ၾကားသိရသမွ်

ျမင္သူတိုင္းကို ၿပဳံးမိသြားေစမည့္ အစာစားေနရင္းက သူ၏ဗိုက္ပူေလးကို ပြတ္ေဆာ့ေနၿပီး သေဘာက်ကာရယ္ေမာေနသည့္ တစ္ႏွစ္အ႐ြယ္ကေလးေလး

ငယ္စဥ္အခါ ကေလးဘဝသည္ ေလာကႀကီး၏ စိတ္ပိုင္းဆိုင္ရာအေရာင္မ်ိဳးစုံကို မသိရွိေသးဘဲ ျဖဴစင္သန္႔ရွင္းေသာ အျဖဴထည္ဘဝေလးျဖစ္ၾကပါတယ္။ယခုတြင္လည္း အဂၤလန္ႏိုင္ငံမွ အသက္တစ္ႏွစ္အ႐ြယ္သာရွိေသးသည့္ Albie Dunvilleလို႔အမည္ေပးထားတဲ့ ကေလးဟာ လူအမ်ား၏ခ်စ္ျခင္းကို သိမ္းပိုက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ကေလးဟာ အစားစားေနရင္းက သူ၏ဗိုက္ပူေလးကို ၾကည့္ေနခဲ့တာျဖစ္ပါတယ္။ထို႔ေနာက္တြင္ အစားစားလို႔ေပေနသည့္ လက္ကေလးျဖင့္ သူ႔ဗိုက္ကိုသူျပန္ၿပီး ပြတ္ေဆာ့ကာ သေဘာက်ေနသည့္ ပုံစံေလးဟာ အလြန္ခ်စ္ဖို႔ေကာင္းေနခဲ့ပါတယ္။

ကေလး၏ ဗိုက္ပူေလးကိုပြတ္ၿပီး သေဘာက်ေနပုံေလးဟာ အြန္လိုင္းေပၚတြင္ ပ်ံႏွံလာခဲ့ၿပီး ျမင္ေတြ႕သူမ်ားအားလုံး၏ အခ်စ္ေတြကို စုၿပဳံရရွိလာခဲ့ပါတယ္။ကေလးခ်စ္တတ္သူမ်ားအတြက္ေတာ့ ယခုကေလးငယ္၏အျပဳအမူဟာ ႏွလုံးသားေလးကို ၾကည္ႏူးေစရပါတယ္။

Shoon (Cele Daily)

Unicode

မြင်သူတိုင်းကို ပြုံးမိသွားစေမည့် အစာစားနေရင်းက သူ၏ဗိုက်ပူလေးကို ပွတ်ဆော့နေပြီး သဘောကျကာရယ်မောနေသည့် တစ်နှစ်အရွယ်ကလေးလေး

ငယ်စဥ်အခါ ကလေးဘဝသည် လောကကြီး၏ စိတ်ပိုင်းဆိုင်ရာအရောင်မျိုးစုံကို မသိရှိသေးဘဲ ဖြူစင်သန့်ရှင်းသော အဖြူထည်ဘဝလေးဖြစ်ကြပါတယ်။ယခုတွင်လည်း အင်္ဂလန်နိုင်ငံမှ အသက်တစ်နှစ်အရွယ်သာရှိသေးသည့် Albie Dunvilleလို့အမည်ပေးထားတဲ့ ကလေးဟာ လူအများ၏ချစ်ခြင်းကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ကလေးဟာ အစားစားနေရင်းက သူ၏ဗိုက်ပူလေးကို ကြည့်နေခဲ့တာဖြစ်ပါတယ်။ထို့နောက်တွင် အစားစားလို့ပေနေသည့် လက်ကလေးဖြင့် သူ့ဗိုက်ကိုသူပြန်ပြီး ပွတ်ဆော့ကာ သဘောကျနေသည့် ပုံစံလေးဟာ အလွန်ချစ်ဖို့ကောင်းနေခဲ့ပါတယ်။

ကလေး၏ ဗိုက်ပူလေးကိုပွတ်ပြီး သဘောကျနေပုံလေးဟာ အွန်လိုင်းပေါ်တွင် ပျံနှံလာခဲ့ပြီး မြင်တွေ့သူများအားလုံး၏ အချစ်တွေကို စုပြုံရရှိလာခဲ့ပါတယ်။ကလေးချစ်တတ်သူများအတွက်တော့ ယခုကလေးငယ်၏အပြုအမူဟာ နှလုံးသားလေးကို ကြည်နူးစေရပါတယ်။

Shoon (Cele Daily)