အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
အင္ဂ်င္နီယာေလာကအတြင္း အံ့ၾသစရာသတင္းတစ္ခု ၿပီးခဲ့ေသာရက္သတၱပတ္အတြင္းက ျဖစ္ေပၚခဲ့သည္။ ေဟာလိဝုဒ္႐ုပ္ရွင္ေလာကတြင္ ေအာင္ျမင္ခဲ့ေသာ နာမည္ေက်ာ္မင္းသား လီယိုနာဒိုသ႐ုပ္ေဆာင္ခဲ့ေသာ Catch Me If You Can ေဟာလိဝုဒ္ဇာတ္လမ္းကဲ့သို႔ပင္ ရင္ခုန္စိတ္လႈပ္ရွားစရာ အျပည့္ႏွင့္ျဖစ္သည္။
Catch Me If You Can ဇာတ္ကားထဲမွ လီယိုနာဒိုဇာတ္႐ုပ္က ေဆးေက်ာင္း၊ ေလယာဥ္မႉးသင္တန္း၊ ဥပေဒေက်ာင္းမ်ား မတက္ခဲ့ပါဘဲ ဆရာဝန္၊ ေလယာဥ္မႉး၊ ေရွ႕ေနအျဖစ္ တစ္ေလွ်ာက္လုံး ဟန္ေဆာင္လိမ္လည္ခဲ့သည္။
ယခုဇာတ္လမ္းက စိတ္ကူးယဥ္႐ုပ္ရွင္၊ ဗီဒီယိုဇာတ္လမ္းမဟုတ္ဘဲ သမိုင္းအစဥ္အလာ ႀကီးမားသည့္ ရန္ကုန္နည္းပညာတကၠသိုလ္ (YTU) ၌ ျဖစ္ပြားခဲ့ပါသည္။
YTU တြင္ ဧည့္ပါေမာကၡအျဖစ္ ေလးႏွစ္ေက်ာ္ တာဝန္ထမ္းေဆာင္ခဲ့သည့္ ေဒါက္တာ တင္ထြန္း၏ ပညာအရည္အခ်င္း အစစ္အမွန္မွာ ဒသမတန္းပင္ မေအာင္ျမင္ခဲ့ေၾကာင္း သိလိုက္ရေသာအခါ အားလုံးအံ့ၾသမွင္တက္သြားသည္။
၁၉၈၁ တြင္ ရန္ကုန္နည္းပညာတကၠသိုလ္မွ ၿမိဳ႕ျပဘာသာရပ္ျဖင့္ BE ဘြဲ႕ရၿပီးေနာက္ M.Sc, Ph.D (Project Management) NTU ဘြဲ႕ရရွိထားသည္ဟု ဦးတင္ထြန္းက ၎၏ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။
သို႔ေသာ္ ေမာ္လၿမိဳင္ၿမိဳ႕ အထက(၅)တြင္ နဝမတန္း တက္ေရာက္ခဲ့ၿပီးေနာက္ ရန္ကုန္ၿမိဳ႕၌ ဒသမတန္းလာေရာက္ေျဖဆိုခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ဘဲ ၁၉၈၁ မွစကာ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ ဝင္ေရာက္လုပ္ကိုင္ခဲ့သူတစ္ဦးျဖစ္ေၾကာင္း ၎ႏွင့္နီးစပ္သည့္ အင္ဂ်င္နီယာမ်ားကေျပာသည္။
ထို႔အျပင္ ၎သည္ ျပည္တြင္း ေဆာက္လုပ္ေရးလုပ္ငန္းမ်ားအျပင္ ႏိုင္ငံရပ္ျခားသို႔ပါ သြားေရာက္၍ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ လုပ္ကိုင္ခဲ့ဖူးသူတစ္ဦးျဖစ္ၿပီး ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာ လုပ္ငန္းအေတြ႕အႀကဳံရွိသူ တစ္ဦးျဖစ္သည္။
ရန္ကုန္နည္းပညာတကၠသိုလ္တြင္ ၂၀၁၂ အတြင္း ျပဳလုပ္ခဲ့သည့္ ေဟာေျပာပြဲတစ္ခုသို႔ လာေရာက္ခဲ့ၿပီးေနာက္ ဧည့္ပါေမာကၡအျဖစ္ ေလွ်ာက္ထားခဲ့ေၾကာင္း အဆိုပါတကၠသိုလ္မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ထိုအခ်ိန္က ရန္ကုန္နည္းပညာတကၠသိုလ္တြင္ အနယ္နယ္အရပ္ရပ္မွ ထင္ရွားသည့္ အင္ဂ်င္နီယာပညာရွင္မ်ားအား ဧည့္ပါေမာကၡအျဖစ္ လက္ခံသင္ၾကားေစခဲ့ၿပီး အစဥ္အလာအရ ဧည့္ပါေမာကၡ ေလွ်ာက္ထားသူကို ၎၏ကိုယ္ေရးရာဇဝင္ကိုသာ ၾကည့္၍ ခန႔္ထားခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။
ကိုယ္ေရးရာဇဝင္စစ္ေဆးခဲ့သူသည္ ဦးတင္ထြန္းအား ဘြဲ႕လက္မွတ္ေတာင္းခံရာ အင္ဂ်င္နီယာေကာင္စီ၌ PE (Professional Engineer) ေလွ်ာက္ထားေနေသာေၾကာင့္ဟု အေၾကာင္းျပခဲ့၍ ကိုယ္ေရးရာဇဝင္တြင္ ပါဝင္သည့္ ၁၉၈၁ RIT BE ေအာင္စာရင္းကို သြားေရာက္စစ္ေဆးရာ
ခုံနံပါတ္ ၁၁၃ တြင္ တင္ထြန္းဟူေသာနာမည္ကို ေတြ႕ရွိရ၍ ရန္ကုန္နည္းပညာတကၠသိုလ္မွ ဧည့္ပါေမာကၡအျဖစ္ လက္ခံခဲ့သည္။ သို႔ေသာ္ အမွန္တြင္ ၎မဟုတ္ဘဲ အမည္တူတစ္ဦး ရွိေနျခင္းျဖစ္သည္။
ဦးတင္ထြန္းအား ရန္ကုန္နည္းပညာတကၠသိုလ္ ၿမိဳ႕ျပအင္ဂ်င္နီယာ မဟာတန္း (ME) ေက်ာင္းသူ၊ ေက်ာင္းသားမ်ားအား Construction Project Manage-ment ဘာသာရပ္ႏွင့္ပတ္သက္၍ ဧည့္ပါေမာကၡအျဖစ္ ၂၀၁၃ ေမလတြင္ စတင္သင္ၾကားေစခဲ့သည္။
ဦးတင္ထြန္း၏ ႏွစ္ ၃၀ ေက်ာ္ရွိသည့္ လုပ္ငန္းအေတြ႕အႀကဳံႏွင့္ ေလ့လာမႈမ်ားအရ ၿမိဳ႕ျပအင္ဂ်င္နီယာ မဟာတန္းေက်ာင္းသူ၊ ေက်ာင္းသားမ်ားအား အခက္အခဲမရွိ သင္ၾကာေပးႏိုင္ခဲ့ၿပီး ေက်ာင္းသားမ်ား၏ ေလးစားမႈကို ရရွိခဲ့ေၾကာင္း ၎ႏွင့္နီးစပ္သည့္ အင္ ဂ်င္နီယာတစ္ဦးက ေျပာသည္။
ဦးတင္ထြန္းသည္ ျမန္မာႏိုင္ငံအင္ဂ်င္နီယာအသင္းသို႔ အသင္းဝင္အျဖစ္ ေလွ်ာက္ထားခဲ့သည္။
၎သည္ ျမန္မာႏိုင္ငံအင္ဂ်င္နီယာေကာင္စီ (Myanmar Engi-neering Council) က ၂၀၁၄ ဧၿပီတြင္ အသိအမွတ္ျပဳအင္ဂ်င္နီယာလက္မွတ္ (PE-Professional Engineer) ႏွင့္ အာဆီယံအသိအမွတ္ျပဳ PE (ACPE) လက္မွတ္ရရွိထားသူတစ္ဦးျဖစ္သည္။
ထို႔ေနာက္ ျမန္မာႏိုင္ငံ အင္ဂ်င္နီယာအသင္းႏွင့္ ျမန္မာႏိုင္ငံအင္ဂ်င္နီယာေကာင္စီတြင္ အဖြဲ႕ဝင္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး အသင္း၏လုပ္ငန္းစဥ္မ်ားကို တက္တက္ႂကြႂကြ ပါဝင္ေဆာင္႐ြက္ခဲ့သူတစ္ဦးျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ အင္ဂ်င္နီယာအသင္းဝင္တစ္ဦးက ေျပာသည္။
ဦးတင္ထြန္းသည္ ျမန္မာႏိုင္ငံ အင္ဂ်င္နီယာေကာင္စီက ေပးအပ္သည့္ PE(Professional Engineer) ႏွင့္ RSE (Registered Senior Engineer) မ်ား စိစစ္ေရးတြင္လည္း ပါဝင္ခဲ့သူတစ္ဦးျဖစ္ေၾကာင္း ၎ႏွင့္နီးစပ္သည့္ အင္ဂ်င္နီယာမ်ားက ဆိုသည္။
ဦးတင္ထြန္းသည္ ဆရာကန္ေတာ့ပြဲမ်ားသို႔ တက္ေရာက္ေလ့ရွိသူမဟုတ္ဘဲ ေက်ာင္းၿပီးသည့္ ႏွစ္တူေက်ာင္းသားေဟာင္းမ်ားႏွင့္ ေတြ႕ဆုံပါက ေရွာင္ရွားေလ့ရွိေၾကာင္း ၎ႏွင့္နီးစပ္သည့္ အင္ဂ်င္နီယာတစ္ဦးက ေျပာၾကားသည္။
၎၏ အႀကံအစည္သည္ အင္ဂ်င္နီယာအသင္းႏွင့္ေကာင္စီတြင္ ေနရာရယူ၍ ျပင္ပလုပ္ငန္းရွင္မ်ားထံမွ လုပ္ငန္းမ်ားရယူရန္ ျဖစ္ႏိုင္ေၾကာင္း အင္ဂ်င္နီယာအမ်ားစုက သုံးသပ္ၾကသည္။
ျမန္မာႏိုင္ငံ အင္ဂ်င္နီယာအသင္းတြင္ ဗဟိုေကာင္စီဝင္ျဖစ္ရန္ ၂၀၁၅ ဇန္နဝါရီအတြင္း ေလွ်ာက္လႊာတင္ခဲ့ရာမွ ဘြဲ႕လက္မွတ္မူရင္း တင္ျပႏိုင္ျခင္းမရွိေသာေၾကာင့္ ေလ့လာစုံစမ္းရင္း
စက္မႈတကၠသိုလ္ (RIT) တြင္ ၁၉၈၁ ၌ BE ဘြဲ႕ ရရွိခဲ့သည္မွာ မဟုတ္မွန္ေၾကာင္း ေတြ႕ရွိခဲ့ရေသာေၾကာင့္ အသင္းကထုတ္ပယ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံအင္ဂ်င္နီယာအသင္းမွ သိရသည္။
‘‘အသင္းအေနနဲ႔ သူ႔ကို အသင္းသားတစ္ေယာက္မွာရွိရမယ့္ က်င့္ဝတ္နဲ႔မညီလို႔ ထုတ္ပယ္လိုက္တာပါ။ အင္ဂ်င္နီယာတစ္ေယာက္မွာ ရွိရမယ့္ က်င့္ဝတ္နဲ႔ အသင္းရဲ႕ စည္းမ်ဥ္းစည္းကမ္းနဲ႔ မညီလို႔ ထုတ္ပယ္ထားတာပါ’’ ဟု ျမန္မာႏိုင္ငံ အင္ဂ်င္နီယာအသင္း ဒုဥကၠ႒ ဦးေအာင္ျမင့္က ေျပာသည္။
ထို႔အျပင္ ၂၀၁၅ အတြင္းက ၎၏ဇာတိေျမျဖစ္သည့္ ေမာ္လၿမိဳင္ၿမိဳ႕တြင္ ျပဳလုပ္ခဲ့သည့္ ေဟာေျပာပြဲတစ္ခု၌ ဦးတင္ထြန္းအား ဒသမတန္းမေအာင္ျမင္ဘဲ ေဟာေျပာသည္ဟု ဝိုင္းဝန္းကန႔္ကြက္မႈမ်ားရွိခဲ့ၿပီးေနာက္
၎ကိုသတိထားမိ၍ စုံစမ္းမႈမ်ား စတင္ျပဳလုပ္ခဲ့ကာ ယခုကဲ့သို႔ အျဖစ္မွန္ေပၚ ေပါက္ခဲ့ျခင္းျဖစ္ေၾကာင္း ၎ႏွင့္နီးစပ္သည့္ အင္ဂ်င္နီယာမ်ားက ဆိုသည္။
‘‘သတင္းၾကားၿပီး စိစစ္ဆက္သြယ္တဲ့အခါ ဦးတင္ထြန္းအား အဆက္အသြယ္မရခဲ့ပါ။ ၎ကို ၂၀၁၅ ေအာက္တိုဘာတြင္ ထုတ္ပယ္ခဲ့ၿပီးျဖစ္ၿပီး သတင္းစာတြင္ ေဖာ္ျပရာ၌ မပါဝင္ပါ။ လက္ရွိ MEngC က ယခင္က ဦးသန္းျမင့္ ထုတ္ေပးထားတဲ့ PE လက္မွတ္ကို တစ္လအတြင္း ျပန္အပ္ခိုင္းထား၊
မအပ္လွ်င္ တရားစြဲအေရးယူသြားရန္ ေဆာင္႐ြက္လ်က္ရွိ၊ ရန္ကုန္ၿမိဳ႕တြင္ လက္မွတ္အတု၊ ႏိုႀတီအတုမ်ား အစစ္နဲ႔မျခားေအာင္ လုပ္ေဆာင္ေနေသာ ဆိုင္မ်ားလည္း ရွိေနတယ္’’ ဟု ရန္ကုန္တိုင္းေဒသႀကီး လွ်ပ္စစ္ႏွင့္ စက္မႈဝန္ႀကီး ဦးဉာဏ္ထြန္းက ၎၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတြင္ ေရးသားခဲ့သည္။
ဦးတင္ထြန္းကို 7Day News သတင္းဂ်ာနယ္က တယ္လီဖုန္းျဖင့္ အႀကိမ္ႀကိမ္ ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍မရခဲ့ဘဲ ၎၏ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ (Tin Tun) တြင္ ‘
‘ေဖ့စ္ဘြတ္ခ္မွာ ေရးေနတာေၾကာင့္ ပိုစိတ္ဆင္းရဲရတယ္။ Engg ေလာကကို ကြၽန္ေတာ္ ေကာင္းေအာင္သာ လုပ္ခဲ့တာ ဆရာအသိဆုံးပါ’’ဟု မွတ္ခ်က္ေရးသားခဲ့ၿပီး ယခုထြက္ေပၚေနသည့္ သတင္းမွာ မဟုတ္မွန္ေၾကာင္းႏွင့္ ျပန္လာလွ်င္ စာျပန္သင္ၾကားမည့္အေၾကာင္းေရးသားခဲ့သည္။
အဆိုပါ လိမ္လည္မႈသည္ ျမန္မာႏိုင္ငံ အင္ဂ်င္နီယာအသင္း၊ ျမန္မာႏိုင္ငံအင္ဂ်င္နီယာေကာင္စီႏွင့္ ရန္ကုန္နည္းပညာတကၠသိုလ္ရွိ တာဝန္ရွိသူမ်ား၏ စိစစ္မႈ အားနည္းခဲ့ျခင္းေၾကာင့္ျဖစ္ၿပီး
ေနာင္လာမည့္ ကာလမ်ားတြင္ ထိုကဲ့သို႔ ထပ္မံမျဖစ္ပြားေစရန္ သတိထား ေဆာင္႐ြက္သင့္ေၾကာင္း ျပည္တြင္းရွိ အင္ဂ်င္နီယာမ်ားက အႀကံျပဳထားသည္။
ဘြဲ႕လက္မွတ္အတု၊ စာ႐ြက္စာတမ္းအတုျဖင့္ လိမ္လည္ပါက ျပစ္မႈဆိုင္ရာ က်င့္ထုံးဥပေဒပုဒ္မ ၄၂၀ (လိမ္လည္ျခင္း)/၄၆၈ (စာ ႐ြက္စာတမ္းအတုျပဳလုပ္ျခင္း)/ ၄၇၁ (စာ႐ြက္စာတမ္းအတုျဖင့္ အသုံးျပဳျခင္း) တို႔ျဖင့္ တရားစြဲဆိုႏိုင္ၿပီး အျမင့္ဆုံးေထာင္ဒဏ္ ၂၁ ႏွစ္အထိခ်မွတ္ႏိုင္ေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ဦးလွမ်ိဳးျမင့္က ေျပာၾကားသည္။
ျမန္မာႏိုင္ငံ၌ လက္ရွိတြင္ အဆင့္ျမႇင့္တင္ထားသည့္ ရန္ကုန္ႏွင့္မႏၲေလးနည္းပညာတကၠသိုလ္ အပါအဝင္ နည္းပညာတကၠသိုလ္မ်ား ဖြင့္လွစ္ထားၿပီး အင္ဂ်င္နီယာမ်ားစြာ ေမြးထုတ္ေပးလ်က္ရွိၿပီး ထိုစဥ္က တစ္ႏိုင္ငံလုံးတြင္ ရန္ကုန္စက္မႈတကၠသိုလ္ (RIT) တစ္ခုတည္းသာရွိသည့္ အခ်ိန္တြင္
ယခုကဲ့သို႔ ဘြဲ႕လက္မွတ္လိမ္လည္မႈရွိခဲ့ေသာေၾကာင့္ ေနာက္ေနာင္တြင္ အလားတူ လိမ္လည္မႈမ်ားစြာ ေပၚေပါက္လာႏိုင္သျဖင့္ ယခုလိမ္လည္မႈကို တရားစြဲဆို အေရးယူေဆာင္႐ြက္မႈမ်ားျပဳလုပ္၍ ထပ္မံမျဖစ္ပြားေစရန္ စီမံ ေဆာင္႐ြက္သင့္ေၾကာင္း အင္ဂ်င္နီယာအမ်ားစုက ဆႏၵျပဳထားၾကသည္။
ျမန္မာႏိုင္ငံအင္ဂ်င္နီယာ ေကာင္စီဥပေဒကို ျပည္ေထာင္စုလႊတ္ေတာ္တြင္ ၂၀၁၃ ႏိုဝင္ဘာ ၂၈ ရက္တြင္ ႏိုင္ငံေတာ္သမၼတ ဦးသိန္းစိန္က လက္မွတ္ေရးထိုး၍ အတည္ျပဳျပ႒ာန္းခဲ့ေၾကာင္း ျမန္မာႏိုင္ငံ အင္ဂ်င္နီယာေကာင္စီမွ သိရသည္။
အဆိုပါ အင္ဂ်င္နီယာေကာင္စီဥပေဒပုဒ္မ ၃၇ တြင္ ‘‘အစိုး ရဌာနႏွင့္ အစိုးရအဖြဲ႕အစည္းမ်ားတြင္ ခန႔္ထားေသာ အင္ဂ်င္နီယာဝန္ထမ္းမ်ားက တာဝန္အရ ေဆာင္႐ြက္ျခင္းမွအပ မည္သူမွ ဤဥပေဒအရ ထုတ္ျပန္ေသာ နည္းဥပေဒမ်ားျဖင့္ သတ္မွတ္ထားသည့္
အမ်ားျပည္သူ ေဘးအႏၲရာယ္ျဖစ္ေစႏိုင္မည့္ အင္ဂ်င္နီယာဆိုင္ရာလုပ္ငန္းႏွင့္ နည္းပညာဆိုင္ရာလုပ္ငန္းမ်ားကို ေကာင္စီက ထုတ္ေပးေသာ မွတ္ပုံတင္လက္မွတ္မရွိဘဲ လုပ္ကိုင္ျခင္းမျပဳရ’’ ႏွင့္ ပုဒ္မ ၄၀ တြင္ တားျမစ္ခ်က္ကို ေဖာက္ဖ်က္ပါက
ျပစ္မႈထင္ ရွားစီရင္ျခင္းခံရလွ်င္ ထိုသူသည္ ၂ ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ ဒဏ္ႏွစ္ရပ္စလုံးျဖစ္ေစ ခ်မွတ္ျခင္းခံရမည္ဟု ျပ႒ာန္းထားသည္။
ထို႔ေၾကာင့္ ျပည္တြင္း ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ ဝင္ေရာက္လုပ္ကိုင္ေနသည့္ အင္ဂ်င္နီယာအမ်ားစုသည္ ျမန္မာႏိုင္ငံ အင္ဂ်င္နီယာေကာင္စီသို႔ လာေရာက္၍ RE,RSE,PE တို႔ကို ေလွ်ာက္ထားမႈ မ်ားျပားခဲ့သည္။
ျမန္မာႏိုင္ငံ အင္ဂ်င္နီယာေလာကအတြင္း ယခုကဲ့သို႔ လိမ္လည္မႈ ေပၚေပါက္လာၿပီး အင္ဂ်င္နီယာအသိုင္းအဝိုင္းအတြက္ အရွက္ရစရာျဖစ္ေၾကာင္း အင္ဂ်င္နီယာမ်ားက သုံးသပ္ၾကသည္။
Credit:ေဇာ္မ်ိဳးလႈိင္
Unicode
ရန်ကုန်နည်းပညာတက္ကသိုလ်တွင် လေးနှစ်ကျော်ကြာ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူသည် ဆယ်တန်းပင် မအောင်သူဖြစ်နေသောအခါ…
အင်ဂျင်နီယာလောကအတွင်း အံ့သြစရာသတင်းတစ်ခု ပြီးခဲ့သောရက်သတ္တပတ်အတွင်းက ဖြစ်ပေါ်ခဲ့သည်။ ဟောလိဝုဒ်ရုပ်ရှင်လောကတွင် အောင်မြင်ခဲ့သော နာမည်ကျော်မင်းသား လီယိုနာဒိုသရုပ်ဆောင်ခဲ့သော Catch Me If You Can ဟောလိဝုဒ်ဇာတ်လမ်းကဲ့သို့ပင် ရင်ခုန်စိတ်လှုပ်ရှားစရာ အပြည့်နှင့်ဖြစ်သည်။
Catch Me If You Can ဇာတ်ကားထဲမှ လီယိုနာဒိုဇာတ်ရုပ်က ဆေးကျောင်း၊ လေယာဉ်မှူးသင်တန်း၊ ဥပဒေကျောင်းများ မတက်ခဲ့ပါဘဲ ဆရာဝန်၊ လေယာဉ်မှူး၊ ရှေ့နေအဖြစ် တစ်လျှောက်လုံး ဟန်ဆောင်လိမ်လည်ခဲ့သည်။
ယခုဇာတ်လမ်းက စိတ်ကူးယဉ်ရုပ်ရှင်၊ ဗီဒီယိုဇာတ်လမ်းမဟုတ်ဘဲ သမိုင်းအစဉ်အလာ ကြီးမားသည့် ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) ၌ ဖြစ်ပွားခဲ့ပါသည်။
YTU တွင် ဧည့်ပါမောက္ခအဖြစ် လေးနှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာ တင်ထွန်း၏ ပညာအရည်အချင်း အစစ်အမှန်မှာ ဒသမတန်းပင် မအောင်မြင်ခဲ့ကြောင်း သိလိုက်ရသောအခါ အားလုံးအံ့သြမှင်တက်သွားသည်။
၁၉၈၁ တွင် ရန်ကုန်နည်းပညာတက္ကသိုလ်မှ မြို့ပြဘာသာရပ်ဖြင့် BE ဘွဲ့ရပြီးနောက် M.Sc, Ph.D (Project Management) NTU ဘွဲ့ရရှိထားသည်ဟု ဦးတင်ထွန်းက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။
သို့သော် မော်လမြိုင်မြို့ အထက(၅)တွင် နဝမတန်း တက်ရောက်ခဲ့ပြီးနောက် ရန်ကုန်မြို့၌ ဒသမတန်းလာရောက်ဖြေဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ၁၉၈၁ မှစကာ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သည့် အင်ဂျင်နီယာများကပြောသည်။
ထို့အပြင် ၎င်းသည် ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများအပြင် နိုင်ငံရပ်ခြားသို့ပါ သွားရောက်၍ ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော်ကြာ လုပ်ငန်းအတွေ့အကြုံရှိသူ တစ်ဦးဖြစ်သည်။
ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ၂၀၁၂ အတွင်း ပြုလုပ်ခဲ့သည့် ဟောပြောပွဲတစ်ခုသို့ လာရောက်ခဲ့ပြီးနောက် ဧည့်ပါမောက္ခအဖြစ် လျှောက်ထားခဲ့ကြောင်း အဆိုပါတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုအချိန်က ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အနယ်နယ်အရပ်ရပ်မှ ထင်ရှားသည့် အင်ဂျင်နီယာပညာရှင်များအား ဧည့်ပါမောက္ခအဖြစ် လက်ခံသင်ကြားစေခဲ့ပြီး အစဉ်အလာအရ ဧည့်ပါမောက္ခ လျှောက်ထားသူကို ၎င်း၏ကိုယ်ရေးရာဇဝင်ကိုသာ ကြည့်၍ ခန့်ထားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ကိုယ်ရေးရာဇဝင်စစ်ဆေးခဲ့သူသည် ဦးတင်ထွန်းအား ဘွဲ့လက်မှတ်တောင်းခံရာ အင်ဂျင်နီယာကောင်စီ၌ PE (Professional Engineer) လျှောက်ထားနေသောကြောင့်ဟု အကြောင်းပြခဲ့၍ ကိုယ်ရေးရာဇဝင်တွင် ပါဝင်သည့် ၁၉၈၁ RIT BE အောင်စာရင်းကို သွားရောက်စစ်ဆေးရာ
ခုံနံပါတ် ၁၁၃ တွင် တင်ထွန်းဟူသောနာမည်ကို တွေ့ရှိရ၍ ရန်ကုန်နည်းပညာတက္ကသိုလ်မှ ဧည့်ပါမောက္ခအဖြစ် လက်ခံခဲ့သည်။ သို့သော် အမှန်တွင် ၎င်းမဟုတ်ဘဲ အမည်တူတစ်ဦး ရှိနေခြင်းဖြစ်သည်။
ဦးတင်ထွန်းအား ရန်ကုန်နည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာ မဟာတန်း (ME) ကျောင်းသူ၊ ကျောင်းသားများအား Construction Project Manage-ment ဘာသာရပ်နှင့်ပတ်သက်၍ ဧည့်ပါမောက္ခအဖြစ် ၂၀၁၃ မေလတွင် စတင်သင်ကြားစေခဲ့သည်။
ဦးတင်ထွန်း၏ နှစ် ၃၀ ကျော်ရှိသည့် လုပ်ငန်းအတွေ့အကြုံနှင့် လေ့လာမှုများအရ မြို့ပြအင်ဂျင်နီယာ မဟာတန်းကျောင်းသူ၊ ကျောင်းသားများအား အခက်အခဲမရှိ သင်ကြာပေးနိုင်ခဲ့ပြီး ကျောင်းသားများ၏ လေးစားမှုကို ရရှိခဲ့ကြောင်း ၎င်းနှင့်နီးစပ်သည့် အင် ဂျင်နီယာတစ်ဦးက ပြောသည်။
ဦးတင်ထွန်းသည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းသို့ အသင်းဝင်အဖြစ် လျှောက်ထားခဲ့သည်။
၎င်းသည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ (Myanmar Engi-neering Council) က ၂၀၁၄ ဧပြီတွင် အသိအမှတ်ပြုအင်ဂျင်နီယာလက်မှတ် (PE-Professional Engineer) နှင့် အာဆီယံအသိအမှတ်ပြု PE (ACPE) လက်မှတ်ရရှိထားသူတစ်ဦးဖြစ်သည်။
ထို့နောက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီတွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အသင်း၏လုပ်ငန်းစဉ်များကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဝင်တစ်ဦးက ပြောသည်။
ဦးတင်ထွန်းသည် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ပေးအပ်သည့် PE(Professional Engineer) နှင့် RSE (Registered Senior Engineer) များ စိစစ်ရေးတွင်လည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သည့် အင်ဂျင်နီယာများက ဆိုသည်။
ဦးတင်ထွန်းသည် ဆရာကန်တော့ပွဲများသို့ တက်ရောက်လေ့ရှိသူမဟုတ်ဘဲ ကျောင်းပြီးသည့် နှစ်တူကျောင်းသားဟောင်းများနှင့် တွေ့ဆုံပါက ရှောင်ရှားလေ့ရှိကြောင်း ၎င်းနှင့်နီးစပ်သည့် အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။
၎င်း၏ အကြံအစည်သည် အင်ဂျင်နီယာအသင်းနှင့်ကောင်စီတွင် နေရာရယူ၍ ပြင်ပလုပ်ငန်းရှင်များထံမှ လုပ်ငန်းများရယူရန် ဖြစ်နိုင်ကြောင်း အင်ဂျင်နီယာအများစုက သုံးသပ်ကြသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတွင် ဗဟိုကောင်စီဝင်ဖြစ်ရန် ၂၀၁၅ ဇန်နဝါရီအတွင်း လျှောက်လွှာတင်ခဲ့ရာမှ ဘွဲ့လက်မှတ်မူရင်း တင်ပြနိုင်ခြင်းမရှိသောကြောင့် လေ့လာစုံစမ်းရင်း
စက်မှုတက္ကသိုလ် (RIT) တွင် ၁၉၈၁ ၌ BE ဘွဲ့ ရရှိခဲ့သည်မှာ မဟုတ်မှန်ကြောင်း တွေ့ရှိခဲ့ရသောကြောင့် အသင်းကထုတ်ပယ်ခဲ့ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ သိရသည်။
‘‘အသင်းအနေနဲ့ သူ့ကို အသင်းသားတစ်ယောက်မှာရှိရမယ့် ကျင့်ဝတ်နဲ့မညီလို့ ထုတ်ပယ်လိုက်တာပါ။ အင်ဂျင်နီယာတစ်ယောက်မှာ ရှိရမယ့် ကျင့်ဝတ်နဲ့ အသင်းရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီလို့ ထုတ်ပယ်ထားတာပါ’’ ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။
ထို့အပြင် ၂၀၁၅ အတွင်းက ၎င်း၏ဇာတိမြေဖြစ်သည့် မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲတစ်ခု၌ ဦးတင်ထွန်းအား ဒသမတန်းမအောင်မြင်ဘဲ ဟောပြောသည်ဟု ဝိုင်းဝန်းကန့်ကွက်မှုများရှိခဲ့ပြီးနောက်
၎င်းကိုသတိထားမိ၍ စုံစမ်းမှုများ စတင်ပြုလုပ်ခဲ့ကာ ယခုကဲ့သို့ အဖြစ်မှန်ပေါ် ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သည့် အင်ဂျင်နီယာများက ဆိုသည်။
‘‘သတင်းကြားပြီး စိစစ်ဆက်သွယ်တဲ့အခါ ဦးတင်ထွန်းအား အဆက်အသွယ်မရခဲ့ပါ။ ၎င်းကို ၂၀၁၅ အောက်တိုဘာတွင် ထုတ်ပယ်ခဲ့ပြီးဖြစ်ပြီး သတင်းစာတွင် ဖော်ပြရာ၌ မပါဝင်ပါ။ လက်ရှိ MEngC က ယခင်က ဦးသန်းမြင့် ထုတ်ပေးထားတဲ့ PE လက်မှတ်ကို တစ်လအတွင်း ပြန်အပ်ခိုင်းထား၊
မအပ်လျှင် တရားစွဲအရေးယူသွားရန် ဆောင်ရွက်လျက်ရှိ၊ ရန်ကုန်မြို့တွင် လက်မှတ်အတု၊ နိုတြီအတုများ အစစ်နဲ့မခြားအောင် လုပ်ဆောင်နေသော ဆိုင်များလည်း ရှိနေတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဉာဏ်ထွန်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။
ဦးတင်ထွန်းကို 7Day News သတင်းဂျာနယ်က တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ဘဲ ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ (Tin Tun) တွင် ‘
‘ဖေ့စ်ဘွတ်ခ်မှာ ရေးနေတာကြောင့် ပိုစိတ်ဆင်းရဲရတယ်။ Engg လောကကို ကျွန်တော် ကောင်းအောင်သာ လုပ်ခဲ့တာ ဆရာအသိဆုံးပါ’’ဟု မှတ်ချက်ရေးသားခဲ့ပြီး ယခုထွက်ပေါ်နေသည့် သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် ပြန်လာလျှင် စာပြန်သင်ကြားမည့်အကြောင်းရေးသားခဲ့သည်။
အဆိုပါ လိမ်လည်မှုသည် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်ရှိ တာဝန်ရှိသူများ၏ စိစစ်မှု အားနည်းခဲ့ခြင်းကြောင့်ဖြစ်ပြီး
နောင်လာမည့် ကာလများတွင် ထိုကဲ့သို့ ထပ်မံမဖြစ်ပွားစေရန် သတိထား ဆောင်ရွက်သင့်ကြောင်း ပြည်တွင်းရှိ အင်ဂျင်နီယာများက အကြံပြုထားသည်။
ဘွဲ့လက်မှတ်အတု၊ စာရွက်စာတမ်းအတုဖြင့် လိမ်လည်ပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၂၀ (လိမ်လည်ခြင်း)/၄၆၈ (စာ ရွက်စာတမ်းအတုပြုလုပ်ခြင်း)/ ၄၇၁ (စာရွက်စာတမ်းအတုဖြင့် အသုံးပြုခြင်း) တို့ဖြင့် တရားစွဲဆိုနိုင်ပြီး အမြင့်ဆုံးထောင်ဒဏ် ၂၁ နှစ်အထိချမှတ်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ပြောကြားသည်။
မြန်မာနိုင်ငံ၌ လက်ရှိတွင် အဆင့်မြှင့်တင်ထားသည့် ရန်ကုန်နှင့်မန္တလေးနည်းပညာတက္ကသိုလ် အပါအဝင် နည်းပညာတက္ကသိုလ်များ ဖွင့်လှစ်ထားပြီး အင်ဂျင်နီယာများစွာ မွေးထုတ်ပေးလျက်ရှိပြီး ထိုစဉ်က တစ်နိုင်ငံလုံးတွင် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) တစ်ခုတည်းသာရှိသည့် အချိန်တွင်
ယခုကဲ့သို့ ဘွဲ့လက်မှတ်လိမ်လည်မှုရှိခဲ့သောကြောင့် နောက်နောင်တွင် အလားတူ လိမ်လည်မှုများစွာ ပေါ်ပေါက်လာနိုင်သဖြင့် ယခုလိမ်လည်မှုကို တရားစွဲဆို အရေးယူဆောင်ရွက်မှုများပြုလုပ်၍ ထပ်မံမဖြစ်ပွားစေရန် စီမံ ဆောင်ရွက်သင့်ကြောင်း အင်ဂျင်နီယာအများစုက ဆန္ဒပြုထားကြသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၃ နိုဝင်ဘာ ၂၈ ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး၍ အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ သိရသည်။
အဆိုပါ အင်ဂျင်နီယာကောင်စီဥပဒေပုဒ်မ ၃၇ တွင် ‘‘အစိုး ရဌာနနှင့် အစိုးရအဖွဲ့အစည်းများတွင် ခန့်ထားသော အင်ဂျင်နီယာဝန်ထမ်းများက တာဝန်အရ ဆောင်ရွက်ခြင်းမှအပ မည်သူမှ ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများဖြင့် သတ်မှတ်ထားသည့်
အများပြည်သူ ဘေးအန္တရာယ်ဖြစ်စေနိုင်မည့် အင်ဂျင်နီယာဆိုင်ရာလုပ်ငန်းနှင့် နည်းပညာဆိုင်ရာလုပ်ငန်းများကို ကောင်စီက ထုတ်ပေးသော မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ကိုင်ခြင်းမပြုရ’’ နှင့် ပုဒ်မ ၄၀ တွင် တားမြစ်ချက်ကို ဖောက်ဖျက်ပါက
ပြစ်မှုထင် ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် ၂ နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဟု ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေသည့် အင်ဂျင်နီယာအများစုသည် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီသို့ လာရောက်၍ RE,RSE,PE တို့ကို လျှောက်ထားမှု များပြားခဲ့သည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာလောကအတွင်း ယခုကဲ့သို့ လိမ်လည်မှု ပေါ်ပေါက်လာပြီး အင်ဂျင်နီယာအသိုင်းအဝိုင်းအတွက် အရှက်ရစရာဖြစ်ကြောင်း အင်ဂျင်နီယာများက သုံးသပ်ကြသည်။
Credit:ဇော်မျိုးလှိုင်