကိုယ်ရဲ့အတ္တကို ရှေ့တန်းတင်ပြီး ချစ်သူရဲ့ အနာဂတ်ရည်မှန်းချက်တွေကို ပုံဖော်ခွင့်မပေးတာမျိုး ရှိပါတယ်။ဒါပေမယ့် တစ်ချို့ချစ်သူမိန်းကလေးကျတော့လည်း ချစ်သူအပေါ်မှာ နားလည်မှုတွေ ရှိပြီး အနာဂတ်ရည်မှန်းချက်တွေ အကောင်အထည်အဖော်ရမှာလည်း အားပေးအားမြှောက်ပြုလေ့ရှိပါတယ်။

ပရိသတ်ကြီးအတွက် အနာဂတ်ကို ပံ့ပိုးကူညီနေတဲ့ချစ်သူတစ်ယောက်ရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အနှောက်အယှက်မပေးဘူး

ဥပမာအားဖြင့် သင်ဟာ စာရေးတာ ဝါသနာပါသူတစ်ယောက် ဆိုပါတော့။

သင်စာရေးနေရင် အခြား ဆူညံသံပြုနေတယ်ဆိုရင်တောင် အလိုက်တသိ ရပ်ပေးလိုက်တယ်၊သင် စိတ်အာရုံစုစည်းမှုကို ပျက်ပြားစေမယ့် အရာတွေ မလုပ်ဘူး။

သီချင်းဆိုတာ ဝါသနာပါတယ်ဆိုရင်လည်း သင် ဂစ်တာတီးလုံး စမ်းနေချိန်၊ Note ရေးနေတဲ့အချိန်မျိုးမှာဆိုရင်လည်း ဒီသဘောပါဘဲ။

ငြိမ်ငြိမ်လေးနေပြီး ကော်ဖီရေ အဆင်သင့်ချပေးတယ်ဆိုရင် သင်ဟာ အလွန်ချစ်စရာကောင်းတဲ့ ချစ်သူကို ရထားတယ်ဆိုတာပါဘဲ။

(၂) လိုအပ်ရင် အားသွန်ခွန်စိုက် ကူညီတယ်

သင့်ချစ်သူဟာ သင့်ဝါသနာတွေ၊ အနာဂတ်စိတ်ကူးအိပ်မက်တွေအတွက် အကူအညီလိုအပ်လာရင်လည်း သူ့မှာ ငွေရှိရင် ငွေ၊ ရွှေရိရင် ရွှေ၊ လူအားနဲ့ကူညီဖို့ဆိုရင်လည်း အဆင်သင့် ဖြစ်နေတတ်တယ်ဆိုရင်လည်း သင် ကံကောင်းပါတယ်။

(၃) အောင်မြင်မှုတွေအတွက် အပြည့်အဝဂုဏ်ယူတယ်

သင်ဟာ သင့်အနာဂတ်လမ်းကြောင်းပေါ်မှာ အထိုက်အလျှောက် အောင်မြင်မှုတွေ ရလာခဲ့ပြီဆိုရင်လည်း သင်နဲ့ထပ်တူ ဝမ်သာပျော်ရွှင်တဲ့သူဟာ သင့်ချစ်သူပဲ ဖြစ်ပါလိမ့်မယ်။

သင့်အတွက် သူဟာ ဂုဏ်ယူနေမယ်၊ ဝမ်းမြောက်နေမယ်၊ ဒီအကြောင်းဟာ သူ့ပါးစပ်ဖျားမှာ ဘယ်တော့မှ မရိုးနိုင်တဲ့ စကားဖြစ်နေပါလိ့မ်မယ်။

 

(၄) စိတ်ပျက်မှုတွေအတွက် ကူညီပေးတယ်

သင်ဟာ သင့်အနာဂတ်လမ်းကြောင်းတစ်လျှောက်မှာ အမြဲတမ်းအဆင်ပြေနေမှာတော့ မဟုတ်ပါဘူး။

စိတ်ညစ်စရာတွေ စိတ်ပျက်ဝမ်းနည်းစရာတွေလည်း ကြုံရမှာဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ သင့်ချစ်သူဟာ စိတ်မပျက်ဖို့၊ အားမငယ်ဖို့ အထိရောက်ဆုံး တစ်နေရာကနေ အားပေးဖော်အဖြစ် ရှိနေတယ်ဆိုရင် သင်ဟာ တကယ့်ကို ကံကောင်းတယ်လို့ ဆိုရမှာပါ။

(၅) ပင်ပန်းနွမ်းနယ်နေရင် အမောပြေဆေး

အရာမရောက်တာတွေ လျှောက်လုပ်မှတော့ ငွေကုန်သံပြာ ဖြစ်ပြီပေါ့လို့ ချစ်သူက အပြစ်တင်မယ့်အစား … သင့်ချစ်သူဟာ သင့်မှာရှိနေတဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေဖို့၊ စိတ်ညစ်တာတွေ ပြေပျောက်စေဖို့အတွက် အကောင်းဆုံး ပါရမီဖြည့်ဘက် ဖြစ်နေတယ်ဆိုရင် သင် ချစ်သူထားရကျိုး နပ်ပါပြီ။

Credit:Shwemom

Zawgyi

သင့္အနာဂတ္ကုိပံ့ပုိးကူညီေနတဲ့ ခ်စ္သူတစ္ေယာက္ရဲ႕ လကၡဏာမ်ား

အခ်ိဳ႕ခ်စ္သူေတြဟာ ကိုယ္ရဲ႕အတၱကို ေရွ႕တန္းတင္ၿပီး ခ်စ္သူရဲ႕ အနာဂတ္ရည္မွန္းခ်က္ေတြကို ပုံေဖာ္ခြင့္မေပးတာမ်ိဳး ရွိပါတယ္။ဒါေပမယ့္ တစ္ခ်ိဳ႕ခ်စ္သူမိန္းကေလးက်ေတာ့လည္း ခ်စ္သူအေပၚမွာ နားလည္မႈေတြ ရွိၿပီး အနာဂတ္ရည္မွန္းခ်က္ေတြ အေကာင္အထည္အေဖာ္ရမွာလည္း အားေပးအားေျမႇာက္ျပဳေလ့ရွိပါတယ္။

ပရိသတ္ႀကီးအတြက္ အနာဂတ္ကုိ ပံ့ပုိးကူညီေနတဲ့ခ်စ္သူတစ္ေယာက္ရဲ႕ လကၡဏာေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္။

(၁) အေႏွာက္အယွက္မေပးဘူး

ဥပမာအားျဖင့္ သင္ဟာ စာေရးတာ ၀ါသနာပါသူတစ္ေယာက္ ဆုိပါေတာ့။

သင္စာေရးေနရင္ အျခား ဆူညံသံျပဳေနတယ္ဆုိရင္ေတာင္ အလုိက္တသိ ရပ္ေပးလုိက္တယ္၊သင္ စိတ္အာ႐ုံစုစည္းမႈကို ပ်က္ျပားေစမယ့္ အရာေတြ မလုပ္ဘူး။

သီခ်င္းဆုိတာ ၀ါသနာပါတယ္ဆုိရင္လည္း သင္ ဂစ္တာတီးလုံး စမ္းေနခ်ိန္၊ Note ေရးေနတဲ့အခ်ိန္မ်ိဳးမွာဆုိရင္လည္း ဒီသေဘာပါဘဲ။

ၿငိမ္ၿငိမ္ေလးေနၿပီး ေကာ္ဖီေရ အဆင္သင့္ခ်ေပးတယ္ဆုိရင္ သင္ဟာ အလြန္ခ်စ္စရာေကာင္းတဲ့ ခ်စ္သူကို ရထားတယ္ဆုိတာပါဘဲ။

(၂) လုိအပ္ရင္ အားသြန္ခြန္စုိက္ ကူညီတယ္

သင့္ခ်စ္သူဟာ သင့္၀ါသနာေတြ၊ အနာဂတ္စိတ္ကူးအိပ္မက္ေတြအတြက္ အကူအညီလုိအပ္လာရင္လည္း သူ႕မွာ ေငြရွိရင္ ေငြ၊ ေရႊရိရင္ ေရႊ၊ လူအားနဲ႔ကူညီဖုိ႔ဆုိရင္လည္း အဆင္သင့္ ျဖစ္ေနတတ္တယ္ဆုိရင္လည္း သင္ ကံေကာင္းပါတယ္။

(၃) ေအာင္ျမင္မႈေတြအတြက္ အျပည့္အ၀ဂုဏ္ယူတယ္

သင္ဟာ သင့္အနာဂတ္လမ္းေၾကာင္းေပၚမွာ အထိုက္အေလွ်ာက္ ေအာင္ျမင္မႈေတြ ရလာခဲ့ၿပီဆုိရင္လည္း သင္နဲ႔ထပ္တူ ၀မ္သာေပ်ာ္ရႊင္တဲ့သူဟာ သင့္ခ်စ္သူပဲ ျဖစ္ပါလိမ့္မယ္။

သင့္အတြက္ သူဟာ ဂုဏ္ယူေနမယ္၊ ၀မ္းေျမာက္ေနမယ္၊ ဒီအေၾကာင္းဟာ သူ႕ပါးစပ္ဖ်ားမွာ ဘယ္ေတာ့မွ မ႐ုိးႏုိင္တဲ့ စကားျဖစ္ေနပါလိ့မ္မယ္။

(၄) စိတ္ပ်က္မႈေတြအတြက္ ကူညီေပးတယ္

သင္ဟာ သင့္အနာဂတ္လမ္းေၾကာင္းတစ္ေလွ်ာက္မွာ အၿမဲတမ္းအဆင္ေျပေနမွာေတာ့ မဟုတ္ပါဘူး။

စိတ္ညစ္စရာေတြ စိတ္ပ်က္၀မ္းနည္းစရာေတြလည္း ႀကဳံရမွာျဖစ္ပါတယ္။

ဒီလုိအေျခအေနမ်ိဳးမွာ သင့္ခ်စ္သူဟာ စိတ္မပ်က္ဖုိ႔၊ အားမငယ္ဖုိ႔ အထိေရာက္ဆုံး တစ္ေနရာကေန အားေပးေဖာ္အျဖစ္ ရွိေနတယ္ဆုိရင္ သင္ဟာ တကယ့္ကို ကံေကာင္းတယ္လုိ႔ ဆုိရမွာပါ။

(၅) ပင္ပန္းႏြမ္းနယ္ေနရင္ အေမာေျပေဆး

အရာမေရာက္တာေတြ ေလွ်ာက္လုပ္မွေတာ့ ေငြကုန္သံျပာ ျဖစ္ၿပီေပါ့လုိ႔ ခ်စ္သူက အျပစ္တင္မယ့္အစား … သင့္ခ်စ္သူဟာ သင့္မွာရွိေနတဲ့ စိတ္ဖိစီးမႈေတြကို သက္သာေစဖုိ႔၊ စိတ္ညစ္တာေတြ ေျပေပ်ာက္ေစဖုိ႔အတြက္ အေကာင္းဆုံး ပါရမီျဖည့္ဘက္ ျဖစ္ေနတယ္ဆုိရင္ သင္ ခ်စ္သူထားရက်ိဳး နပ္ပါၿပီ။

Credit:Shwemom