ၾကားသိရသမွ်

လိုလေသေးမရှိဘဲ ပြီးပြည့်စုံတဲ့မျက်နှာသွင်ပြင်ဖြင့်မွေးဖွားလာခဲ့လို့ ကမ္ဘာ့အလှဆုံးမွေးကင်းစကလေးအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ ကောင်လေးရဲ့လက်ရှိဘဝ

လွန်ခဲ့သည့်သုံးနှစ်ကျော်လောက်က ထူးခြားသောလက္ခဏာများရှိနေတဲ့မွေးကင်းစကလေးငယ်တစ်ဦး၏ဓာတ်ပုံများဟာ ဆိုရှယ်မီဒီယာတစ်ခုလုံးကိုလှုပ်ခတ်သွားစေခဲ့ပါတယ်။ အဆိုပါ ကလေးငယ်ဟာ မွေးဖွားလာတာမကြာသေးပေမဲ့လည်း ကမ္ဘာပေါ်တွင် အလှပဆုံးသောမွေးကင်းစကလေးငယ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အခုကော အသက်ကြီးလာတာနဲ့အမျှ ကောင်လေးရဲ့အသွင်အပြင်က ကျွန်တော်တို့ကို အံ့အားသင့်စေမယ်လို့ထင်လားဗျာ။ အမှန်တော့ ကလေးငယ်အားလုံးနီးပါးက ၎င်းတို့ရဲ့ရုပ်သွင်ပြင်ထင်ရှားပေါ်လွင်လာဖို့ လအနည်းငယ်စောင့်ဆိုင်းရပေမဲ့ အဆိုပါထိုင်းကလေးငယ် Arsya ကတော့ အနက်ရောင်မျက်လုံးကြီးများ၊ပန်းရောင်နှုတ်ခမ်း၊ ပန်းဆီရောင်ပါးပြင်၊ နှာခေါင်းတံသွယ်သွယ်နှင့် နူးညံ့ပုံကျတဲ့မျက်ခုံးနှစ်ဖက်တို့ဖြင့် မွေးဖွားလာခဲ့ပါတယ်။ ဤသည်မှာ “နို့စို့အရွယ်မှလှပခြင်း” ဟူသော စကားပုံအတွက် သက်သေခံချက်တစ်ခုလိုပါဘဲ။

.

ကလေးငယ်အားမွေးဖွားပေးခဲ့တဲ့ ဒေါက်တာ Anton Tanjung ဟာ Arsya ရဲ့မွေးကင်းစဓာတ်ပုံများကိုပထမဆုံးတင်ပေးခဲ့သူဖြစ်တာကြောင့် လူတိုင်းက ” like father ,like son ” ဆိုတဲ့စကားစုကိုအသုံးပြုပြီး ဒီဆွဲဆောင်မှုရှိတဲ့ဆရာဝန်က ကလေးရဲ့ဖခင်လို့ အစမှာ ယူဆခဲ့ကြပါတယ်။

.

သို့ပေမဲ့လည်း Arsya ရဲ့တကယ့်ဖခင်ရဲ့မျက်နှာကို ယခင်က မမြင်ဖူးခဲ့သလို လူတော်တော်များများကလည်း ယခုထိ သူ့အသွင်အပြင်ကိုသိချင်နေကြတုန်းပါပဲ။

ကလေးလေးရဲ့မိခင်ဖြစ်တဲ့ Paeisa Seng ဟာ ​​သူမရဲ့ဆွဲဆောင်မှုရှိတဲ့အလှကြောင့် လူအများက ချီးကျူးခဲ့ကြပါတယ်။ Arsya ဟာ ၎င်းရဲ့မိခင်ထံမှ ကြီးကြီးမားမား ဗီဇအားလုံးကိုရရှိခဲ့ပြီး မြင့်မားတဲ့နှာခေါင်းတံတား၊ ထူထဲတဲ့မျက်တောင်များနှင့် သွယ်လျတဲ့မျက်နှာကို အမွေရခဲ့ပါတယ်။

ဒီတော့ အရွယ်ရောက်လာတဲ့ Arsya လေးရဲ့ချစ်စဖွယ်ပုံရိပ်တွေကိုလည်း ကြည့်လိုက်ကြရအောင်ဗျာ။ သုံးနှစ်တောင်ရှိသွားပြီဆိုပေမဲ့ Arsya လေးရဲ့ဆွဲဆောင်မှုမှာ လူများစွာရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်နေဆဲဖြစ်ပါတယ်။

လက်ရှိမှာ မိခင် Paeisa Seng ဟာ အပန်းဖြေခရီးများသွားလေ့ရှိပြီး သူမသားသမီးများရဲ့ဓာတ်ပုံများ နှင့် မကြာခဏဆိုသလို သူမရဲ့ Facebook စာမျက်နှာမှာ မကြာခဏ အပ်ဒိတ်လုပ်လေ့ရှိပါတယ်။ ထို့ကြောင့် မိခင်ဖြစ်သူနဲ့အတူ၊ Arsya လေးဟာ နေရာတော်တော်များများကိုခရီးထွက်ကာ အေးချမ်းပြီးရှုပ်ထွေးမှုမရှိတဲ့တည်ရှိမှုမှာ နေထိုင်နေပုံရပါတယ်။

 

မြင်ရတဲ့အတိုင်း Arsya လေးဟာ လူငယ်တစ်ယောက်အဖြစ်ရင့်ကျက်လာပြီး မွေးကင်းစကလို အရေပြားက ပန်းနုရောင်မဟုတ်တော့ဘဲ ဖြူဖွေးသွားပေမဲ့လည်း သူ့ရဲ့ပုံကျတဲ့မေးရိုးသွယ်သွယ်နှင့် ထူထဲတဲ့မျက်ခုံးမွေးများကို မြင်တွေ့နေရဆဲဖြစ်ပါတယ်။

အခုလိုသားလေးတစ်ယောက်ကိုပိုင်ဆိုင်ရခြင်းက Paeisa Seng ဟာ သူမကဲ့သို့ ကြင်ဖော်မဲ့မိခင်တစ်ယောက်အတွက် တုနှိုင်းမဲ့ ပျော်ရွှင်စရာတစ်ခုအလားဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Arsya ဟာ ခုနစ်လအရွယ်မှာ လမစေ့ဘဲ မွေးဖွားခဲ့ပေမဲ့လည်း ကောင်လေးမှာကျန်းမာပြီး တက်ကြွသလို သူဟာ ယခင်က အင်တာနက်ရဲ့ အာရုံစိုက်မှုတစ်ခုဖြစ်ခဲ့ပေမဲ့လည်း လက်ရှိမှာ မိခင်နှင့်သားဖြစ်သူတို့ရဲ့ဘဝဟာ အေးချမ်းပြီး ရိုးရှင်းနေဆဲဖြစ်ပါတယ်။

Mia (KB Chimmy One)

Reference : everytruenews24