(အရမ္းေကာင္းတဲ့ စာစုေလးပါ။ အခ်ိန္ေလးခနေပးလို႔ အက်ိဳးမယုတ္ပါဘူး )
သူႂကြယ္ႀကီးနဲ႔ မယားေလးေယာက္
တစ္ခါတုန္းက အရမ္းကို ခ်မ္းသာတဲ့ သူေဌးႀကီးတစ္ဦးရွိတယ္။ ၿပီးေတာ့ သူ႔မွာ မိန္းမ ေလးေယာက္ယူထားတယ္။ ေလးေယာက္လုံးကလဲ တစ္အိမ္ထဲေနၿပီးေတာ့တစ္ေယာက္နဲ႔ တစ္ေယာက္ကလဲ ခ်စ္ခင္ၾကတယ္
၄ ေယာက္ေျမာက္မိန္းမကိုေတာ့ သူေဌးႀကီးက အခ်စ္ဆုံးပဲ။ အဲ့မိန္းမကို ၀တ္ေကာင္းစားလွေတြ အခ်ိန္တိုင္း ဆင္ေပးၿပီးေတာ့ဖ်ားနာတာမ်ိဳးမျဖစ္ရေအာင္ အခ်ိန္ေပးၿပိးေတာ့ ဂ႐ုစိုက္တယ္
သူကဂ႐ုစိုက္ေပမယ့္ သူ႔မိန္းမကေတာ့ သူ႔ကို ဘာမွျပန္မလုပ္ေပးဘူး။၃ ေယာက္ေျမာက္မိန္းမကိုလဲ ေတာ္ေတာ္ခ်စ္ရွာတယ္။ အဲဒီမိန္းမအတြက္ အခ်ိန္ေတြေပးထားတယ္။ အလုပ္ေတြႀကိဳးစားတယ္
အဲဒီမိန္းမက သူ႔အတြက္ စီးပြားေရးလဲ တစ္ဖက္တစ္လမ္းလုပ္ေပးေသးတယ္။သူေဌးႀကီးကေတာ့ အဲဒီမိန္းမက တစ္ျခားတစ္ေယာက္နဲ႔ပါသြားမွာကို အရမ္းစိုးရိမ္တယ္
၂ ေယာက္ေျမာက္မိန္းမကိုလဲ အလြန္ခ်စ္တယ္။သူက အေတြးအေခၚေကာင္းတယ္ စဥ္းစားဆင္ျခင္နိုင္စြမ္းရွိတယ္။တစ္ခါတစ္ေလ သူေဌးႀကီး စိတ္ဓါတ္က်ေနရင္ေတာင္ ေထြးေပြ့ၿပီး အားေပးတတ္တဲ့သူျဖစ္တယ္
ပထမမိန္းမကိုေတာ့ သူသိပ္ၾကည့္မရဘူး။ သူနဲ႔အတူတူသြားလာေနတာကလြဲလို႔ သူ႔ကို ဘာမွမလုပ္ေပးနိုင္ဘူးလို႔ထင္တယ္။ သူ႔မိန္းမကေတာ့ သူ႔ကိုအရမ္းခ်စ္တယ္။ဒါေပမယ့္သူကေတာ့ သိပ္ဂ႐ုမစိုက္ဘူး
ဒီလိုနဲ႔ တစ္ေန႔မွာေတာ့ သူေဌးႀကီးမွာ ေရာဂါတစ္ခုရပါေလေရာ။ ဆရာ၀န္ကလဲ မၾကာခင္ေသေတာ့မယ္လို႔ေျပာလိုက္တယ္။သူေဌးႀကီး အိပ္ရာေပၚလဲၿပီ
သူ႔မိန္းမေလးေယာက္က သူ႔ကို ဝုိင္းျပဳစုၾကတယ္။အဲဒါနဲ႔ သူေဌးႀကီးက ေလးေယာက္ေျမာက္ မိန္းမကို ေမးလိုက္တယ္။
” ငါေသရင္ တမလြန္မွာ တစ္ေယာက္ထဲ အေဖာ္မဲ့ေနမယ္ ရွင္မေရ မင္းငါနဲ႔ တမလြန္ကိုလိုက္ခဲ့မလား ” လို႔ေမးလိုက္တယ္။သူ႔မိန္းမက သူ႔နားကထြက္သြားတယ္။ ၿပီးေတာ့ ေခါင္းခါျပတယ္။
ဒါနဲ႔ သုံးေယာက္ေျမာက္မိန္းမကို ေမးျပန္တယ္။” မရဘူး ငါ့ဘ၀က ဒီအခ်ိန္မွာ ေပ်ာ္စရာေကာင္းေနၿပီ ရွင္ေသရင္ ကၽြန္မက ေနာက္တစ္ေယာက္ဆီ လိုက္သြားမွာပဲ ” လို႔ေျဖတယ္။ သူေဌးႀကီး အရမ္းကို ခံစားသြားရတယ္
ႏွစ္ေယာက္ေျမာက္ မိန္းမကို ေမးျပန္တယ္။” စိတ္မေကာင္းပါဘူး ငါနင္နဲ႔အတူလိုက္မေသနိင္ဘူး ငါနင့္ကိုေတာ့ အုတ္ဂူအထိလိုက္ပို႔ပါ့မယ္” သူေဌးႀကီး လုံး၀စိတ္ထိခိုက္သြားတယ္ ၿပီးေတာ့ ပထမမိန္းမကို လွည့္ၾကည့္တယ္
ပထမ မိန္းမကေတာ့ ” ေကာင္းၿပီ ကၽြန္မလိုက္ခဲ့မယ္” လို႔ေျဖလိုက္တယ္။သူေဌးႀကီးလဲ ပထမမိန္းမကို ၀မ္းသာအားရေပြ႕ဖက္လိုက္တယ္။
ပုံျပင္ေလးၿပီးသြားတဲ့အခါ အဖိုးအိုက သူ႔ေျမးကို ရွင္းျပတယ္”
”ငါ့ေျမး ဒီပုံျပင္ထဲက #ေလးေယာက္ေျမာက္မိန္းမဆိုတာ တျခားမဟုတ္ဘူး #ငါတို႔ရဲ့ခႏၶာကိုယ္ပဲ။ငါတို႔ဟာကိုယ့္ခႏၶာကိုအလွအပေတြဆင္၊မဖ်ားနာေအာင္ဂ႐ုစိုက္တာေတာင္မွ ေသရင္ငါတို႔နဲ႔အတူလိုက္နိုင္မွာမဟုတ္ဘူး
#တတိယမိန္းမကေတာ့ #စီးပြားဥစၥာကိုရည္ညြန္းတယ္။ ငါတို႔ဘယ္ေလာက္ရွာခဲ့ရွာခဲ့ ငါတို့ေသရင္ ကိုယ့္သားသမီး၊အျခားလူေတြဆီပါသြားမယ္။ ငါတို႔နဲ႔အတူလိုက္နိုင္မွာမဟုတ္ဘူး။
#ဒုတိယမိန္းမကေတာ့ #ငါတို႔မိသားစုေတြနဲ႔ #သူငယ္ခ်င္းေတြပဲ။ သူတို႔က ငါတို႔ကိုအရာအားလုံးမွာ ကူညီေပမယ့္ ငါတို႔ေသတဲ့အခါ လိုက္ပဲပို႔နိုင္မယ္ သူတို႔ကေတာ့ လိုက္နိုင္မွာမဟုတ္ဘူး။
#ပထမမိန္းမကေတာ့ ငါတို႔ရဲ့ #လုပ္ခဲ့မိတဲ့ကုသိုလ္အကုသိုလ္ပဲ တစ္နည္းအားျဖင့္ေျပာရရင္ နာမ္ပဲ။ ငါတို႔က သူ႔ကို သတိမထားမိေပမယ့္ သူကေတာ့ ငါတို႔နဲ႔အတူတူ သံသရာတစ္ေလၽွာက္လုံး လိုက္ပါလာလိမ့္မယ္
#Credit
Unicode
(အရမ်းကောင်းတဲ့ စာစုလေးပါ။ အချိန်လေးခနပေးလို့ အကျိုးမယုတ်ပါဘူး )
သူကြွယ်ကြီးနဲ့ မယားလေးယောက်
တစ်ခါတုန်းက အရမ်းကို ချမ်းသာတဲ့ သူဌေးကြီးတစ်ဦးရှိတယ်။ ပြီးတော့ သူ့မှာ မိန်းမ လေးယောက်ယူထားတယ်။ လေးယောက်လုံးကလဲ တစ်အိမ်ထဲနေပြီးတော့တစ်ယောက်နဲ့ တစ်ယောက်ကလဲ ချစ်ခင်ကြတယ်
၄ ယောက်မြောက်မိန်းမကိုတော့ သူဌေးကြီးက အချစ်ဆုံးပဲ။ အဲ့မိန်းမကို ဝတ်ကောင်းစားလှတွေ အချိန်တိုင်း ဆင်ပေးပြီးတော့ဖျားနာတာမျိုးမဖြစ်ရအောင် အချိန်ပေးပြိးတော့ ဂရုစိုက်တယ်
သူကဂရုစိုက်ပေမယ့် သူ့မိန်းမကတော့ သူ့ကို ဘာမှပြန်မလုပ်ပေးဘူး။၃ ယောက်မြောက်မိန်းမကိုလဲ တော်တော်ချစ်ရှာတယ်။ အဲဒီမိန်းမအတွက် အချိန်တွေပေးထားတယ်။ အလုပ်တွေကြိုးစားတယ်
အဲဒီမိန်းမက သူ့အတွက် စီးပွားရေးလဲ တစ်ဖက်တစ်လမ်းလုပ်ပေးသေးတယ်။သူဌေးကြီးကတော့ အဲဒီမိန်းမက တစ်ခြားတစ်ယောက်နဲ့ပါသွားမှာကို အရမ်းစိုးရိမ်တယ်
၂ ယောက်မြောက်မိန်းမကိုလဲ အလွန်ချစ်တယ်။သူက အတွေးအခေါ်ကောင်းတယ် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတယ်။တစ်ခါတစ်လေ သူဌေးကြီး စိတ်ဓါတ်ကျနေရင်တောင် ထွေးပွေ့ပြီး အားပေးတတ်တဲ့သူဖြစ်တယ်
ပထမမိန်းမကိုတော့ သူသိပ်ကြည့်မရဘူး။ သူနဲ့အတူတူသွားလာနေတာကလွဲလို့ သူ့ကို ဘာမှမလုပ်ပေးနိုင်ဘူးလို့ထင်တယ်။ သူ့မိန်းမကတော့ သူ့ကိုအရမ်းချစ်တယ်။ဒါပေမယ့်သူကတော့ သိပ်ဂရုမစိုက်ဘူး
ဒီလိုနဲ့ တစ်နေ့မှာတော့ သူဌေးကြီးမှာ ရောဂါတစ်ခုရပါလေရော။ ဆရာဝန်ကလဲ မကြာခင်သေတော့မယ်လို့ပြောလိုက်တယ်။သူဌေးကြီး အိပ်ရာပေါ်လဲပြီ
သူ့မိန်းမလေးယောက်က သူ့ကို ဝိုင်းပြုစုကြတယ်။အဲဒါနဲ့ သူဌေးကြီးက လေးယောက်မြောက် မိန်းမကို မေးလိုက်တယ်။
” ငါသေရင် တမလွန်မှာ တစ်ယောက်ထဲ အဖော်မဲ့နေမယ် ရှင်မရေ မင်းငါနဲ့ တမလွန်ကိုလိုက်ခဲ့မလား ” လို့မေးလိုက်တယ်။သူ့မိန်းမက သူ့နားကထွက်သွားတယ်။ ပြီးတော့ ခေါင်းခါပြတယ်။
ဒါနဲ့ သုံးယောက်မြောက်မိန်းမကို မေးပြန်တယ်။” မရဘူး ငါ့ဘဝက ဒီအချိန်မှာ ပျော်စရာကောင်းနေပြီ ရှင်သေရင် ကျွန်မက နောက်တစ်ယောက်ဆီ လိုက်သွားမှာပဲ ” လို့ဖြေတယ်။ သူဌေးကြီး အရမ်းကို ခံစားသွားရတယ်
နှစ်ယောက်မြောက် မိန်းမကို မေးပြန်တယ်။” စိတ်မကောင်းပါဘူး ငါနင်နဲ့အတူလိုက်မသေနိင်ဘူး ငါနင့်ကိုတော့ အုတ်ဂူအထိလိုက်ပို့ပါ့မယ်” သူဌေးကြီး လုံးဝစိတ်ထိခိုက်သွားတယ် ပြီးတော့ ပထမမိန်းမကို လှည့်ကြည့်တယ်
ပထမ မိန်းမကတော့ ” ကောင်းပြီ ကျွန်မလိုက်ခဲ့မယ်” လို့ဖြေလိုက်တယ်။သူဌေးကြီးလဲ ပထမမိန်းမကို ဝမ်းသာအားရပွေ့ဖက်လိုက်တယ်။
ပုံပြင်လေးပြီးသွားတဲ့အခါ အဖိုးအိုက သူ့မြေးကို ရှင်းပြတယ်”
”ငါ့မြေး ဒီပုံပြင်ထဲက #လေးယောက်မြောက်မိန်းမဆိုတာ တခြားမဟုတ်ဘူး #ငါတို့ရဲ့ခန္ဓာကိုယ်ပဲ။ငါတို့ဟာကိုယ့်ခန္ဓာကိုအလှအပတွေဆင်၊မဖျားနာအောင်ဂရုစိုက်တာတောင်မှ သေရင်ငါတို့နဲ့အတူလိုက်နိုင်မှာမဟုတ်ဘူး
#တတိယမိန်းမကတော့ #စီးပွားဥစ္စာကိုရည်ညွန်းတယ်။ ငါတို့ဘယ်လောက်ရှာခဲ့ရှာခဲ့ ငါတို့သေရင် ကိုယ့်သားသမီး၊အခြားလူတွေဆီပါသွားမယ်။ ငါတို့နဲ့အတူလိုက်နိုင်မှာမဟုတ်ဘူး။
#ဒုတိယမိန်းမကတော့ #ငါတို့မိသားစုတွေနဲ့ #သူငယ်ချင်းတွေပဲ။ သူတို့က ငါတို့ကိုအရာအားလုံးမှာ ကူညီပေမယ့် ငါတို့သေတဲ့အခါ လိုက်ပဲပို့နိုင်မယ် သူတို့ကတော့ လိုက်နိုင်မှာမဟုတ်ဘူး။
#ပထမမိန်းမကတော့ ငါတို့ရဲ့ #လုပ်ခဲ့မိတဲ့ကုသိုလ်အကုသိုလ်ပဲ တစ်နည်းအားဖြင့်ပြောရရင် နာမ်ပဲ။ ငါတို့က သူ့ကို သတိမထားမိပေမယ့် သူကတော့ ငါတို့နဲ့အတူတူ သံသရာတစ်လျှောက်လုံး လိုက်ပါလာလိမ့်မယ်
#Credit



