အသက္နဲ႕ရင္းၿပီး ကူညီေပးေနေပမယ့္လည္း ထမင္းမေရာင္းဘူးဆိုတဲ့ ေစ်းသည္တစ္ဦးေၾကာင့္ စိတ္မေကာင္းျဖစ္ၾကရတဲ့ ပရဟိတ လူငယ္ေလးမ်ား
ဗိုက္ဆာလို႔ထမင္းဝယ္တာကို မေရာင္းဘူးဆိုၿပီး အေျပာခံလိုက္ရတဲ့ ကိုယ္ေတြ႕အျဖစ္အပ်က္ကို ရင္ဖြင့္လာတဲ့ ပရဟိတသမားတစ္ဦး
ယခုလက္ရွိ ကိုဗစ္တတိယလွိုင္းမွာေတာ့ ျပည္သူကျပည္သူကို အျပန္အလွန္ကူညီၿပီး ေရွ႕ဆက္ေနရတာပဲ ျဖစ္ပါတယ္ ။
အိမ္တစ္အိမ္မွာ မိသားစုလိုက္ ကိုဗစ္ကူးစက္ခံရၿပီဆိုတာနဲ႕ အလံေထာင္ၿပီး အကူအညီေတာင္း႐ုံနဲ႕တင္ ျပည္သူေတြက လိုအပ္တာေတြပို႔ေပးေနၾကတာ ျဖစ္ပါတယ္ ။
ထို႔အတူ ပရဟိတသမားေတြကလည္း သူတို႔ရဲ႕အသက္ကိုေတာင္ရင္းၿပီး ကိုဗစ္ကူးစက္ခံရတဲ့လူနာေတြကို ေဖးမကူညီေပးေနၾကတာလည္း ျဖစ္ပါတယ္။
ပဲခူးၿမိဳ႕ရွိ သက်ႏြယ္ လူမႈကူညီေရးအသင္းက ပရဟိတလူငယ္တစ္ဦးကေတာ့ သူကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရတဲ့ အျဖစ္အပ်က္တစ္ခုကို ရင္ဖြင့္လာခဲ့ပါတယ္။ သူက Positive လူနာသီးသန့္ပို႔ေဆာင္ေရးအဖြဲ႕မွာ တာဝန္ထမ္းေဆာင္ၿပီး ျပည္သူေတြကို ကူညီေနတာ ျဖစ္ပါတယ္ ။
မေန႕ကေတာ့ သူတို႔အဖြဲ႕က ဗိုက္ဆာလို႔ ထမင္းဆိုင္ေရွ႕မွာကားရပ္ၿပီးဆင္းဝယ္တာကို ဆိုင္ရွင္က ေၾကာက္လို႔မေရာင္းရဲဘူးဆိုၿပီးေျပာတာ ခံလိုက္ရတာပဲ ျဖစ္ပါတယ္ ။
ထမင္းေရာ ဟင္းပါအမ်ားႀကီးရွိေပမယ့္လည္း သူတို႔ကို မေရာင္းရဲဘူးေျပာတာေၾကာင့္ တစ္ဖြဲ႕လုံး ဘာလုပ္ရမွန္းမသိျဖစ္ၿပီး အခက္ႀကဳံခဲ့ရတာပဲ ျဖစ္ပါတယ္ ။
ဒါေၾကာင့္ ပါဆယ္ေလးေတာ့ ေရာင္းေပးပါဆိုၿပီး ဆိုင္ပိုင္ရွင္ကို ေတာင္းေတာင္းပန္ပန္နဲ႕ ဝယ္ခဲ့ရပုံကို အဲ့ဒီလူငယ္ေလးက ရင္ဖြင့္ေျပာျပထားတာ ျဖစ္ပါတယ္ ။
သူတို႔အေနနဲ႕လည္း ကိုယ့္စရိတ္ကိုယ္စားၿပီး ျပည္သူေတြကို ကူညီေပးေနတဲ့ ပရဟိတသမားေတြျဖစ္တာေၾကာင့္ ကြၽန္ေတာ္တို႔လည္း အသက္အပိုမပါပါဘူးဗ်ာအသက္ေတြရင္းၿပီးကူညီေပးေနၾကတာပါ ျပန္ကူညီေပးၾကပါလို႔ ေျပာပါရေစ. ဆိုၿပီး ေတာင္းဆိုထားတာ ေတြ႕ရပါတယ္။
Unicode
အသက်နဲ့ရင်းပြီး ကူညီပေးနေပေမယ့်လည်း ထမင်းမရောင်းဘူးဆိုတဲ့ စျေးသည်တစ်ဦးကြောင့် စိတ်မကောင်းဖြစ်ကြရတဲ့ ပရဟိတ လူငယ်လေးများ
ဗိုက်ဆာလို့ထမင်းဝယ်တာကို မရောင်းဘူးဆိုပြီး အပြောခံလိုက်ရတဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ရင်ဖွင့်လာတဲ့ ပရဟိတသမားတစ်ဦး
ယခုလက်ရှိ ကိုဗစ်တတိယလှိုင်းမှာတော့ ပြည်သူကပြည်သူကို အပြန်အလှန်ကူညီပြီး ရှေ့ဆက်နေရတာပဲ ဖြစ်ပါတယ် ။
အိမ်တစ်အိမ်မှာ မိသားစုလိုက် ကိုဗစ်ကူးစက်ခံရပြီဆိုတာနဲ့ အလံထောင်ပြီး အကူအညီတောင်းရုံနဲ့တင် ပြည်သူတွေက လိုအပ်တာတွေပို့ပေးနေကြတာ ဖြစ်ပါတယ် ။
ထို့အတူ ပရဟိတသမားတွေကလည်း သူတို့ရဲ့အသက်ကိုတောင်ရင်းပြီး ကိုဗစ်ကူးစက်ခံရတဲ့လူနာတွေကို ဖေးမကူညီပေးနေကြတာလည်း ဖြစ်ပါတယ်။
ပဲခူးမြို့ရှိ သကျနွယ် လူမှုကူညီရေးအသင်းက ပရဟိတလူငယ်တစ်ဦးကတော့ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ရင်ဖွင့်လာခဲ့ပါတယ်။ သူက Positive လူနာသီးသန့်ပို့ဆောင်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်ပြီး ပြည်သူတွေကို ကူညီနေတာ ဖြစ်ပါတယ် ။
မနေ့ကတော့ သူတို့အဖွဲ့က ဗိုက်ဆာလို့ ထမင်းဆိုင်ရှေ့မှာကားရပ်ပြီးဆင်းဝယ်တာကို ဆိုင်ရှင်က ကြောက်လို့မရောင်းရဲဘူးဆိုပြီးပြောတာ ခံလိုက်ရတာပဲ ဖြစ်ပါတယ် ။
ထမင်းရော ဟင်းပါအများကြီးရှိပေမယ့်လည်း သူတို့ကို မရောင်းရဲဘူးပြောတာကြောင့် တစ်ဖွဲ့လုံး ဘာလုပ်ရမှန်းမသိဖြစ်ပြီး အခက်ကြုံခဲ့ရတာပဲ ဖြစ်ပါတယ် ။
ဒါကြောင့် ပါဆယ်လေးတော့ ရောင်းပေးပါဆိုပြီး ဆိုင်ပိုင်ရှင်ကို တောင်းတောင်းပန်ပန်နဲ့ ဝယ်ခဲ့ရပုံကို အဲ့ဒီလူငယ်လေးက ရင်ဖွင့်ပြောပြထားတာ ဖြစ်ပါတယ် ။
သူတို့အနေနဲ့လည်း ကိုယ့်စရိတ်ကိုယ်စားပြီး ပြည်သူတွေကို ကူညီပေးနေတဲ့ ပရဟိတသမားတွေဖြစ်တာကြောင့် ကျွန်တော်တို့လည်း အသက်အပိုမပါပါဘူးဗျာအသက်တွေရင်းပြီးကူညီပေးနေကြတာပါ ပြန်ကူညီပေးကြပါလို့ ပြောပါရစေ. ဆိုပြီး တောင်းဆိုထားတာ တွေ့ရပါတယ်။