မိဘ၂ပါး ကို သားဖြစ်သူက သတ် အလောင်းကို ကုတင်အောက်နဲ့ ခြံဝန်းထဲ ဖွက်ထား
မိဘနှစ်ပါးကို ဆေးကြောင် နေတဲ့ ၂၆ နှစ်အရွယ် သားဖြစ်သူက သတ်ဖြတ်ပြီး အလောင်းကို အိပ်ခန်း ကုတင်အောက်နဲ့ ခြံဝန်းထဲ မြှုပ်နှံထားတဲ့ ဖြစ်စဉ်တစ်ခု ပင်လုံမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လုံမြို့၊ ရပ်ကွက်(၃)မှာ မတ်လ(၁၂) ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဆိုင်ကယ် မဝယ်ပေးတာကြောင့် သတ်လိုက်တာဖြစ် တယ်လို့ စစ်ဆေး သိရှိရတယ်လို့ ပရဟိတ လူမှုကူညီရေး အဖွဲ့ဆီက သိရပါတယ်။
သေဆုံးသွားတဲ့ ဖခင်အလောင်းကို အိပ်ခန်း ကုတင်အောက်မှာ ဖွတ်ထားပြီး မိခင်အလောင်း ကိုတော့ ခြံဝန်းထဲမှာ မြှုပ်နှံထားတယ်လု့ိ ဆိုပါတယ်။
ပြစ်မှု ကျူးလွန်သူဟာ အခင်းဖြစ်နေချိန်မှာ တည်းက မူးယစ်ဆေးဝါး သုံးစွဲထားတဲ့ လက္ခဏာကို တွေ့ရပြီး လက်ရှိမှာ ပင်လုံမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ပင်လုံမြို့မှာ မူးယစ် ဆေးဝါးတွေ သုံးစွဲမှု အရင်ကထက် ပိုများပြားလာပြီး ၈၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ crd Akonthi
မိဘ၂ပါး ကို သားျဖစ္သူက သတ္ အေလာင္းကို ကုတင္ေအာက္နဲ႔ ၿခံဝန္းထဲ ဖြက္ထား
မိဘႏွစ္ပါးကို ေဆးေၾကာင္ ေနတဲ့ ၂၆ ႏွစ္အ႐ြယ္ သားျဖစ္သူက သတ္ျဖတ္ၿပီး အေလာင္းကို အိပ္ခန္း ကုတင္ေအာက္နဲ႔ ၿခံဝန္းထဲ ျမႇဳပ္ႏွံထားတဲ့ ျဖစ္စဥ္တစ္ခု ပင္လုံၿမိဳ႕မွာ ျဖစ္ပြားခဲ့ပါတယ္။
ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ပင္လုံၿမိဳ႕၊ ရပ္ကြက္(၃)မွာ မတ္လ(၁၂) ရက္ေန႔က ျဖစ္ပြားခဲ့တာ ျဖစ္ၿပီး ဆိုင္ကယ္ မဝယ္ေပးတာေၾကာင့္ သတ္လိုက္တာျဖစ္ တယ္လို႔ စစ္ေဆး သိရွိရတယ္လို႔ ပရဟိတ လူမႈကူညီေရး အဖြဲ႕ဆီက သိရပါတယ္။
ေသဆုံးသြားတဲ့ ဖခင္အေလာင္းကို အိပ္ခန္း ကုတင္ေအာက္မွာ ဖြတ္ထားၿပီး မိခင္အေလာင္း ကိုေတာ့ ၿခံဝန္းထဲမွာ ျမႇဳပ္ႏွံထားတယ္လု႔ိ ဆိုပါတယ္။
ျပစ္မႈ က်ဴးလြန္သူဟာ အခင္းျဖစ္ေနခ်ိန္မွာ တည္းက မူးယစ္ေဆးဝါး သုံးစြဲထားတဲ့ လကၡဏာကို ေတြ႕ရၿပီး လက္ရွိမွာ ပင္လုံၿမိဳ႕မရဲစခန္းမွာ ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ သိရပါတယ္။
ပင္လုံၿမိဳ႕မွာ မူးယစ္ ေဆးဝါးေတြ သုံးစြဲမႈ အရင္ကထက္ ပိုမ်ားျပားလာၿပီး ၈၀ ရာခိုင္ႏႈန္းအထိ ရွိတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။ crd Akonthi



