ကြားသိရသမျှ

သားဖြစ်သူက တိုင်းပြည်တာဝန်ထမ်းဆောင်နေချိန်မှာ မိခင်က ကိုဗစ်ကူးစက်ခံရပြီး ကွယ်လွန်သွားရတဲ့ ရင်နင့်စရာဖြစ်ရပ်

သားဖြစ်သူက တိုင်းပြည်တာဝန်ထမ်းဆောင်နေချိန်မှာ မိခင်က ကိုဗစ်ကူးစက်ခံရပြီး ကွယ်လွန်သွားရတဲ့ ရင်နင့်စရာဖြစ်ရပ်

တိုင်းပြည်ရဲ့အနာဂတ်အတွက် ရရာလက်နက်စွဲကိုင်ပြီး အာဏာရှင်ကိုတော်လှန်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ပြည်သူ့ရဲဘော်တွေကတော့ သူတို့ချစ်ရတဲ့သူတွေနဲ့ ခွဲခွာခဲ့ရတာ ဖြစ်ပါတယ် ။

ဒါပေမဲ့ တစ်ချို့ရဲဘော်တွေခမျာ သူတို့ရဲ့မိသားစုဝင်တွေနဲ့ ရှင်ကွဲကွဲခဲ့ရတဲ့အပြင် သေကွဲပါကွဲခဲ့တဲ့ ဖြစ်ရပ်တွေလည်းရှိနေခဲ့တာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ဇူလိုင်လ (၁၆) ရက်နေ့တုန်းကဆိုရင်လည်း ရှေ့တန်းက ရဲဘော်တစ်ဦးရဲ့မိခင်ဖြစ်သူက စစ်ဘေးရှောင်စခန်းမှာတင်ကိုဗစ်ကူးစက်ခံရပြီး ကွယ်လွန်သွားရှာတာ ဖြစ်ပါတယ် ။

အဲ့ဒီရဲဘော်လေးကို သူ့ရဲ့မိခင်ကြီးက အစစအရာရာ နောက်ဆံမတင်းဖို့နဲ့ အာဏာရှင်သက်ဆိုးရှည်နေရင်နောက်မျိုးဆက်တွေအတွက် ရင်လေးနေရမယ်ဆိုပြီး မှာကြားခဲ့တာ ဖြစ်ပါတယ် ။

ပြည်သူ့ရဲဘော်တစ်ယောက်ဖြစ်သွားတဲ့ သားအတွက် အမြဲဂုဏ်ယူနေတဲ့ မိခင်ကြီးက နောက်ဆုံးမှာတော့

ကိုဗစ်ရောဂါဆိုးကြီးကြောင့် အောက်ဆီဂျင်ပြတ်လပ်ပြီး ဆုံးပါးသွားခဲ့ရပြီပဲ ဖြစ်ပါတယ် ။

အောက်ဆီဂျင်ဘူးဆိုတာတောင် မရှိတဲ့နေရာမှာ ရောဂါရဲ့ဒဏ်ကိုမခံနိုင်ဘဲ ကွယ်လွန်သွားတဲ့မိခင်ကြီးရဲ့သတင်းကြားပြီး အဲ့ဒီရဲဘော်လေးခမျာ ကြေကွဲခံစားနေရတာပဲ ဖြစ်ပါတယ် ။

ရင်နင့်စရာကောင်းတဲ့ ဒီဖြစ်ရပ်လေးကတော့ ပြည်သူတွေကိုပါ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းစေခဲ့တာ ဖြစ်ပါတယ် ။

တစ်နေ့ထက်တစ်နေ့ ပိုမိုကူးစက်ပျံ့နှံ့လာတဲ့ Covid-19ရောဂါဆိုးရဲ့အန္တရာယ်ကြောင့် အခုဆိုရင်အသက်ဆုံးရှုံးလိုက်ရတဲ့ ပြည်သူတွေလည်း အများအပြားရှိနေခဲ့ပြီ ဖြစ်ပါတယ် ။

ကိုဗစ်ကြောင့် မိခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ ရှေ့တန်းက ပြည်သူ့ရဲဘော်တစ်ဦးရဲ့ဝမ်းနည်းစရာဖြစ်ရပ်အကြောင်းကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။


=======================

unicode

သားဖြစ်သူက တိုင်းပြည်တာဝန်ထမ်းေဆာင်နေၿခိန်မွာ မိခင်က ကိုဗစ်ကူးစက်ခံရပြီး ကွယ်လွန်သွားရတဲ့ ရင်နင်႕စရာဖြစ်ရပ်




စစ်ေဘးေရွာင်စခန်းမွာတင်ကိုဗစ်ကူးစက်ခံရပြီး ကွယ်လွန်သွားရွာတာ ဖြစ်ပါတယ် ။


အာဏာရွင်သက်ဆိုးရွည်နေရင်ေနာက်ၿမိဳးဆက်တွေအတွက် ရင်ေလးနေရမယ်ဆိုပြီး မွာကြားခဲ့တာ ဖြစ်ပါတယ် ။




ရင်နင်႕စရာေကာင်းတဲ့ ဒီဖြစ်ရပ်ေလးကေတာ့ ပြည်သူတွေကိုပါ စိတ်မေကာင်းဖြစ်ပြီး ဝမ်းနည်းစေခဲ့တာ ဖြစ်ပါတယ် ။

တဈနေ့ထကျတဈနေ့ ပိုမိုကူးစကျပြံ့နှံ့လာတဲ့ Covid-19ရောဂါဆိုးရဲ့အန်တရာယျကွောငျ့ အခုဆိုရင်အသက်ဆုံးရႈံးလိုက်ရတဲ့ ပြည်သူတွေလည်း အျမားအပြားရွိနေခဲ့ပြီ ဖြစ်ပါတယ် ။


credit original writer