အမေရိကန်မှ စစ်မှုထမ်းဟောင်း တပ်သား ၃၀၀၀ ဟာ ယူကရိန်းအတွက်…..seemore
အမေရိကန်နဲ့ ယူကေနိုင်ငံတို့မှ စစ်မှုထမ်းဟောင်းများဟာ ယူကရိန်းသမ္မတရဲ့ဖိတ်ခေါ်ချက်ကိုလက်ခံပြီး သွားရောက်ပူးပေါင်းနေကြပါတယ်။စုစုပေါင်း အမေရိကန် (၃၀၀၀) ဟာ ယူကရိန်းအတွက်ဗော်လန်တီယာလုပ်ထားပြီးပြီလို့ဆိုပါတယ်။
အများအားဖြင့် အီရတ်နဲ့အာဖကန်မှာစစ်ရေးအတွေ့အကြုံရှိတဲ့သူများပါတယ်။ တချို့ကလည်း ဘော့စနီးယားစစ်ပွဲမှာပါဝင်ဖူးသူတွေပါ။
အမေရိကန်စစ်မှုထမ်းဟောင်းများစုစည်းပြီး သွားမယ့်သူတွေကို စာရင်းကောက်ခြင်း၊ ကျည်ကာအင်္ကျီနဲ့လိုအပ်တာလှူဒါန်းခြင်း၊ အစွန်းရောက်များမပါစေဖို့ စိစစ်ရွေးချယ်ခြင်းများပြုလုပ်နေကြပါတယ်။
“အဲ့ဒီမှာအနိုင်ကျင့်နေတာကို ငါတို့မတ်တပ်ရပ်လက်ပိုက်ပြီးကြည့်မနေနိုင်လို့သွားတာ” လို့ အမေရိကန်မရိန်းတပ်သားဟောင်း ဟက်တာကပြောဆိုပါတယ်။
“There is a total lack of human decency and I hate bullies.”
“အဲ့ဒီမှာ လူ့ကျင့်ဝတ်လုံးဝပျောက်ဆုံးနေတယ်။ ငါအနိုင်ကျင့်တဲ့လုပ်ရပ်တွေကိုမုန်းတယ်။”
“I was a professional soldier for 20 years. How could I look myself in the mirror and not to go?”
“ငါဟာ အနှစ် ၂၀ ကြာတကယ့်စစ်သားကောင်းပီသသူဖြစ်ခဲ့တယ်။ မသွားလို့ဘယ်ဖြစ်မလဲ?”
“ငါ့ကိုငါမှန်ထဲဘယ်လိုပြန်ကြည့်ရမလဲ?” လို့ စစ်မှုထမ်းသက် ၂၂ နှစ်ရှိ လုံခြုံရေးကုမ္ပဏီပိုင်ရှင် စစ်မှုထမ်းဟောင်း ပါကာကပြောပါတယ်။ သူ့မှာ ကလေး (၄) ယောက်ရှိပါတယ်။
ယူကေနိုင်ငံမှာလည်း လေထီးစစ်သားဟောင်းတွေ၊ တော်ဝင်မရိန်းတပ်သားဟောင်းတွေဟာ လိုအပ်တဲ့စစ်အင်္ကျီနဲ့အသုံးအဆောင်များ ဝယ်ယူကာယူကရိန်းကိုသွားရောက်ပူးပေါင်းနေကြပါတယ်။
လောလောဆယ် နိုင်ငံခြားသား (၁၆၀၀၀) ဟာပူးပေါင်းဖို့ကတိပေးထားကာ အချို့တွေရောက်ရှိနေပြီလို့ ဆိုပါတယ်။
COPY @Richard Myo Thant
7-March-2022