ၾကားသိရသမွ်

ရန်ကုန်မြို့နယ်အချို့ ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ၃ ရက်တိုင်တိုင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ဟု သိရ

ရန်ကုန်မြို့နယ်အချို့ ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ၃ ရက်တိုင်တိုင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ဟု သိရ

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုန်ဇုန်များနှင့် မြို့နယ်အချို့တို့မှာ လာမယ့် ဇန်နဝါရီလ ၂၉ ရက်နေ့မှစတင်ကာ ၃၁ ရက်နေ့အထိ နံနက် ၆ နရီမှ ညနေ ၆ နာရီထိ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မယ်လို့ YESC မှ ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်မှာ ”ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၃၀ကေဗွီ ဝါးတရာ(ရွာမ-လှိုင်သာယာ)ဓာတ်အားလိုင်းစီမံကိန်း ကြိုးဆွဲခြင်းလုပ်ငန်းများကို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ၂၃၀ကေဗွီ မြောင်းတကာ-ဝါးတရာဓာတ်အားလိုင်းကို ဖြတ်ကျော်တည်ဆောက်ရမည်ဖြစ်သဖြင့်

အဆိုပါ ၂၃၀ကေဗွီ မြောင်းတကာ-ဝါးတရာဓာတ်အားလိုင်းအား(၂၉.၁.၂၀၂၂) ရက်နေ့တွင်(၀၆:၀၀) နာရီမှ( ၁၈:၀၀ )နာရီ အထိလည်းကောင်း၊(၃၀.၁.၂၀၂၂) ရက်နေ့တွင်(၀၆:၀၀) နာရီမှ(၁၈:၀၀ )နာရီ အထိလည်းကောင်းနှင့်(၃၁.၁.၂၀၂၂) ရက်နေ့တွင်(၀၆:၀၀)နာရီ မှ(၁၈:၀၀ )နာရီ အထိလည်းကောင်း ယာယီဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ထိုသို့လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေပြည်သာစက်မှုဇုန်(၂/၃/၄)၊ ဝါးတရာစက်မှုဇုန်၊ ရွှေပြည်သာမြို့နယ်တစ်မြို့နယ်လုံးနှင့် မှော်ဘီမြို့နယ်ရှိနေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့်

 

အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားပါတယ်။

credit to original uploader

Zawgyi

ရန္ကုန္ၿမိဳ႕နယ္အခ်ိဳ႕ ဇန္နဝါရီ ၂၉ ရက္မွ ၃၁ ရက္ေန႔အထိ ၃ ရက္တိုင္တိုင္ လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မည္ဟု သိရ

ရန္ကုန္တိုင္း ေဒသႀကီးအတြင္းရွိ စက္မႈန္ဇုန္မ်ားႏွင့္ ၿမိဳ႕နယ္အခ်ိဳ႕တို႔မွာ လာမယ့္ ဇန္နဝါရီလ ၂၉ ရက္ေန႔မွစတင္ကာ ၃၁ ရက္ေန႔အထိ နံနက္ ၆ နရီမွ ညေန ၆ နာရီထိ လွ်ပ္စစ္ဓာတ္အား ယာယီျပတ္ေတာက္မယ္လို႔ YESC မွ ထုတ္ျပန္ထားပါတယ္။

ထုတ္ျပန္ခ်က္မွာ ”ရန္ကုန္တိုင္းေဒသႀကီးအတြင္း ၂၃၀ေကဗြီ ဝါးတရာ(႐ြာမ-လႈိင္သာယာ)ဓာတ္အားလိုင္းစီမံကိန္း ႀကိဳးဆြဲျခင္းလုပ္ငန္းမ်ားကို လွ်ပ္စစ္ဓာတ္အားပို႔လႊတ္ေရးႏွင့္ကြပ္ကဲေရးဦးစီးဌာနမွ ေဆာင္႐ြက္လ်က္ရွိရာ ၂၃၀ေကဗြီ ေျမာင္းတကာ-ဝါးတရာဓာတ္အားလိုင္းကို ျဖတ္ေက်ာ္တည္ေဆာက္ရမည္ျဖစ္သျဖင့္

အဆိုပါ ၂၃၀ေကဗြီ ေျမာင္းတကာ-ဝါးတရာဓာတ္အားလိုင္းအား(၂၉.၁.၂၀၂၂) ရက္ေန႔တြင္(၀၆:၀၀) နာရီမွ( ၁၈:၀၀ )နာရီ အထိလည္းေကာင္း၊(၃၀.၁.၂၀၂၂) ရက္ေန႔တြင္(၀၆:၀၀) နာရီမွ(၁၈:၀၀ )နာရီ အထိလည္းေကာင္းႏွင့္(၃၁.၁.၂၀၂၂) ရက္ေန႔တြင္(၀၆:၀၀)နာရီ မွ(၁၈:၀၀ )နာရီ အထိလည္းေကာင္း ယာယီဓာတ္အားပိတ္၍ လုပ္ငန္းေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။

ထိုသို႔လုပ္ငန္းေဆာင္႐ြက္ေနစဥ္အတြင္း ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ေ႐ႊျပည္သာစက္မႈဇုန္(၂/၃/၄)၊ ဝါးတရာစက္မႈဇုန္၊ ေ႐ႊျပည္သာၿမိဳ႕နယ္တစ္ၿမိဳ႕နယ္လုံးႏွင့္ ေမွာ္ဘီၿမိဳ႕နယ္ရွိေနရာအခ်ိဳ႕တို႔တြင္ ယာယီဓာတ္အားျပတ္ေတာက္မႈရွိမည္ျဖစ္ပါေၾကာင္းႏွင့္

အေရးႀကီးေနရာမ်ား လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈ မရွိေစေရးကို အေလးထားေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း” ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းမွ အသိေပးထုတ္ျပန္ထားပါတယ္။

credit to original uploader