ၾကားသိရသမွ်

စမ်းချောင်းမြို့နယ်မှ စစ်ကောင်စီခန့်ရာအိမ်မှူး အေးမြတ်မိုး(ခ)မေသူက ပြည်သူများကိုဆဲဆို စိန်ခေါ်စဉ် ပစ်ခတ်ခံရ(ရုပ်/သံ)

စမ်းချောင်းမြို့နယ်မှ စစ်ကောင်စီခန့်ရာအိမ်မှူး အေးမြတ်မိုး(ခ)မေသူက ပြည်သူများကိုဆဲဆို စိန်ခေါ်စဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့(ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှ စစ်ကောင်စီခန့်ရာအိမ်မှူး အေးမြတ်မိုး(ခ)မေသူက ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ ပြည်သူများကိုဆဲဆို စိန်ခေါ်စဉ် ပစ်ခတ်ခံရပြီး

သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင်းရှိ နာမည်ဆိုးဖြင့် ကျော်ကြားသည့် စစ်ကောင်စီခန့် ရာအိမ်မှူးလည်းဖြစ်၊ စစ်ဗိုလ်ဇနီးလည်းဖြစ်သူ အေးမြတ်မိုး(ခ) မေသူ ယနေ့

မွန်းလွဲ ၂ နာရီ အချိန်ခန့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဦးအောင်မင်း သမီး အငယ်မ အသတ်ခံရတာ။ နာမည်က အေးမြတ်မိုး(ခ) မေသူ။ သီရိလမ်းမှာ ပစ်သတ်ခံရတာ။ သူက စမ်းချောင်းမြို့နယ်ထွေအုပ်ဥက္ကဋ္ဌ ကျော်

ကျော်နဲ့ ပေါင်းပြီး လူငယ်တွေကို ဖမ်းဆီးခဲ့သူပါ။ သတင်းပေး အကြီးစားပါ။

ဗိုလ်ကတော်လို့လည်းပြောတယ်။ ကျော်ကျော်ကိုယ်တိုင် လာလာခေါ်ရတယ်။ သူ့ကို ။ အခုတော့ ပွဲချင်းပြီး ပစ်သတ်ခံလိုက်ရတယ်” ဟု‌ ဒေသခံတစ်ဦးက ရန်ကုန်

ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် အတက်ကြွဆုံးမြို့နယ် တစ်ခုဖြစ်သည့် စမ်းချောင်းတွင် သတင်းပေးများနှင့် အုပ်ချုပ်ရေးမှူးများကြောင့် စစ်တပ်ဆန့်ကျင်ရေး

ဦးဆောင်သူ လူငယ် ၅၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး တချို့မှာ သေဆုံးသွားခဲ့ရကြောင်း သိရှိရသည်။

unicode











