


Rain (For Ialinks)
Unicode
မင်္ဂလာဆောင်သည့်နေ့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂါဝန်လေးကို မညစ်ပတ်စေဖို့ အပေါ်မ တင်ရာတွင် ဘောလုံးကန်ဘောင်းဘီကိုမြင်တွေ့ရခြင်းဖြင့် အကုန်လုံးမှရယ်မောနေခဲ့ရသည့်အဖြစ်

ဗီယက်နမ်နိုင်ငံ Dak Lakခရိုင်တွင် နေထိုင်သော အသက်၂၀အရွယ် မိန်းကလေးတစ်ဦးသည် သူမရဲ့ မင်္ဂလာဆောင်သည့်နေ့မှာပဲ ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ အတော်လေး အခက်တွေ့စေခဲ့သည်။

သတို့သမီးလေးသည် ဘောလုံးကစားသမားတစ်ဦးဖြစ်ပြီး မင်္ဂလာဆောင်အပြီး သတို့သားအိမ်သို့သွားရာတွင် သူငယ်ချင်းတွေမှ လမ်းလျှောက်ပြီး လိုက်ပို့ပေးစဥ် ဂါဝန်လေးအား ညစ်ပတ်သွားမည်စိုး၍ အပေါ်သို့မ တင်သွားခဲ့သည်။

ထိုစဥ် ဂါဝန်မတင်ရာ၌ သတို့သမီးလေးသည် ဘောလုံးကန်ဘောင်းဘီဝတ်ထားသည်ကို မြင်တွေ့သူများမှ ရယ်မောခဲ့ကြရင်း သူငယ်ချင်းဖြစ်သူမှ ပျော်ရွှင်စရာကောင်းသော အမှတ်တရလေးအဖြစ် လူမှုကွန်ယက်တွင် မျှဝေလာခဲ့သည်။

Rain (For Ialinks)



