(Zawgyiဖြင့် ဖတ်ရန်)
(Unicodeဖြင့် ဖတ်ရန်)
အခုတစ်ခါမှာဆိုရင် သရုပ်ဆောင်နေဒွေးက မိဘတွေ ပြန်မလာကြလို့ မြေးအဘွားနှစ်ယောက် စား၀တ်နေရေးခက်ခဲနေတဲ့ အဖွားရဲ့မြေးလေးကို မွေးစားမယ့် အကြောင်းကို လူရွှင်တော် မိုးစက်က အခုလိုရေးသား ဖော်ပြထား ပါတယ်နော်။
လူရွှင်တော်မိုးစက်က “မိဘတွေ ပြန်မလာ ကြလို့ မြေးအဖွား နှစ်ယောက်ရုန်းကန် နေရတာကြောင့်၊ အဖွားရဲ့မြေးလေးကို မင်းသား ကိုနေဒွေးက မွေးစား ချင်တယ် ဆိုပြီး ကျွန်တော့်ဆီကို ဖုန်းနဲ့ ဆက်သွယ် လာပါတယ်။
အဖွားတို့ အိမ်နားက ဖုန်းကို ဆက်ပြီး အဖွားကို မေးလိုက်တဲ့ အခါမှာ ကျူးကျော်တဲလေး ထဲမှာ နေနေရပြီး နေ့စဥ်သူနဲ့အတူ အိုးတိုက်ဖွဲပြာ လည်ရောင်း နေရတဲ့ သူ့မြေးလေး ကောင်းစားမယ် ဆိုရင် သူ ထည့်ပေးပါမယ်တဲ့။
အဖွားကိုလည်း လစဥ် ထောက်ပံ့ပေးပြီး မြေးအဖွားနှစ်ယောက် တွေ့ဆုံခွင့်လည်း ပေးမယ်ဆိုလို့ ကိုနေဒွေးကို အထူးကျေးဇူးတင် မိပါတယ်ခင်ဗျာ”ဆိုပြီး ရေးသားဖော်ပြ လာတာပဲ ဖြစ်ပါတယ်နော်။
ကလေးတစ်ယောက် ခေါ်ယူ မွေးစားတယ်ဆိုတာ တာဝန်ကြီးမားလွန်း ပါတယ်။ ဒီလို တာဝန်ကြီးလွန်းတဲ့ ကိစ္စဖြစ်ပေမယ့် စာနာစိတ်အပြည့်ဖြင့် တရားဝင် မွေးစားမယ့် မင်းသား နေဒွေးရဲ့ စိတ်စေတနာ ကတော့ ချီးကျူးစရာပါပဲ နော်။
နေဒွေးရဲ့လေးစားချီးကျူးဖွယ် လုပ်ရပ်လေးကို အားလုံးသိရှိ ဝမ်းမြောက်နိုင်အောင် စာဖတ် ပရိတ်သတ်ကြီးများ အတွက်ပြန်လည် တင်ဆက်ပေး လိုက်ပါတယ်နော်။