ၾကားသိရသမွ်

ရေတွင်းထဲ၌ ၃၇ နာရီကြာပိတ်မိနေစဉ်အတွင်း ရွှံ့ရေကိုသောက်ပြီး ဖားတွေကိုပါကောက်စားကာ အသက်ဆက်ခဲ့ရတဲ့ အသက် ၇၀ အရွယ်အဘိုး

ရေတွင်းထဲ၌ ၃၇ နာရီကြာပိတ်မိနေစဉ်အတွင်း ရွှံ့ရေကိုသောက်ပြီး ဖားတွေကိုပါကောက်စားကာ အသက်ဆက်ခဲ့ရတဲ့ အသက် ၇၀ အရွယ်အဘိုး

မလေးရှားနိုင်ငံရှိ အသက် ၇၀ အရွယ်အဘိုးတစ်ဦးဟာ ပြီးခဲ့တဲ့စနေနေ့ နံနက် ၉ နာရီခန့်မှာ သူအ လုပ်လုပ်နေတဲ့စားအုန်းဆီစိုက်ခင်းတစ်ခုရှိ ရေ တွင်းထဲသို့ မတော်တဆပြုတ်ကျသွားခဲ့ပါတယ်။ ၁၃ ပေနက်တဲ့ရေတွင်းထဲသို့ကျသွားခဲ့တဲ့ အဘိုးဟာ

ရေတွင်းရဲ့နံရံများက ချောမွေ့တဲ့ရေညှိများနှင့်မြက်များဖုံးအုပ်နေခဲ့တာကြောင့် အပေါ်သို့မတက်နိုင်ခဲ့ပါဘူး။ ထို့အပြင် အဘိုးရဲ့ရင်ဘတ်ထိနက်တဲ့ရေကြောင့်လည်း အဘိုးအား ရေတွင်းထဲမှအပေါ်သို့တက်ရန် ပို၍ပင်ခက်ခဲစေခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူက ပုံမှန်အတိုင်းနေ့လည်စာစားရန်အိမ်သို့ပြန်မရောက်လာတဲ့အခါ အဘိုးဖြစ်သူရဲ့ဇနီးက စိုးရိမ်သွားခဲ့ပြီး အဘိုးအား စိုက်ခင်းထဲရှိတယ်အထင်နဲ့ လိုက်လံရှာဖွေခဲ့ပေမဲ့လည်း သူမရဲ့ရှာဖွေမှုက အချည်းနှီးသာဖြစ်ခဲ့ရပါတယ်။

နောက်ဆုံးမှာ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့က နောက်တစ်ရက် ည ၉ နာရီမိနစ် ၄၀ မှာ ရေ တွင်းထဲမှာပိတ်မိနေခဲ့တဲ့အဘိုးအား ပြန်လည်ရှာ ဖွေတွေ့ရှိခဲ့ကြပြီးနောက် အဘိုးကို ရေတွင်းထဲကနေ လုံခြုံစွာဆွဲထုတ်နိုင်ခဲ့ပါတယ်။ အဘိုးဟာ ၎င်းရေတွင်းထဲ၌ ၃၇ နာရီကြာနေခဲ့ရပါတယ်။

အဘိုးက ရေတွင်းထဲမှာ တစ်ရက်ကျော်ကြာပိတ်မိနေခဲ့တာကြောင့် မောဟိုက်ပြီး ဆာလောင်နေခဲ့ပါတယ်။ . . . . . . . ကယ်ဆယ်ရေးအဖွဲ့ကလည်း အဘိုးကိုဆွဲထုတ်ပြီးတာနဲ့ အဘိုးအား ရေသန့်ဘူးနဲ့ပေါင်မုန့်အချို့ကိုပေးခဲ့ပြီး အနီးအနားရှိဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့ကြပါတယ်။

“ ငါ အဲ့ဒီရေတွင်းထဲက အနံ့လည်းနံပြီး ညစ်ပတ်လည်းညစ်ပတ်တဲ့ရွှံ့ရေကို သောက်ခဲ့ရုံတင်မက ရေတွင်းထဲမှာတွေ့တဲ့ဖားတွေကိုလည်းကော က်စားရင် အသက်ဆက်ခဲ့တယ် ၊ ငါ ဖားတွေကို ရှာမတွေ့တော့တဲ့အချိန်မှာ

အရမ်းထိတ်လန့်သွားခဲ့ပြီး ဒီအတိုင်းဆို ငါက နောက်ထပ် တစ်ရက်လောက်တောင် အသက်ရှင်နိုင်မှာမဟုတ်ဘူးလို့တွေးနေခဲ့ပြီး အကယ်လို့ ငါ့ကိုသာ လူတွေရှာမတွေ့ခဲ့ရင်

ငါတော့ သေမှာကျိန်းသေဘဲလို့တွေးခဲ့ရတယ် ” ဟု အဘိုးက သူခံစားခဲ့ရတဲ့စိတ်ခံစားချက်များကို SinChew သို့ ပြောကြားခဲ့ပါတယ်။ . . . . . . .

crd