အလွပေရးရာ

ပြီးပြည့်စုံလှပတဲ့ နှာခေါင်းဖြစ်ဖို့အတွက် လေ့ကျင့်ခန်း (၇) ခု

မော်ဒယ်တွေနှင့် ရုပ်ရှင်သရုပ်ဆောင်တွေ လိုမျိုး လှပတယ်လို့ ယူဆကြတဲ့ အမျိုးသမီးအများစုဟာ တောက်ပြောင်တဲ့ အကျီရှည်တွေ၊ မျက်လုံးအကြီးကြီးတွေ၊ နှုတ်ခမ်းနီတွေနှင့် လှပတဲ့ ချွန်ထက်တဲ့ နှာတံ ရှိတတ်ကြပါတယ်။

နှာခေါင်းဟာ မျက်နှာရဲ့ ဆုံမှတ်ဖြစ်တာကြောင့် အလွန်အရေးကြီးပါတယ်။ လူတွေကိုလည်း ဖမ်းစားနိုင်ပါတယ်။

နှာတံကို ပြီးပြည့်စုံအောင် ပြုလုပ်ဖို့ နည်းလမ်းများစွာ ရှိပါတယ်။ မိတ်ကပ်လိမ်းတာ၊ ဒါမှမဟုတ် ပိုရှုပ်ထွေးတဲ့ပလတ်စတစ်ဆာဂျရီ ပြုလုပ်တာတွေပါ။ ပြီးပြည့်စုံတဲ့ နှာခေါင်းပုံသဏ္ဍာန်ကို ရရှိဖို့ လွယ်ကူသော လေ့ကျင့်ခန်းများကိုလည်း ပုံမှန်ပြုလုပ် နိုင်ပါတယ်။

၁။ နှာခေါင်းပုံသွင်းခြင်း

နှာတံပုံသဏ္ဍာန်နဲ့ပတ်သက်ပြီးအမြဲတစေညည်းညူနေတတ်တဲ့အမျိုးသမီးတွေအတွက်အသင့်တော်ဆုံးနည်းလမ်းပါ။ဒီလေ့ကျင့်ခန်းကို ပုံမှန်လုပ်ရင် အချိန်တန်ရင် သင့်နှာခေါင်းပုံသဏ္ဍာန်က ပြောင်းလဲလာနိုင်ပြီး နှာတံကို သင်လိုချင်တဲ့ ပုံစံအတိုင်း ပုံဖော်နိုင်မှာပါ။ ဒီလေ့ကျင့်ခန်းကသင့်နှာခေါင်းလျော့ရဲခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

– နှာခေါင်းနှစ်ဖက်လုံးကို လက်ညှိုးလေးနဲ့ ဖိပေးပြီး အသက်ကို ပြင်းပြင်းရှုပါ။

– အောက်ခြေအထိ ပိုဖိနိုင်လေ ကောင်းလေပါပဲ။ အသက်ကို အရမ်းမရှုလည်း ရပါတယ်။

– ဒီလေ့ကျင့်ခန်းကို တစ်နေ့ (၁၀) ကြိမ်လောက် ပြုလုပ်ပေးပါ။

၂။ နှာခေါင်းတိုခြင်း

အသက်အရွယ် ပြောင်းလဲလာတာကြောင့် ခန္ဒာကိုယ်ကပါ လိုက်ပြီးပြောင်းလဲ လာပါတယ်။ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့အခြားသောယိုယွင်းမှုတွေနှင့်အတူ အရိုးတွေ၊ အရိုးနုတွေနှင့် ကြွက်သား‌တွေကလည်း ပြင်းထန်တဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင်ရပါတယ်။ဒီလေ့ကျင့်ခန်းကသင့်နှာခေါင်းကို တိုစေတဲ့အပြင် အရိုးနုတွေပျက်စီးတာတွေကလည်း ကာကွယ်ပေးနိုင်ပါတယ်။

– လက်ညိုးကို သင့်နှာခေါင်းဖျားတွင် ထားကာ ညင်သာစွာ နှိပ်ပါ။

– လက်ချောင်းကို သုံးပြီးတော့ နှာခေါင်းကို အောက်ဘက်ကို ဖိပေးပါ။

– ဒီလေ့ကျင့်ခန်းကို လုပ်နိုင်သလောက် အကြိမ်ပေါင်းများစွာ နေ့စဉ်လုပ်နိုင်ပါတယ်။

၃။ နှာခေါင်းဖြောင့်ခြင်း

သဘာဝအတိုင်း သင့်နှာခေါင်းကို ပုံစံပြောင်းလဲ နိုင်တာကတော့ အံ့ဩစရာပါပဲ။ ဒါက နည်းလမ်း အားလုံးထဲမှာ အရိုးရှင်းဆုံး နည်းလမ်းပါပဲ။ ရိုးရှင်းတဲ့ အပြုံးလေးကနေ သင့်နှာခေါင်း ဖြောင့်သွားစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။

– ပထမဆုံး ပြုံးလိုက်ပြီး သင့်လက်ချောင်းတွေနှင့် နှာခေါင်းကို အပေါ်ကို ပင့်တင်ထားပါ။

– ဒါက သင့်နှာခေါင်း နှစ်ဖက်မှာရှိတဲ့ ကြွက်သားတွေကို ပြောင်းလဲပေးဖို့ ကူညီပေးပါလိမ့်မယ်။

– ဒီလေ့ကျင့်ခန်းကို နေ့စဉ် အကြိမ် ၂၀ မှ ၃၀ အထိ ပြုလုပ်ပေးပါ။

၄။ အသက်ရှုခြင်း

ယောဂနှင့် အခြားသော လေ့ကျင့်ခန်းတွေမှာ အသက်ရှု လေ့ကျင့်ခန်းက အလွန်အရေးကြီးပါတယ်။နက်ရှိုင်းစွာရှူရှိုက်ခြင်းနှင့် ရှူထုတ်ခြင်းဟာ အကျိုးကျေးဇူးများစွာရရှိပြီးတော့ အသက်ရှုတာကနေလည်း သင့်နှာခေါင်းကို ပုံသွင်းနိုင်ပါတယ်။

– သက်တောင့်သက်သာ ထိုင်ပါ။ နှာခေါင်းပေါက် တစ်ဖက်ကို ပိတ်ဆို့ထားပြီး အခြားနှာခေါင်းပေါက်ကနေတစ်ဆင့် လေကိုရှူသွင်းပြီး လေးစက္ကန့်လောက် ဖိထားပါ။

– ပြီးတော့ နောက်ထပ် နှာခေါင်းတစ်ဖက်ကို ထပ်ပိတ်လိုက်ပြီး စောစောက ပိတ်ထားတဲ့ နှာခေါင်းကနေ လေကို ထုတ်လိုက်ပါ။

– တစ်လှည့်စီ ပိတ်လိုက်၊ ရှုသွင်းလိုက်၊ မှုတ်ထုတ်လိုက် လုပ်ပေးပါ။

– တစ်ခါလုပ်ရင် (၁၀) ကြိမ်လောက် ပြုလုပ်ပေးပါ။

၅။ နှာခေါင်းကို ကစားပေးခြင်း

နှာခေါင်းကို ပြုပြင်နေတာထက် နှာခေါင်းကို လေ့ကျင့်ခန်း ပြုလုပ်ပေးတာကအချိန်ကုန်၊ငွေကုန်သက်သာစေပါတယ်။သင့်ရဲ့ နှာခေါင်းကြွက်သားတွေက သန်မာလာပြီး ပိုလှလာမှာလည်း ဖြစ်ပါတယ်။

– လုပ်ရမှာကတော့ သင့်မျက်နှာကို လုံးဝငြိမ်နေအောင် ထားပြီး နှာခေါင်းတစ်ခုထဲကိုပဲ လှုပ်ရှားနေစေရမှာပဲ ဖြစ်ပါတယ်။

– အနည်းဆုံးတော့ တစ်နေ့တစ်ကြိမ် လောက်တော့ ပြုလုပ်ပေးပါ။

၆။ နှာခေါင်းကို နှိပ်နယ်ပေးခြင်

ဒီလို နှိပ်ပေးတာဟာ သင့်နှာခေါင်းကို ကျဉ်းသွားစေတဲ့အပြင် ခေါင်းကိုက်တာတွေကနေတည်း သက်သာစေပါတယ်။

– နှာခေါင်းအရင်းကနေပြီးတော့ အောက်ခြေအထိ တဖြည်းဖြည်း နှိပ်သွားပါ။

– လက်ချောင်းများကို စက်ဝိုင်းပုံသဏ္ဍာန်နဲ့ ရွေ့လျားပါ။

– အနည်းဆုံး တစ်နေ့ကို (၅) မိနစ်လောက် နိပ်နယ်ပေးပါ။

၇။ အရေးအကြောင်းများကို ဖယ်ရှားခြင်း

အသက်ကြီးလာတာနဲ့အမျှ အရေးအကြောင်းတွေက ပိုမိုထင်ရှားလာပြီး ကြည့်ရဆိုး လာစေပါတယ်။ ဒီရိုးရှင်းတဲ့လေ့ကျင့်ခန်းဟာအစင်းကြောင်းတွေကို ဖယ်ရှားပစ်ဖို့ ကူညီပေးပါလိမ့်မယ်။

– သင်လုပ်ရမှာက သင့်ပါးစပ်ထဲကို လေအဝရှူသွင်းပြီး ပါးတစ်ဖက်စီကို ငါးစက္ကန့်လောက် ဖိထားပေးပါ။

– ဖိလို့ အချိန်ပြည့်တာနဲ့ လေကို မှုတ်ထုတ်လိုက်ပါ။

– တစ်နေ့ တစ်ကြိမ်ခန့် ပြုလုပ်ပေးပါ။

နှာခေါင်းဟာ ပြန်လည်ဖွဲ့စည်းဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့ အခက်ခဲဆုံး နေရာဖြစ်ပါတယ်။ ဒီရိုးရှင်းတဲ့လေ့ကျင့်ခန်းတွေဟာသင့်နှာခေါင်းကြွက်သားတွေကို လွယ်ကူစွာပြောင်းလဲစေနိုင်ပြီး အပိုကုန်ကျစရိတ် မရှိဘဲ ကူညီပေးပါလိမ့်မယ်။ လုံ့လဝီရိယရှိရှိ လေ့ကျင့်ပြီး စိတ်ရှည်ရှည် ထားတတ်ဖို့တော့ လိုအပ်ပါတယ်။

for zawgyi

ပြီးပြည့်စုံလှပတဲ့ နှာခေါင်းဖြစ်ဖို့အတွက် လေ့ကျင့်ခန်း (၇) ခု

မော်ဒယ်တွေနှင့် ရုပ်ရှင်သရုပ်ဆောင်တွေ လိုမျိုး လှပတယ်လို့ ယူဆကြတဲ့ အမျိုးသမီးအများစုဟာ တောက်ပြောင်တဲ့ အကျီရှည်တွေ၊ မျက်လုံးအကြီးကြီးတွေ၊ နှုတ်ခမ်းနီတွေနှင့် လှပတဲ့ ချွန်ထက်တဲ့ နှာတံ ရှိတတ်ကြပါတယ်။

နှာခေါင်းဟာ မျက်နှာရဲ့ ဆုံမှတ်ဖြစ်တာကြောင့် အလွန်အရေးကြီးပါတယ်။ လူတွေကိုလည်း ဖမ်းစားနိုင်ပါတယ်။

နှာတံကို ပြီးပြည့်စုံအောင် ပြုလုပ်ဖို့ နည်းလမ်းများစွာ ရှိပါတယ်။ မိတ်ကပ်လိမ်းတာ၊ ဒါမှမဟုတ် ပိုရှုပ်ထွေးတဲ့ ပလတ်စတစ်ဆာဂျရီ ပြုလုပ်တာတွေပါ။ ပြီးပြည့်စုံတဲ့ နှာခေါင်းပုံသဏ္ဍာန်ကို ရရှိဖို့ လွယ်ကူသော လေ့ကျင့်ခန်းများကိုလည်း ပုံမှန်ပြုလုပ် နိုင်ပါတယ်။

၁။ နှာခေါင်းပုံသွင်းခြင်း

နှာတံပုံသဏ္ဍာန်နဲ့ ပတ်သက်ပြီး အမြဲတစေ ညည်းညူနေတတ်တဲ့ အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးနည်းလမ်းပါ။ ဒီလေ့ကျင့်ခန်းကို ပုံမှန်လုပ်ရင် အချိန်တန်ရင် သင့်နှာခေါင်းပုံသဏ္ဍာန်က ပြောင်းလဲလာနိုင်ပြီး နှာတံကို သင်လိုချင်တဲ့ ပုံစံအတိုင်း ပုံဖော်နိုင်မှာပါ။ ဒီလေ့ကျင့်ခန်းက သင့်နှာခေါင်း လျော့ရဲခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

– နှာခေါင်းနှစ်ဖက်လုံးကို လက်ညှိုးလေးနဲ့ ဖိပေးပြီး အသက်ကို ပြင်းပြင်းရှုပါ။

– အောက်ခြေအထိ ပိုဖိနိုင်လေ ကောင်းလေပါပဲ။ အသက်ကို အရမ်းမရှုလည်း ရပါတယ်။

– ဒီလေ့ကျင့်ခန်းကို တစ်နေ့ (၁၀) ကြိမ်လောက် ပြုလုပ်ပေးပါ။

၂။ နှာခေါင်းတိုခြင်း

အသက်အရွယ် ပြောင်းလဲလာတာကြောင့် ခန္ဒာကိုယ်ကပါ လိုက်ပြီးပြောင်းလဲလာပါတယ်။ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့အခြားသောယိုယွင်းမှုတွေနှင့်အတူ အရိုးတွေ၊ အရိုးနုတွေနှင့် ကြွက်သား‌တွေကလည်း ပြင်းထန်တဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင်ရပါတယ်။ ဒီလေ့ကျင့်ခန်းက သင့်နှာခေါင်းကို တိုစေတဲ့အပြင် အရိုးနုတွေပျက်စီးတာတွေကလည်း ကာကွယ်ပေးနိုင်ပါတယ်။

– လက်ညိုးကို သင့်နှာခေါင်းဖျားတွင် ထားကာ ညင်သာစွာ နှိပ်ပါ။

– လက်ချောင်းကို သုံးပြီးတော့ နှာခေါင်းကို အောက်ဘက်ကို ဖိပေးပါ။

– ဒီလေ့ကျင့်ခန်းကို လုပ်နိုင်သလောက် အကြိမ်ပေါင်းများစွာ နေ့စဉ်လုပ်နိုင်ပါတယ်။

၃။ နှာခေါင်းဖြောင့်ခြင်း

သဘာဝအတိုင်း သင့်နှာခေါင်းကို ပုံစံပြောင်းလဲ နိုင်တာကတော့ အံ့ဩစရာပါပဲ။ ဒါက နည်းလမ်း အားလုံးထဲမှာ အရိုးရှင်းဆုံး နည်းလမ်းပါပဲ။ရိုးရှင်းတဲ့ အပြုံးလေးကနေ သင့်နှာခေါင်း ဖြောင့်သွားစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။

– ပထမဆုံး ပြုံးလိုက်ပြီး သင့်လက်ချောင်းတွေနှင့် နှာခေါင်းကို အပေါ်ကို ပင့်တင်ထားပါ။

– ဒါက သင့်နှာခေါင်း နှစ်ဖက်မှာရှိတဲ့ ကြွက်သားတွေကို ပြောင်းလဲပေးဖို့ ကူညီပေးပါလိမ့်မယ်။

– ဒီလေ့ကျင့်ခန်းကို နေ့စဉ် အကြိမ် ၂၀ မှ ၃၀ အထိ ပြုလုပ်ပေးပါ။

၄။ အသက်ရှုခြင်း

ယောဂနှင့် အခြားသော လေ့ကျင့်ခန်းတွေမှာ အသက်ရှု လေ့ကျင့်ခန်းက အလွန်အရေးကြီးပါတယ်။ နက်ရှိုင်းစွာ ရှူရှိုက်ခြင်း နှင့်ရှူထုတ်ခြင်းဟာ အကျိုးကျေးဇူးများစွာရရှိပြီးတော့ အသက်ရှုတာကနေလည်း သင့်နှာခေါင်းကို ပုံသွင်းနိုင်ပါတယ်။

– သက်တောင့်သက်သာ ထိုင်ပါ။ နှာခေါင်းပေါက် တစ်ဖက်ကို ပိတ်ဆို့ထားပြီး အခြား နှာခေါင်းပေါက်ကနေ တစ်ဆင့် လေကိုရှူသွင်းပြီး လေးစက္ကန့်လောက် ဖိထားပါ။

– ပြီးတော့ နောက်ထပ် နှာခေါင်းတစ်ဖက်ကို ထပ်ပိတ်လိုက်ပြီး စောစောက ပိတ်ထားတဲ့ နှာခေါင်းကနေ လေကို ထုတ်လိုက်ပါ။

– တစ်လှည့်စီ ပိတ်လိုက်၊ ရှုသွင်းလိုက်၊ မှုတ်ထုတ်လိုက် လုပ်ပေးပါ။

– တစ်ခါလုပ်ရင် (၁၀) ကြိမ်လောက် ပြုလုပ်ပေးပါ။

၅။ နှာခေါင်းကို ကစားပေးခြင်း

နှာခေါင်းကို ပြုပြင်နေတာထက် နှာခေါင်းကို လေ့ကျင့်ခန်း ပြုလုပ်ပေးတာကအချိန်ကုန်၊ ငွေကုန်သက်သာစေပါတယ်။ သင့်ရဲ့ နှာခေါင်းကြွက်သားတွေက သန်မာလာပြီး ပိုလှလာမှာလည်း ဖြစ်ပါတယ်။

– လုပ်ရမှာကတော့ သင့်မျက်နှာကို လုံးဝငြိမ်နေအောင် ထားပြီး နှာခေါင်းတစ်ခုထဲကိုပဲ လှုပ်ရှားနေစေရမှာပဲ ဖြစ်ပါတယ်။

– အနည်းဆုံးတော့ တစ်နေ့တစ်ကြိမ် လောက်တော့ ပြုလုပ်ပေးပါ။

၆။ နှာခေါင်းကို နှိပ်နယ်ပေးခြင်

ဒီလို နှိပ်ပေးတာဟာ သင့်နှာခေါင်းကို ကျဉ်းသွားစေတဲ့အပြင် ခေါင်းကိုက်တာတွေကနေတည်း သက်သာစေပါတယ်။

– နှာခေါင်းအရင်းကနေပြီးတော့ အောက်ခြေအထိ တဖြည်းဖြည်း နှိပ်သွားပါ။

– လက်ချောင်းများကို စက်ဝိုင်းပုံသဏ္ဍာန်နဲ့ ရွေ့လျားပါ။

– အနည်းဆုံး တစ်နေ့ကို (၅) မိနစ်လောက် နိပ်နယ်ပေးပါ။

၇။ အရေးအကြောင်းများကို ဖယ်ရှားခြင်း

အသက်ကြီးလာတာနဲ့အမျှ အရေးအကြောင်းတွေက ပိုမိုထင်ရှားလာပြီး ကြည့်ရဆိုး လာစေပါတယ်။ ဒီရိုးရှင်းတဲ့ လေ့ကျင့်ခန်းဟာအစင်းကြောင်းတွေကို ဖယ်ရှားပစ်ဖို့ ကူညီပေးပါလိမ့်မယ်။

– သင်လုပ်ရမှာက သင့်ပါးစပ်ထဲကို လေအဝရှူသွင်းပြီး ပါးတစ်ဖက်စီကို ငါးစက္ကန့်လောက် ဖိထားပေးပါ။

– ဖိလို့ အချိန်ပြည့်တာနဲ့ လေကို မှုတ်ထုတ်လိုက်ပါ။

– တစ်နေ့ တစ်ကြိမ်ခန့် ပြုလုပ်ပေးပါ။

နှာခေါင်းဟာ ပြန်လည်ဖွဲ့စည်းဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့အခက်ခဲဆုံး နေရာဖြစ်ပါတယ်။ ဒီရိုးရှင်းတဲ့ လေ့ကျင့်ခန်းတွေဟာ သင့်နှာခေါင်းကြွက်သားတွေကို လွယ်ကူစွာပြောင်းလဲစေနိုင်ပြီး အပိုကုန်ကျစရိတ် မရှိဘဲ ကူညီပေးပါလိမ့်မယ်။ လုံ့လဝီရိယရှိရှိ လေ့ကျင့်ပြီး စိတ်ရှည်ရှည် ထားတတ်ဖို့တော့ လိုအပ်ပါတယ်။

crd