အလွပေရးရာ

လေ့ကျင့်ခန်းလုပ်စရာမလိုပဲ ကယ်လိုရီတွေလောင်ကျွမ်းသွားစေမယ့် အလေ့အကျင့်များ

သင့်အတွက် ကယ်လိုရီတွေလောင်ကျွမ်းသွားဖို့ဆိုတာ အရမ်းကြီးခက်ခဲတဲ့ အရာတစ်ခုဖြစ်နေပါသလား။

Gym တွေက အားကစားတွေလုပ်မှ ကယ်လိုရီလောင်ကျွမ်းမှာမဟုတ်ပါဘူး။

နေ့စဉ်ပြုလုပ်နေကျအလေ့အကျင့်တွေထဲကနေ ခန္ဓာကိုယ်မှာရှိတဲ့

အဆီပိုတွေနဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းသွားစေမယ့်နည်းလမ်းတစ်ချို့မျှဝေပေးချင်ပါတယ်။

(၁) ဥယျာဉ်စိုက်ပါ

ကိုယ့်ရဲ့ အိမ်ခြံဝန်းအတွက် ဥယျာဉ်စိုက်ပျိုးခြင်းက ကယ်လိုရီ လောင်ကျွမ်းစေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ဘာကြောင့်လည်းဆိုရင် ဥယျာဉ်စိုက်တဲ့အခါ မြေကြီးတွေတူးဆွရမယ် ပန်းအိုးတွေမရမယ် သစ်ပင်တွေရေလောင်းရမယ် စသည့်ဖြင့် ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှား

ဖြစ်စေမယ့် အလေ့အကျင့်တွေ ကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ကယ်လိုရီတွေလောင်ကျွမ်းသွားစေမှာဖြစ်ပါတယ်။

ဒါ့အပြင်ဥယျာဉ်စိုက်ပျိုးခြင်းဆိုတာ စိတ်ကိုလည်း လန်းဆန်းကြည်နူးစေတာကြောင့် တစ်ရက်ကိုနာရီဝက်လောက်အချိန်ပေးပြီး ကိုယ်ပိုင်ဥယျာဉ်လေးကိုစိုက်ပျိုး

လိုက်ပါ။

(၂) လမ်းလျောက်ပါ

လမ်းလျောက်ခြင်းဆိုတာကတော့ ထွေထွေထူးထူးလုပ်ဆောင်ရမယ့် အလေ့အကျင့်တစ်ခုမဟုတ်ပါဘူး။

နေ့စဉ်ပြုလုပ်နေကြအရာတစ်ခုဖြစ်တဲ့အတွက် အခက်အခဲလည်းမရှိသလို အချိန်တွေနေရာတွေလည်းအများကြီးပေးစရာမလိုတဲ့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါ

တယ်။

တစ်နေ့ကို နာရီဝက်လောက် လမ်းလျောက်ခြင်းဖြင့် ခြေထောက်ကြွက်သားတွေသန်မာစေမှာဖြစ်သလို ပေါင်နဲ့ တင်ပါးတစ်ဝိုက်မှာရှိတဲ့ အဆီတွေလောင်ကျွမ်းစေမှာ

ဖြစ်ပါတယ်။

(၃) ကလေးထိန်းပါ

ကလေးထိန်းခြင်းကလည်း သင့်ကလေးရဲ့ ဆော့ကစားမှုအပေါ်မှုတည်ပြီး ကယ်လိုရီလောင်ကျွမ်းစေမယ့် အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။

ပျမ်းပျှအားဖြင့် နာရီဝက်ခန့် ကလေးထိန်းမယ်ဆိုရင် ကယ်လိုရီ ၁၀၀ နီးပါးလောင်ကျွမ်းစေမှာဖြစ်ပြီးကလေးရဲ့ ဆော့ကစားမှုပေါ်မူတည်ပြီး ကယ်လိုရီများများ ပို

လောင်ကျွမ်းစေမှာဖြစ်ပါတယ်။

ကယ်ရီလောင်ကျွမ်းရုံတင်မကပဲ ကလေးတွေနဲ့ နီးနီးကပ်ကပ်နေခြင်း ကလေးတွေနဲ့ စကားပြောခြင်းက ပျော်ရွှင်မှုကိုရရှိစေမှာဖြစ်သလို သင့်ရဲ့စိတ်ကိုပိုမိုလန်းဆန်း

စေမှာဖြစ်ပါတယ်။

(၄) အိမ်သန့်ရှင်းရေးလုပ်ပါ

အိမ်သန့်ရှင်းရေးလုပ်တယ်ဆိုတာ ကောင်းမွန်တဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။

သင့်ရဲ့ အိမ်လေးကိုလည်းအမြဲ သပ်သပ် ရပ်ရပ်နဲ့ ကြည့်ကောင်း နေစေမှာဖြစ်သလို ကယ်လိုရီလည်းအများအပြားလောင်ကျွမ်းစေမှာဖြစ်ပါတယ်။

တံမြတ်စည်းလှဲခြင်း ကြမ်းတိုက်ခြင်း အမှိုက်ရှင်းခြင်းစသည်ဖြင့် ပြုလုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ကကယ်လိုရီတွေကိုလောင်ကျွမ်းစေသလို ကြွက်သားတွေ သန်မာ

လာစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင်သင်ဟြာအိမ်ရဲ့ Decoration ကိုအမြဲပြောင်းလဲနေရတာကြိုက်တဲ့ သူတစ်ယောက်ဆိုရင်တော့ မကြာခဏ အိမ်မှာရှိတဲ့ပစ္စည်းတွေနေရာရွေ့ပြီး

အပြောင်းအလဲ လုပ်ကြည့်ပါ။

ဒီလိုလုပ်ခြင်းက လည်းအဆီပိုနဲ့ ကယ်လိုရီတွေကိုလောင်ကျွမ်းစေမှာဖြစ်သလို သင့်ရဲ့အိမ်လေးကိုလည်း အမြဲသစ်လွင်တောင်ပြောင်မှု တွေနဲ့ ခမ်းနားနေစေမှာဖြစ်ပါ

တယ်

Credit