ၾကားသိရသမွ်

ခရစ္စတီယာနို ရော်နယ်ဒိုပြောခဲ့ဖူးတဲ့ စိတ်ခွန်အားဖြည့် စကား (၅) ခွန်း

ခရစ္စတီယာနို ရော်နယ်ဒိုဆိုရင် အငြင်းပွားဖွယ်မရှိအကောင်းဆုံး ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်အဖြစ် ကမ္ဘာက အသိအမှတ်ပြုထားကြပါတယ်။ တစ်ကမ္ဘာလုံးမှာလည်း ခရစ္စတီယာနို Fan တွေ သန်းပေါင်းများစွာ ရှိပါတယ်။ အခုပြောမှာက ပိုကောင်းတဲ့ဘဝတစ်ခုကို ဖြတ်သန်းရာမှာ စိတ်ခွန်အားဖြစ်စေနိုင်မယ့် ခရစ္စတီယာနို ရော်နယ်ဒိုပြောခဲ့တဲ့ စကားတချို့ပဲ ဖြစ်ပါတယ်။

ခရစ္စတီယာနိုအကြောင်း နည်းနည်းလေး အကျဉ်းချုံး ပြောချင်ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို ဒေါ့စ်ဆန်းတို့စ် အေဗယ်ရီယိုကို ပေါ်တူဂီနိုင်ငံ မက်ဒေးရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ အကြီးဆုံးမြို့တော် ဖန်ချယ်မှာ ၁၉၈၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့က မွေးပါတယ်။ အသက် ၁၆ နှစ်အရွယ် ၂၀၀၃ မှာ မန်ချက်စတာယူနိုက်တက်ဟာ သူ့ကို ပေါင် ၁၂ သန်းနဲ့ (သူ့အရွယ်ကစားသမားတစ်ယောက်အတွက် စံချိန်တင်ကြေး) စာချုပ်ချုပ်ပါတယ်။

Photo: sportslibro

ရီးရဲလ်မက်ဒရစ်ကိုရောက်တော့ အသင်းက သူ့ကိုလစာနဲ့ ဆုကြေးအပြင် ၂၀၁၇ တစ်နှစ်တည်းမှာ ဒေါ်လာ ၉၃ သန်း ပေးထားပါတယ်။ အဲ့ဒီနှစ်ရဲ့လစာအမြင့်ဆုံး ကစားသမားဖြစ်ပါတယ်။ Celebrity Net Work ရဲ့ အဆိုအရ ၂၀၁၇ မှာ သူ့ရဲ့အသားတင် ချမ်းသာမှုဟာ ဒေါ်လာသန်း ၄၀၀ ခန့် ရှိတယ်လို့ ဆိုပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုဟာ အားကစားသက်တမ်းအတွင်း ဒေါ်လာ ၁ ဘီလျံအထိ ရခဲ့တဲ့ ပထမဆုံးဘောလုံးသမားတစ်ယောက်လည်း ဖြစ်ပါတယ်။
ကဲ ခရစ္စတီယာနို ရော်နယ်ဒိုလို့ ဖြစ်စေခဲ့တဲ့ သူ့ရဲ့ ခံယူချက်နဲ့ စကားတွေကို ကြည့်လိုက်ရအောင်ပါ

 

Photo: thestrive

(၁) သင်တို့ရဲ့ ချစ်ခြင်းမေတ္တာက ကျွန်တော့်ကို သန်မာစေပါတယ်။ သင်တို့ရဲ့ အမုန်းကတော့ ကျွန်တော့်ကို တားဆီးလို့မရအောင် ဖြစ်စေပါတယ်။
(၂) ဘယ်တော့မဆို ကျွန်တော် အမြဲကောင်းကောင်း ကစားချင်တယ်။ ဆုတံဆိပ်တွေလည်း ရချင်တယ်။ ကျွန်တော်က အခုမှ အစပဲရှိသေးတာပါ။
(၃) အဆုံးမရှိ သင်ကြားဖို့ ၊ တိုးတက်ဖြစ်ထွန်းဖို့ လိုအပ်တယ်လို့ ကျွန်တော်ခံစားနေတယ်။ ကျွန်တော့်နည်းပြနဲ့ ပရိသတ်တွေ စိတ်ကျေနပ်စေဖို့ တင်မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်တဲ့ ခံစားမှုရချင်လို့ပါ။
(၄) ပင်ကိုယ်စွမ်းရည်က အရာအားလုံးကို မဖြစ်စေဘူး။ ပုခက်ထဲက ဒါကို ခင်ဗျားရလာနိုင်တယ်။ ဒါပေမယ့် အကောင်းဆုံးဖြစ်လာအောင် ဖလှယ်တဲ့နည်းကို မဖြစ်မနေ လေ့လာဖို့ လိုပါတယ်။ အလုပ်မကြိုးစားတဲ့ ပင်ကိုယ်စွမ်းရည်ဆိုတာ အလကားပဲ။
(၅) ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးလို့ မယုံကြည်ရင် သင်စွမ်းဆောင်နိုင်သလောက် အားလုံးကို ဘယ်တော့မှ ရယူနိုင်မှာ မဟုတ်ပါဘူး။