ၾကားသိရသမွ်






Rain (For Ialinks)

Unicode

ပိုက်ဆံရှိပြီး ရုပ်ချောသော်လည်း ရည်းစားတစ်ယောက်မှ မရှိသေးတာကြောင့် အထီးကျန်လွန်း၍ ရည်းစားဖြစ်ပေးမည့်သူအား လစာကောင်းကောင်းပေးမည်ဟု ကြေညာခဲ့သော မိန်းကလေး

ယနေ့ခေတ်တွင် Streamer နှင့် You Tuber သမားများ အဖြစ်လုပ်ကိုင်ခြင်းဖြင့် ဝင်ငွေများစွာကို ရှာနိုင်ကြပြီဖြစ်သည်။

ယခုအခါတွင်လည်း တရုတ်နိုင်ငံမှ You Tuber တစ်ဦးဖြစ်သော Bang Bangအမည်ရှိသော မိန်းကလေးသည် ငွေအမြောက်အများရှာနိုင်ပြီး ချောမောလှပကာ ဆွဲဆောင်မှုရှိသော်လည်း အဖော်မဲ့ အထီးကျန်နေကြောင်း သိရသည်။

မိန်းကလေးသည် သူမနှင့်အတူ အစားစားခြင်း သွားခြင်းလာခြင်း စကားပြောခြင်းတွေကို အတူလုပ်ဆောင်ပေးမည့် ကောင်လေးတစ်ယောက်လောက် အလိုရှိခဲ့သည်။

ထို့ကြောင့် သူငယ်ချင်းဖြစ်သူထံတွင် အကူအညီတောင်းခဲ့ပြီး သူမနှင့် ရည်းစားဖြစ်ပေးမည့်သူအား လစာကောင်းကောင်းပေးမည်ဖြစ်ပြီး မည်သူမဆို လာရောက်လျှောက်ထားနိုင်ကြောင်း ကြော်ငြာပိုစ့်အား တင်ပေးခဲ့သည်။

Rain (For Ialinks)