လက်ရှိဖြစ်နေတဲ့ တောင်ကြီးကထိတ်လန့်စရာအဖြစ်အပျက်
၂၅.၁၂.၂၀၂၁ရက်နေ့ မနက် ၇နာရီခွဲလောက် စစ်စံထွန်းဈေးနားက လက်ဖက်ရည်ဆိုင်မှာထိုင်နေတုန်းဈေးရှေ့နားမှာ လူတွေအထိတ်တလန့်နဲ့ အုန်းအုန်းကျက်ကျက်ဖြစ်နေတာတွေ့လို့ကိုယ်လဲ စပ်စုချင်တာနဲ့ ပြေးသွားလိုက်တယ်။
အနားရောက်တော့ ၄/၅ နှစ်အရွယ် ကလေးငယ် တစ်ယောက် တရှုံ့ရှုံ့နဲ့ငိုနေတာတွေ့လို့ တစ်ချို့လူကြီးတွေကဝိုင်းပြီး မေးမြန်းနေကြတယ်…..။
မိဘနဲ့ဈေးထဲမှာ ကွဲသွားတာလား..?မိဘတွေက ကလေးကိုဂရုမစိုက်ဘူး…!
သားကဘယ်မှာနေတာလဲ…?
ဘယ်သူကအနိုင်ကျင့်လိုက်လို့လဲ..?
ဒီလောက်လူတွေအများကြီးရှိတာလုပ်ရဲတာ အံ့ဩပါ့တော်။ဈေးကသက်ဆိုင်ရာလူကြီးတွေကိုအကြောင်းကြား သူလာတဲ့နေရာကိုပြန်လိုက်ကြည့်ရဲခေါ်မှရမှာ..ဘာလုပ်မယ် ညာလုပ်မယ် စသဖြင့်အမျိုးမျိုးဝေဖန်အကြံပေး ဆရာကြီးလုပ်တဲ့သူလုပ်..။
ထုံးစံအတိုင်း ကလေးကိုဓာတ်ပုံရိုက်တဲ့သူကရိုက်ဖုန်းဆက်တဲ့သူကဆက်ဆူညံပွက်လောရိုက်နေကြတယ်…။အဲ့ဒီ အချိန်မှာ ကလေးအမေအရွယ် အမျိုးသမီးတစေ်ယာက်က ကလေးကိုချော့မော့ပြီးသား ဘာဖြစ်တာလဲ..?မကြောက်နဲ့ အန်တီတို့ကို ပြောပြ အန်တီတို့ကူညီပေးမယ်..ဆိုလိုက်တော့..။
ကလေးက ငိုနေတာရပ်ပြီးမျက်လုံးလေးအဝိုင်းသားနဲ့ စကားမပီတပီ တိုးတိုးလေးပြန်ပြောတယ်..။သားသား.ယဥ..အရှိတော့ဝူးတဲ့….”ဟာ…..ဆိုပြီးကြည့်နေတဲ့လူတွေအကုန်လုံး အံ့ဩတုန်လှုပ်ပြီး အာမေဋိတ်ကိုယ်စီ ထွက်လာကြတယ်..။
“သွားပြီ…ကလေးသူခိုးတွေ ကလေးရဲ့ယဥကို ခွဲထုတ်ပြီး ရောင်းစားဖို့ မိုက်မိုက်ရိုင်းရိုင်းလုပ်ရက်လေခြင်းပေါ့…။အဲ့ဒါနဲ့ ကလေးရဲ့ဘောင်းဘီကို ချွတ်ပြီးကြည့်လိုက်တော့…ဟုတ်ပါတယ်..။ရွှေပန်းငေါက်တောက်ကလေးပဲကျန်ပြီး..တကယ်လည်း..ယဥ နှစ်လုံးက မရှိတော့ပါဘူး…။
ဘေးကလူတေကုန်လုံး ဘာလုပ်ရမှန်းမသိပဲ ရုတ်ရုတ်သဲသဲဖြစ်နေတုန်း လူကြီးတစ်ယောက်က လက်ဖက်ရည်ဆိုင်ထဲက မပူ့တပူရေနွေးတစ်ခွက်ယူပြီးကလေးရဲ့ ယဥရှိတဲ့နေရာကိုလောင်းချလိုက်ပါတယ်…။ခဏနေတော့ ကလေးရဲ့ယဥလေးနှစ်လုံး ပြန်ထွက်လာမှပဲ ။အဲ့ကလေးလဲ…သားသားရဲ့ ယဥ ပြန်ထွက်လာပြီ လို့
ဝမ်းသာအားရအော်ပြီး ဈေးထောင့်က အိမ်ထဲပြေးဝင်သွားပါတယ်..။အဲ့ကျမှ ဝိုင်းကြည့်နေတဲ့လူတွေလည်း သက်ပြင်းကိုယ်စီချပြီးဈေးဝယ်တဲ့သူကဝယ်..လုပ်စရာရှိတာလုပ်ဖို့ သတိရကာ ပြန်ထွက်သွားကြပါတော့တယ်…။အဲ….အဓိကပြောချင်တာက..တောင်ကြီးမှာ အေးနေပါပြီလို့နွေးနွေးထွေးထွေးနေပြီးကျန်းမာရေးဂရုစိုက်ပါလို့ ပြောချင်တာ။
စာဖတ်သူတွေအားလုံးလဲ ကိုယ့်ရဲ့သက်ဆိုင်ရာ ယဥလေးတွေကို ဂရုစိုက်ကြဖို့ သတိပေးပါရစေ…။
ဆဲချင်လည်း ဖြေးဖြေးဆဲပါနော့်😂
#crd
Sharing by Zawgyi YanZgyn
Zawgyi
သားကဘယ်မှာနေတာလဲ…?
#crd