အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
သဲခုံစြယ္ ဆိုသည္မွာ ဘူမိေဗဒ သေဘာအရ က်ဥ္းေျမာင္းေသာ ကမ္း႐ိုးေျမျဖစ္ေပၚမႈျဖစ္ၿပီးအစြန္းတစ္ဘက္ဟာ ကမ္း ေျခႏွင့္ ထိစပ္လို႔ေနပါတ
ယ္။
ဦးတည္ခ်က္ မၾကာခဏေျပာင္းလဲတတ္တဲ့ ရွည္ လ်ားေသာကမ္း႐ိုးတန္း ေနရာ (သို႔မ ဟုတ္) ျမစ္ဝ နဲ႔ နီးတဲ့ေနရာမ်ားမွာ အေတြ႕မ်ားပါတယ္။ ေရခ်ိဳ
ေရကန္ နဲ႔ ျမစ္ႀကီးမ်ားမွာလည္း သဲခုံစြယ္မ်ားကို ေတြ႕ရတတ္ပါတယ္။
ပင္လယ္မွလာေသာ ေရ နဲ႔ ေလမ်ားဟာ ေက်ာက္စရစ္ပါေသာ သဲေျမမ်ားကို ကမ္း႐ိုးတန္းတေလ်ာက္ အနည္ခ်ၾကပါတယ္။
တဖက္မွာလည္း ျမစ္၊ ေခ်ာင္းမ်ားမွ သယ္ယူလာတဲ့ ႏုန္းေျမမ်ားဟာ ပင္လယ္ဝမွာ လာေရာက္စုပုံၾကပါတယ္။
ကမ္း႐ိုးတန္း ကုန္းေျမေထာင့္တေလ်ာက္ တိုက္ခတ္ၿမဲေလ (prevailing wind) ဟာ ပင္လယ္ေရလႈိင္းမ်ားကို ပုံမွန္ျဖစ္ေပၚေစၿပီး
ေက်ာက္စရစ္၊ သဲ၊ ႏုန္းေျမတို႔ သယ္ ေဆာင္အနည္က်စုပုံျခင္းနဲ႔ ေပါင္းစပ္ကာ သဲခုံစြယ္ (spit) တစ္ခု ကုန္းေျမသဏၭာန္နဲ႔ တဆက္တည္း ျဖစ္ေပၚ
လာေစပါတယ္။
ေလတိုက္ခတ္မႈ လမ္းေၾကာင္းပုံစံအေပၚမူတည္၍ သဲခုံစြယ္တို႔ဟာ ေကြ႕ေကာက္တတ္ၾကပါတယ္။
တခါတရံမွာ သဲခုံစြယ္ဟာ ကုန္းေျမနဲ႔ ျပန္လည္ထိစပ္သြားၿပီး lagoon လို႔ေခၚတဲ့ ပင္လယ္ကမ္းေျခအိုင္ ကိုျဖစ္ေပၚေစပါတယ္။
အမ်ားအားျဖင့္ သဲခုံစြယ္ရဲ႕ အစြန္းထိပ္မွ ေရလႈိင္းမ်ားဟာ မၿငိမ္သက္ပဲ ေနရာအစုံမွလႈိင္းယိုင္ျခင္းျဖစ္တတ္ၿပီး သဲခုံထိပ္အား ခ်ိတ္ေကာက္ပုံစံ ေကြး
သြားေစတတ္ပါတယ္။
အကယ္၍ ေကြးမသြားပဲ အျခားကြၽန္းတခုခုႏွင့္ ထိစပ္သြားပါက ၎ကို အနည္ ထိုင္ကုန္းေျမ Tombolo လို႔ သတ္မွတ္ပါတယ္။
ကမာၻေပၚမွာ အခုလိုမ်ိဳး ပင္လယ္သဲခုံစြယ္ေတြ မ်ားစြာရွိၾကၿပီး ယူကရိန္းမွာရွိတဲ့ ေအေဇာဗ္ ပင္လယ္မွ ေအ႐ိုဗက္ သဲခုံစြယ္ဟာ ၆၈ မိုင္ခန႔္ရွည္လ်ားၿပီး ကမာၻေပၚ
မွာ အရွည္ဆုံး သဲခုံစြယ္ ျဖစ္ပါတယ္။
သဲခုံစြယ္မ်ားဟာက်ဥ္းေျမာင္းၿပီး ရံဖန္ ရံခါ ပင္လယ္ေရတက္ျခင္းမ်ားေၾကာင့္ လမ္းေၾကာင္းေပ်ာက္သြားတတ္ပါတယ္။
ေနာင္တခ်ိန္ အေျခခံပညာ ပထဝီဝင္သင္႐ိုးဖတ္စာအုပ္မ်ားမွာ ဤကဲ့သို႔ အေၾကာင္းအရာမ်ား ထည့္သြင္းေရးသားေပးျခင္းျဖင့္မျဖစ္သင့္ေသာ အႏၲရာယ္မ်ားကို
ပညာျဖင့္ ေရွာင္လႊားၾကႏိုင္မွာပဲ ျဖစ္ပါေတာ့တယ္။
သန႔္ဦး (အာကာသႏွင့္စၾကဝဠာ သင္ေထာက္ကူ)
[ မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္၊ အံခဲ ေက်း႐ြာႏွင့္ ဝဲကေလာင္းေက်း႐ြာၾကား ပင္လယ္ကမ္းေျခမွ ႏွစ္မိုင္ခန႔္အကြာ ပင္လယ္အတြင္းရွိ က်ိဳက္နဲေရလယ္ဘုရား
ပြဲေတာ္၌
ဘုရားဖူးမ်ား တိုးေဝွ႔ျခင္းႏွင့္ ပင္လယ္ေရလႈိင္း ႐ိုက္ခတ္ျခင္းေၾကာင့္ ဘုရားဖူး ၂၁ ဦးထက္မနည္းေသဆုံးခဲ့ၿပီး ေပ်ာက္ဆုံးသူမ်ားရွိခဲ့တာ ျဖစ္ပါတယ္ ]
Unicode
ဒီလိုအဖြစ်ဆိုးမျိုး ထပ်မကြုံရအောင် ကျောင်းစာထဲမှာထည့်သင် သင့်တဲ့ သဲခုံစွယ် (Spit) အကြောင်း
သဲခုံစွယ် ဆိုသည်မှာ ဘူမိဗေဒ သဘောအရ ကျဉ်းမြောင်းသော ကမ်းရိုးမြေဖြစ်ပေါ်မှုဖြစ်ပြီးအစွန်းတစ်ဘက်ဟာ ကမ်း ခြေနှင့် ထိစပ်လို့နေပါတယ်။
ဦးတည်ချက် မကြာခဏပြောင်းလဲတတ်တဲ့ ရှည် လျားသောကမ်းရိုးတန်း နေရာ (သို့မ ဟုတ်) မြစ်ဝ နဲ့ နီးတဲ့နေရာများမှာ အတွေ့များပါတယ်။ ရေချို ရေကန် နဲ့ မြစ်
ကြီးများမှာလည်း သဲခုံစွယ်များကို တွေ့ရတတ်ပါတယ်။
ပင်လယ်မှလာသော ရေ နဲ့ လေများဟာ ကျောက်စရစ်ပါသော သဲမြေများကို ကမ်းရိုးတန်းတလျောက် အနည်ချကြပါတယ်။
တဖက်မှာလည်း မြစ်၊ ချောင်းများမှ သယ်ယူလာတဲ့ နုန်းမြေများဟာ ပင်လယ်ဝမှာ လာရောက်စုပုံကြပါတယ်။
ကမ်းရိုးတန်း ကုန်းမြေထောင့်တလျောက် တိုက်ခတ်မြဲလေ (prevailing wind) ဟာ ပင်လယ်ရေလှိုင်းများကို ပုံမှန်ဖြစ်ပေါ်စေပြီး
ကျောက်စရစ်၊ သဲ၊ နုန်းမြေတို့ သယ် ဆောင်အနည်ကျစုပုံခြင်းနဲ့ ပေါင်းစပ်ကာ သဲခုံစွယ် (spit) တစ်ခု ကုန်းမြေသဏ္ဌာန်နဲ့ တဆက်တည်း ဖြစ်ပေါ်လာစေပါတယ်။
လေတိုက်ခတ်မှု လမ်းကြောင်းပုံစံအပေါ်မူတည်၍ သဲခုံစွယ်တို့ဟာ ကွေ့ကောက်တတ်ကြပါတယ်။
တခါတရံမှာ သဲခုံစွယ်ဟာ ကုန်းမြေနဲ့ ပြန်လည်ထိစပ်သွားပြီး lagoon လို့ခေါ်တဲ့ ပင်လယ်ကမ်းခြေအိုင် ကိုဖြစ်ပေါ်စေပါတယ်။
အများအားဖြင့် သဲခုံစွယ်ရဲ့ အစွန်းထိပ်မှ ရေလှိုင်းများဟာ မငြိမ်သက်ပဲ နေရာအစုံမှလှိုင်းယိုင်ခြင်းဖြစ်တတ်ပြီး သဲခုံထိပ်အား ချိတ်ကောက်ပုံစံ ကွေးသွားစေတတ်ပါ
တယ်။
အကယ်၍ ကွေးမသွားပဲ အခြားကျွန်းတခုခုနှင့် ထိစပ်သွားပါက ၎င်းကို အနည် ထိုင်ကုန်းမြေ Tombolo လို့ သတ်မှတ်ပါတယ်။
ကမ္ဘာပေါ်မှာ အခုလိုမျိုး ပင်လယ်သဲခုံစွယ်တွေ များစွာရှိကြပြီး ယူကရိန်းမှာရှိတဲ့ အေဇောဗ် ပင်လယ်မှ အေရိုဗက် သဲခုံစွယ်ဟာ ၆၈ မိုင်ခန့်ရှည်လျားပြီး ကမ္ဘာပေါ်မှာ
အရှည်ဆုံး သဲခုံစွယ် ဖြစ်ပါတယ်။
သဲခုံစွယ်များဟာကျဉ်းမြောင်းပြီး ရံဖန် ရံခါ ပင်လယ်ရေတက်ခြင်းများကြောင့် လမ်းကြောင်းပျောက်သွားတတ်ပါတယ်။
နောင်တချိန် အခြေခံပညာ ပထဝီဝင်သင်ရိုးဖတ်စာအုပ်များမှာ ဤကဲ့သို့ အကြောင်းအရာများ ထည့်သွင်းရေးသားပေးခြင်းဖြင့်မဖြစ်သင့်သော အန္တရာယ်များကို ပညာ
ဖြင့် ရှောင်လွှားကြနိုင်မှာပဲ ဖြစ်ပါတော့တယ်။
သန့်ဦး (အာကာသနှင့်စကြဝဠာ သင်ထောက်ကူ)
[ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အံခဲ ကျေးရွာနှင့် ဝဲကလောင်းကျေးရွာကြား ပင်လယ်ကမ်းခြေမှ နှစ်မိုင်ခန့်အကွာ ပင်လယ်အတွင်းရှိ ကျိုက်နဲရေလယ်
ဘုရားပွဲတော်၌
ဘုရားဖူးများ တိုးဝှေ့ခြင်းနှင့် ပင်လယ်ရေလှိုင်း ရိုက်ခတ်ခြင်းကြောင့် ဘုရားဖူး ၂၁ ဦးထက်မနည်းသေဆုံးခဲ့ပြီး ပျောက်ဆုံးသူများရှိခဲ့တာ ဖြစ်ပါတယ် ]