အိုလာရင္သားသမီးေတြ ျပစ္ပယ္တာခံရတာပါပဲ ဆိုတဲ့ အသက္၇၇ႏွစ္အရြယ္ ဆိုက္ကားဆရာ အဘိုးအိုရဲ့ အျဖစ္
က်ေနာ္ကားေပၚကဆင္းဆင္းခ်င္ပဲဆိုက္ကားဆရာတခ်ိဳ႕ေရာက္လာတယ္။သန္ျမန္တဲ့လူေတြမို႔အတင္တိုးေဝွ႕ၿပီးသူ႔ထက္ငါဦးေအာင္ေမးၾကတယ္ အကိုဘယ္သြားမွာလဲဘယ္ပို႔ေပးရမလဲေပါ့။
က်ေနာ့္မွာလဲပစၥည္းကမ်ားမ်ားစားစားသယ္စရာပါမလာေတာ့ က်ေနာ္ဆိုက္ကားမငွားေတာ့ဘူးအကိုတို႔လို႔ေျပာလိုက္တယ္ကိုလဲၿမိဳ႕သားမဟုတ္ေတာ့ေတာ္ယုံအထုပ္နဲ႔ေတာ္ယုံခရီဆို ကိုယ္တိုင္ထမ္းၿပီး လမ္းေလ်ာက္ေလ့ရွိတယ္။
အဲ့လိုနဲ႔ဆိုက္ကားဆရာေတြလူစုခြဲေနာက္ဆုတ္သြားမွ ေနာက္ကအဖိုးအိုတေယာက္ကိုျမင္လိုက္ရတယ္ ငါ့တူေလးဘယ္ကိုသြားမွာလဲဦးေလးဆိုက္ကနဲ႔လိုက္ပို႔ပါရေစတဲ့ ေမးလိုက္တဲ့ပုံကလဲတျခားဆိုက္ကားဆရာေတြနဲ႔မတူဘူးဗ်
တျခားဆိုက္ကားဆရာေတြဆို ဆိုက္ကားေခၚမလားဘာညာေမးတယ္ အခုအဖိုးအိုကေတာ့ ဦးေလးဆိုက္ကားနဲ႔လိုက္ပို႔ပါရေစတဲ့။က်ေနာ္လဲဘာမွစဥ္းစားမေနေတာ့ဘူး ဟုတ္ကဲ့လိုက္ပို႔ပါဥိးေလးဆိုၿပီးေျပာလိုက္တယ္။
တျခားဆိုက္ကားဆရာေတြကေတာင္ေနာက္ကတီးတိုေဝဖန္သံၾကားလိုက္မိပါတယ္ ဒီေကာင္အ႐ူးစိတ္မမွန္ဘူးဆိုပဲ အဲ့လိုနဲ႔က်ေနာ္တို႔ဆိုက္ကားနဲ႔ထြက္လာၾကရင္း က်ေနာ္ကနဲနဲစပ္စုၾကည့္တယ္။
ဦးေလး ဦးေလးမွာသားသမီးမရွိဘူးလားဆိုေတာ့ရွိတာေပါ့ငါ့တူရယ္ အႀကီးေကာင္ကရဲထဲမွာဒုရဲအုပ္ အလတ္မကေက်ာင္းအုပ္ဆရာမ အငယ္ဆုံးသားကေတာ့ မွန္လုံကားေမာင္းတယ္ တဲ့ဦးေလးနဲ႔အတူေနၾကတာလား ဆိုေတာ့မဟုတ္ပါဘူးသူတို႔အိမ္ေထာင္ေတြနဲ႔ပါ။
သူတို႔ကတာဝန္က်ရာနယ္ေတြမွာပါ တဲ့ဒါဆိုဦးေလးတို႔အဖိုးအဖြား၂ေယာက္ထဲေနတာေပါ့ေနာ္ ဆိုေတာ့မဟုတ္ပါဘူးဦးေလးတေယာက္ထဲေနတာပါ ဦးေလးမိန္းမကဆုံးသြားၿပီ တဲ့ဘာလို႔သားသမီးေတြနဲ႔လိုက္မေနတာလဲဦးေလး လို႔က်ေနာ္ထပ္ေမးလိုက္တယ္ေနခ်င္တာေပါ့ငါ့တူရယ္ေနလဲေနၿပီးပါၿပီ။
မိဘေတြအိုလာရင္သားသမီးေတြကပယ္ထားၾကတာတစ္ကယ္ေတာ့မိဘဆိုတာ အိုပယ္ေတြပါ တဲ့က်ေနာ္အရမ္းစိတ္မေကာင္းျဖစ္သြားတယ္ရင္ထဲမွာဆို႔တက္လာလို႔ ဘာမွဆက္မေမးနိုင္ေတာ့ဘူး က်ေနာ္သြားမဲ့လမ္းဆုံေရာက္ေတာ့မွမနဲအသံထြက္ေမးလိုက္ရတယ္။
ဦးေလးဘယ္ေလာက္က်လဲဗ် ဆိုေတာ့၅၀၀ ပါငါ့တူတဲ့ က်ေနာ္အိပ္ထဲက ၁၀၀၀၀ တန္၂ရြက္ထုပ္ေပးလိုက္တယ္ မယုံနိုင္သလိုအံ့ၾသတဲ့အၾကည့္ေတြနဲ႔က်ေနာ္ကိုေျပာတယ္ ၅၀၀ ပဲက်တာေလငါ့တူတဲ့။
ဟုတ္ပါတယ္က်န္တဲ့ပိုက္ဆံကဦးေလးကိုက်ေနာ္ကန္ေတာ့တာပါဆိုေတာ့တုန္တုန္ယင္ယင္လက္ေတြနဲ႔လွမ္းယူလိုက္တယ္ ဆုေတြလဲမဆုံးနိုင္ေအာင္ေပးေနပါေတာ့တယ္။ေနာက္ထပ္ ၅ လေလာက္ရွိလို႔က်ေနာ္အဲ့ဒီဆိုက္ကားဂိတ္ကိုျပန္ေရာက္ေတာ့ ဒီဂိတ္ကဆိုက္ကားဆရာဦးေလးႀကီးေရာလို႔အနားကကြမ္းယာဆိုင္ကိုေမးၾကည့္တဲ့အခါ
အခုေဆာင္းအဝင္လြန္ခဲ့တဲ့တလကပဲသူ႔ရဲ့တဲအိမ္ေလးထဲမွာတေယာက္ထဲဆုံးသြားၿပီး၃ရက္ေလာက္ေနမွရပ္ကြက္ကသိတယ္တဲ့ေနာင္ဘဝေတြမွာအခုလိုအျဖစ္မ်ိဳးနဲ႔မၾကဳံပါေစနဲ႔ဦးေလးရယ္လို႔ ဆုေတာင္းေပး႐ုံကလြဲၿပီးက်ေနာ္ဘာမ်ားတတ္နိုင္ေတာ့မွာလဲဗ်ာ။
ဘယ္သူမွအျပစ္မတင္လိုပါဘဝကံေႂကြးကိုခုရြယ္ထိေပးဆပ္ေနရတဲ့အသက္(၇၇)ႏွစ္အရြယ္ရွိၿပီ ျဖစ္တဲ့အဖိုးအိုတေယာက္ဝမ္းစာေရးကိုပင္ပမ္းႀကီး စြာလုပ္ကိုင္ေနရတာေတြ႕လို႔တတ္နိုင္သေလာက္ ေလးအကူညီေပးခဲ့မိပါတယ္။
သံေဝဂ ရစရာပါ မိဘတေယာက္ဟာသားသမီးမ်ားစြာကိုျပဳစုလုပ္ေႂကြးနိုင္ေပမဲ့သားသမီးတစုဟာ အတုံ႔အလွည့္မျပန္နိုင္ၾကတာကအင္မတန္ကိုဘဲဝမ္းနည္းစရာတခုပါ သူ႔ကံနဲ႔သူေတာ့မွန္ပါတယ္။
တန္ဖိုးလလြန္ႀကီးမားတဲ့မိဘႏွစ္ပါးကိုေတာ့မေသ ခင္တတ္နိုင္သေလာက္ ကိုယ္အငါတ္ခံၿပီးျပဳစု လုပ္ေႂကြးကာမိဘေက်းဇူးတရားေတြကိုဆပ္ေပးၾကပါလို႔ လူငယ္မ်ားစြာကိုတိုက္တြန္းလိုက္ပါရေစခင္ဗ်ာ
Unicode
အိုလာရင်သားသမီးတွေ ပြစ်ပယ်တာခံရတာပါပဲ ဆိုတဲ့ အသက်၇၇နှစ်အရွယ် ဆိုက်ကားဆရာ အဘိုးအိုရဲ့ အဖြစ်
ကျနော်ကားပေါ်ကဆင်းဆင်းချင်ပဲဆိုက်ကားဆရာတချို့ရောက်လာတယ်။သန်မြန်တဲ့လူတွေမို့အတင်တိုးဝှေ့ပြီးသူ့ထက်ငါဦးအောင်မေးကြတယ် အကိုဘယ်သွားမှာလဲဘယ်ပို့ပေးရမလဲပေါ့။
ကျနော့်မှာလဲပစ္စည်းကများများစားစားသယ်စရာပါမလာတော့ ကျနော်ဆိုက်ကားမငှားတော့ဘူးအကိုတို့လို့ပြောလိုက်တယ်ကိုလဲမြို့သားမဟုတ်တော့တော်ယုံအထုပ်နဲ့တော်ယုံခရီဆို ကိုယ်တိုင်ထမ်းပြီး လမ်းလျောက်လေ့ရှိတယ်။
အဲ့လိုနဲ့ဆိုက်ကားဆရာတွေလူစုခွဲနောက်ဆုတ်သွားမှ နောက်ကအဖိုးအိုတယောက်ကိုမြင်လိုက်ရတယ် ငါ့တူလေးဘယ်ကိုသွားမှာလဲဦးလေးဆိုက်ကနဲ့လိုက်ပို့ပါရစေတဲ့ မေးလိုက်တဲ့ပုံကလဲတခြားဆိုက်ကားဆရာတွေနဲ့မတူဘူးဗျ
တခြားဆိုက်ကားဆရာတွေဆို ဆိုက်ကားခေါ်မလားဘာညာမေးတယ် အခုအဖိုးအိုကတော့ ဦးလေးဆိုက်ကားနဲ့လိုက်ပို့ပါရစေတဲ့။ ကျနော်လဲဘာမှစဉ်းစားမနေတော့ဘူး ဟုတ်ကဲ့လိုက်ပို့ပါဥိးလေးဆိုပြီးပြောလိုက်တယ်။
တခြားဆိုက်ကားဆရာတွေကတောင်နောက်ကတီးတိုဝေဖန်သံကြားလိုက်မိပါတယ် ဒီကောင်အရူးစိတ်မမှန်ဘူးဆိုပဲ အဲ့လိုနဲ့ကျနော်တို့ဆိုက်ကားနဲ့ထွက်လာကြရင်း ကျနော်ကနဲနဲစပ်စုကြည့်တယ်။
ဦးလေး ဦးလေးမှာသားသမီးမရှိဘူးလား ဆိုတော့ရှိတာပေါ့ငါ့တူရယ် အကြီးကောင်က ရဲထဲမှာဒုရဲအုပ် အလတ်မကကျောင်းအုပ်ဆရာမ အငယ်ဆုံးသားကတော့ မှန်လုံကားမောင်းတယ် တဲ့ဦးလေးနဲ့အတူနေကြတာလား ဆိုတော့မဟုတ်ပါဘူးသူတို့အိမ်ထောင်တွေနဲ့ပါ။
သူတို့ကတာဝန်ကျရာနယ်တွေမှာပါ တဲ့ဒါဆိုဦးလေးတို့အဖိုးအဖွား၂ယောက်ထဲနေတာပေါ့နော် ဆိုတော့မဟုတ်ပါဘူးဦးလေးတယောက်ထဲနေတာပါ ဦးလေးမိန်းမကဆုံးသွားပြီ တဲ့ဘာလို့သားသမီးတွေနဲ့လိုက်မနေတာလဲဦးလေး လို့ကျနော်ထပ်မေးလိုက်တယ်နေချင်တာပေါ့ငါ့တူရယ်နေလဲနေပြီးပါပြီ။
မိဘတွေအိုလာရင်သားသမီးတွေကပယ်ထားကြတာတစ်ကယ်တော့မိဘဆိုတာ အိုပယ်တွေပါ တဲ့ကျနော်အရမ်းစိတ်မကောင်းဖြစ်သွားတယ်ရင်ထဲမှာဆို့တက်လာလို့ ဘာမှဆက်မမေးနိုင်တော့ဘူး ကျနော်သွားမဲ့လမ်းဆုံရောက်တော့မှမနဲအသံထွက်မေးလိုက်ရတယ်။
ဦးလေးဘယ်လောက်ကျလဲဗျ ဆိုတော့၅၀၀ ပါငါ့တူတဲ့ ကျနော်အိပ်ထဲက ၁၀၀၀၀ တန်၂ရွက်ထုပ်ပေးလိုက်တယ် မယုံနိုင်သလို အံ့သြတဲ့အကြည့်တွေနဲ့ကျနော်ကိုပြောတယ် ၅၀၀ ပဲကျတာလေငါ့တူတဲ့။
ဟုတ်ပါတယ် ကျန်တဲ့ပိုက်ဆံကဦးလေးကိုကျနော်ကန်တော့တာပါဆိုတော့ တုန်တုန်ယင်ယင်လက်တွေနဲ့လှမ်းယူလိုက်တယ် ဆုတွေလဲမဆုံးနိုင်အောင်ပေးနေပါတော့တယ်။
နောက်ထပ် ၅ လလောက်ရှိလို့ကျနော်အဲ့ဒီဆိုက်ကားဂိတ်ကိုပြန်ရောက်တော့ ဒီဂိတ်ကဆိုက်ကားဆရာဦးလေးကြီးရောလို့အနားကကွမ်းယာဆိုင်ကိုမေးကြည့်တဲ့အခါ အခုဆောင်းအဝင်လွန်ခဲ့တဲ့တလကပဲသူ့ရဲ့တဲအိမ်လေးထဲမှာတယောက်ထဲဆုံးသွားပြီး၃ရက်လောက်နေမှရပ်ကွက်ကသိတယ်တဲ့နောင်ဘဝတွေမှာအခုလိုအဖြစ်မျိုးနဲ့မကြုံပါစေနဲ့ဦးလေးရယ်လို့ ဆုတောင်းပေးရုံကလွဲပြီးကျနော်ဘာများတတ်နိုင်တော့မှာလဲဗျာ။
ဘယ်သူမှအပြစ်မတင်လိုပါဘဝကံကြွေးကိုခုရွယ်ထိပေးဆပ်နေရတဲ့အသက်(၇၇)နှစ်အရွယ်ရှိပြီ ဖြစ်တဲ့အဖိုးအိုတယောက်ဝမ်းစာရေးကိုပင်ပမ်းကြီး စွာလုပ်ကိုင်နေရတာတွေ့လို့တတ်နိုင်သလောက် လေးအကူညီပေးခဲ့မိပါတယ်။
သံဝေဂ ရစရာပါ မိဘတယောက်ဟာသားသမီးများစွာကိုပြုစုလုပ်ကြွေးနိုင်ပေမဲ့သားသမီးတစုဟာ အတုံ့အလှည့်မပြန်နိုင်ကြတာကအင်မတန်ကိုဘဲဝမ်းနည်းစရာတခုပါ သူ့ကံနဲ့သူတော့မှန်ပါတယ်။
တန်ဖိုးလလွန်ကြီးမားတဲ့မိဘနှစ်ပါးကိုတော့မသေ ခင်တတ်နိုင်သလောက် ကိုယ်အငါတ်ခံပြီးပြုစု လုပ်ကြွေးကာမိဘကျေးဇူးတရားတွေကိုဆပ်ပေးကြပါလို့ လူငယ်များစွာကိုတိုက်တွန်းလိုက်ပါရစေခင်ဗျာ