ကိုယ့္ကိုယ္ကိုယ္သိပ္ခ်စ္ေနတဲ့သူကိုယ့္ကိုယ္ကိုယ္သိပ္အမႊန္းတင္ေနတဲ့သူကိုယ့္ကိုယ္ကိုယ္သိပ္အထင္ႀကီးတတ္တဲ့သူကို ဘယ္ေတာ့မွမခ်စ္မိေစနဲ႔..၊
သူတို႔မွာကိုယ္ခ်င္းစာတရားမရွိဘူးသူ႔ဘက္ကိုယ့္ဘက္ဘယ္ေတာ့မွထည့္မေတြးတတ္ဘူးသူတို႔သာလၽွင္ေတာ္တယ္သူတို႔သာလၽွင္တတ္တယ္သူတို႔ဘဝကမွတကယ္ႀကိဳးစားတာက်န္တဲ့သူေတြက မသိ/မေတာ္/မတတ္ဘူးက်န္တဲ့သူက အလကား..၊
ဘယ္လိုပဲညႇိႏွိုင္းမႈေတြလုပ္ပါေစမူလအေျခခံစိတ္ဓာတ္ကိုကဘဝင္ျမင့္ေနတဲ့အတြက္အတၱႀကီးေနတာျဖစ္တဲ့အတြက္ကိုယ္ခ်င္းစာျခင္းဆိုတာျဖစ္လာမွာမဟုတ္ပါဘူး..။
တဏွာအတြက္လိင္ကိစၥအတြက္ပက္သက္တယ္အပ်င္းေျပအေဖာ္ရေအာင္တြဲတယ္တျခားကိစၥတစ္ခုခုနဲ႔ပက္သက္တယ္ဒါေပမယ့္ ရင္ထဲမွာမူလကတည္းကခ်စ္ျခင္းေမတၱာအတြက္ျပင္ဆင္ထားျခင္းမရွိလို႔..၊
သူတို႔ရဲ့အခ်စ္ေတြဟာ ခဏအတြင္းေပ်ာက္ကြယ္သြားတတ္တယ္သည္းခံနိုင္စြမ္းေတြဟာဘာမဟုတ္တဲ့ကိစၥေလးေတြမွာတင္ေပ်ာက္သြားၾကပါတယ္..။
သူတို႔ကိုယ္သူတို႔သာခ်စ္ၾကတဲ့အတြက္တစ္စုံတစ္ေယာက္ကိုတစ္ခုခုအေလၽွာ့ေပးၿပီးခ်စ္ဖို႔ဆိုတာဘယ္ေတာ့မွျဖစ္လာမွာမဟုတ္ပါဘူး..။
သူတို႔ကိုယ္သူတို႔သာအေတာ္ဆုံးလို႔သက္မွတ္ထားတဲ့အတြက္သင့္ဆီမွာရွိတဲ့ဘယ္အရာကိုမွအထင္ႀကီးေလးစားလာမွာမဟုတ္ပါဘူး..။
သူတို႔ကိုသူတို႔သာအဆင္ေျပေအာင္ေနၾကတာမို႔သင့္ရဲ့အဆင္မေျပမႈေတြကိုဘယ္ေတာ့မွ မၽွေဝယူမွာမဟုတ္ပါဘူး..။
သူတို႔ဟာ သင္တင္မကဘူးဘယ္သူနဲ႔မွသူတို႔နဲ႔မတန္ဘူးလို႔ေတြးထင္ေနၾကသူေတြပါ..။
သင့္ရဲ့ခက္ခဲတဲ့အခ်ိန္႐ုန္းကန္ရမယ့္အခ်ိန္ေတြကိုပထမတစ္ေခါက္ႏွစ္ေခါက္ေတာ့ခ်စ္ျခင္းေမတၱာအရအားနာပါးနာမၽွေဝယူေပမယ့္ေနာက္အေခါက္ေတြမွာေတာ့အလိမၼာသုံးၿပီးအသာေရွာင္ထြက္သြားမွာပါ..။
သူတို႔ရဲ့အခက္အခဲမဟုတ္တဲ့တျခားသူရဲ့အဆင္မေျပမႈေတြကိုမၽွေဝယူဖို႔အထိသူတို႔စိတ္ေတြဟာ မေခ်ာေမြ႕ၾကပါဘူး..။
တကယ္ေတာ့ သူတို႔ဟာဘယ္သူ႔ကိုမွ မလိုအပ္တဲ့လူေတြျဖစ္ပါတယ္ခဏတျဖဳတ္လိုအပ္ခ်က္အရသင့္ကိုလာေရာက္ပတ္သက္ၾကတာျဖစ္ပါတယ္..။
ခ်စ္ျခင္းေမတၱာအတြက္စိတ္ေစတနာေကာင္းမရွိဘူးသည္းခံနိုင္စြမ္းမရွိဘူးေပးဆပ္ဖို႔အတြက္သတၱိမရွိဘူးအနစ္နာခံဖို႔ႏွလုံးသားမရွိဘူး..။
သူတို႔ကိုသြားခ်စ္မိရင္အခ်ိန္ေတြကုန္မယ္ေမၽွာ္လင့္ခ်က္ေတြေပ်ာက္ဆုံးမယ္အနာဂတ္အတြက္သင့္စိတ္ကူးေတြအလဟႆျဖစ္မယ္ေနာက္ဆုံးေနာင္တေတြနဲ႔က်န္ခဲ့လိမ့္မယ္ဒါပါပဲ..၊
ဒီလိုလူေတြအတြက္အၾကင္နာတကယ္စစ္ရင္လည္းအသြားနဲ႔အျပန္မရွိနိုင္ပါဘူးဘယ္လိုေပးဆပ္ေပးဆပ္သင့္ေစတနာေတြကိုသူခံစားနိုင္မွာမဟုတ္ပါဘူး..။
တကယ္လို႔သင္ခ်စ္ေနတဲ့လူ ဒါမွမဟုတ္ခ်စ္လိုက္ေတာ့မယ္လို႔ဆုံးျဖတ္ထားတဲ့လူကဒီလိုစရိုက္ေတြရွိေနရင္ေတာ့စြန႔္လႊတ္နိုင္ဖို႔သာႀကိဳးစားပါခပ္ျမန္ျမန္ ေရွာင္ေျပးဖို႔သာစဥ္းစားပါ..။
ေလာကမွာခ်စ္ျခင္းေမတၱာကို(တကယ္)မလိုတဲ့သူေတြအမ်ားႀကီးပါ..။

Credit…..Min Yel KyawSwar💙
Unicode
ကိုယ့်ကိုယ်ကိုယ်သိပ်ချစ်နေတဲ့သူကိုယ့်ကိုယ်ကိုယ်သိပ်အမွှန်းတင်နေတဲ့သူကိုယ့်ကိုယ်ကိုယ်သိပ်အထင်ကြီးတတ်တဲ့သူကို ဘယ်တော့မှမချစ်မိစေနဲ့..၊
သူတို့မှာကိုယ်ချင်းစာတရားမရှိဘူးသူ့ဘက်ကိုယ့်ဘက်ဘယ်တော့မှထည့်မတွေးတတ်ဘူးသူတို့သာလျှင်တော်တယ်သူတို့သာလျှင်တတ်တယ်သူတို့ဘဝကမှတကယ်ကြိုးစားတာကျန်တဲ့သူတွေက မသိ/မတော်/မတတ်ဘူးကျန်တဲ့သူက အလကား..၊
ဘယ်လိုပဲညှိနှိုင်းမှုတွေလုပ်ပါစေမူလအခြေခံစိတ်ဓာတ်ကိုကဘဝင်မြင့်နေတဲ့အတွက်အတ္တကြီးနေတာဖြစ်တဲ့အတွက်ကိုယ်ချင်းစာခြင်းဆိုတာဖြစ်လာမှာမဟုတ်ပါဘူး..။
တဏှာအတွက်လိင်ကိစ္စအတွက်ပက်သက်တယ်အပျင်းပြေအဖော်ရအောင်တွဲတယ်တခြားကိစ္စတစ်ခုခုနဲ့ပက်သက်တယ်ဒါပေမယ့် ရင်ထဲမှာမူလကတည်းကချစ်ခြင်းမေတ္တာအတွက်ပြင်ဆင်ထားခြင်းမရှိလို့..၊
သူတို့ရဲ့အချစ်တွေဟာ ခဏအတွင်းပျောက်ကွယ်သွားတတ်တယ်သည်းခံနိုင်စွမ်းတွေဟာဘာမဟုတ်တဲ့ကိစ္စလေးတွေမှာတင်ပျောက်သွားကြပါတယ်..။
သူတို့ကိုယ်သူတို့သာချစ်ကြတဲ့အတွက်တစ်စုံတစ်ယောက်ကိုတစ်ခုခုအလျှော့ပေးပြီးချစ်ဖို့ဆိုတာဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး..။
သူတို့ကိုယ်သူတို့သာအတော်ဆုံးလို့သက်မှတ်ထားတဲ့အတွက်သင့်ဆီမှာရှိတဲ့ဘယ်အရာကိုမှအထင်ကြီးလေးစားလာမှာမဟုတ်ပါဘူး..။
သူတို့ကိုသူတို့သာအဆင်ပြေအောင်နေကြတာမို့သင့်ရဲ့အဆင်မပြေမှုတွေကိုဘယ်တော့မှ မျှဝေယူမှာမဟုတ်ပါဘူး..။
သူတို့ဟာ သင်တင်မကဘူးဘယ်သူနဲ့မှသူတို့နဲ့မတန်ဘူးလို့တွေးထင်နေကြသူတွေပါ..။
သင့်ရဲ့ခက်ခဲတဲ့အချိန်ရုန်းကန်ရမယ့်အချိန်တွေကိုပထမတစ်ခေါက်နှစ်ခေါက်တော့ချစ်ခြင်းမေတ္တာအရအားနာပါးနာမျှဝေယူပေမယ့်နောက်အခေါက်တွေမှာတော့အလိမ္မာသုံးပြီးအသာရှောင်ထွက်သွားမှာပါ..။
သူတို့ရဲ့အခက်အခဲမဟုတ်တဲ့တခြားသူရဲ့အဆင်မပြေမှုတွေကိုမျှဝေယူဖို့အထိသူတို့စိတ်တွေဟာ မချောမွေ့ကြပါဘူး..။
တကယ်တော့ သူတို့ဟာဘယ်သူ့ကိုမှ မလိုအပ်တဲ့လူတွေဖြစ်ပါတယ်ခဏတဖြုတ်လိုအပ်ချက်အရသင့်ကိုလာရောက်ပတ်သက်ကြတာဖြစ်ပါတယ်..။
ချစ်ခြင်းမေတ္တာအတွက်စိတ်စေတနာကောင်းမရှိဘူးသည်းခံနိုင်စွမ်းမရှိဘူးပေးဆပ်ဖို့အတွက်သတ္တိမရှိဘူးအနစ်နာခံဖို့နှလုံးသားမရှိဘူး..။
သူတို့ကိုသွားချစ်မိရင်အချိန်တွေကုန်မယ်မျှော်လင့်ချက်တွေပျောက်ဆုံးမယ်အနာဂတ်အတွက်သင့်စိတ်ကူးတွေအလဟဿဖြစ်မယ်နောက်ဆုံးနောင်တတွေနဲ့ကျန်ခဲ့လိမ့်မယ်ဒါပါပဲ..၊
ဒီလိုလူတွေအတွက်အကြင်နာတကယ်စစ်ရင်လည်းအသွားနဲ့အပြန်မရှိနိုင်ပါဘူးဘယ်လိုပေးဆပ်ပေးဆပ်သင့်စေတနာတွေကိုသူခံစားနိုင်မှာမဟုတ်ပါဘူး..။
တကယ်လို့သင်ချစ်နေတဲ့လူ ဒါမှမဟုတ်ချစ်လိုက်တော့မယ်လို့ဆုံးဖြတ်ထားတဲ့လူကဒီလိုစရိုက်တွေရှိနေရင်တော့စွန့်လွှတ်နိုင်ဖို့သာကြိုးစားပါခပ်မြန်မြန် ရှောင်ပြေးဖို့သာစဉ်းစားပါ..။
လောကမှာချစ်ခြင်းမေတ္တာကို(တကယ်)မလိုတဲ့သူတွေအများကြီးပါ..။
Credit…..Min Yel KyawSwar💙


