17.Mar.2022 မှ 23.Mar.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
တနင်္ဂနွေ
အိုးသစ် အိမ်သစ် နေရာသစ်မှာနေရတတ်တယ်။မိမိကြံစည်စိတ်ကူးပြီးလုပ်လိုက်တဲ့ကိစ္စရပ်တိုင်း လမ်းမှန်သွားတတ်သည်။ အရာရာကို လေးဖင့် တွန့်ဆုတ်မနေပါနဲ့။ ရဲရဲဆုံးဖြတ်ပြီး ရဲရဲရှေ့ဆက်ရမဲ့အချိန်ပါ။ ရွှေငွေလက်ဝတ်ရတနာတွေလဲ ဝင်လာတတ်ပါ တယ်။ စိတ်ညစ်စရာကိစ္စတွေလွန်မြောက်ပြီး စိတ်ချမ်းမြေ့စရာ ပျော်စရာတွေကြုံရမဲ့အချိန်ပါ။ကျန်းမာရေး ကတော့ ဦးခေါင်းပိုင်း အာရုံကြောအပိုင်းအားနည်း နေတတ်ပါတယ်။ ကံမြင့်လာပြီလို့ပြောနိုင်မဲ့ ကာလပါပဲ။
ခက်ခဲနေမဲ့ငွေကြေးကဏ္ဍတွေလဲ ပြေလည်လာမဲ့အနေအထားမျိုးတွေ့ရ ပါတယ်။ ဆုံးပြီလို့ထင်ထားတဲ့အကြွေးတွေရပါလိမ့်မယ်။ လုပ်ငန်းအဆင်ပြေမည်။ အလုပ်ထဲမှာမိတ်ဆွေတွေနဲ့လဲ အတွဲညီညီလုပ်ကိုင်နိုင်ပါလိမ့်မယ်။လုပ်ငန်းသစ်အထူးကောင်းပါတယ်။ အိမ်တွင်းရေး အိမ်ထောင်ရေးကတော့ အနည်းငယ်ညံ့နေမဲ့ကာလပါပဲ။ အထူးသဖြင့် အမျိုးသမီးတွေသတိရှိပါ။
လင်ယောကျာ်းနဲ့ စကားအခြေအတင် ပြောရကိန်းရှိပါတယ်။အချစ်ရေးမှာတော့ ချစ်သူက သဝန်တိုပြီး လိုက်ချုပ်ချယ်တာကြောင့်စိတ်ညစ်ရပါလိမ့်မယ်။ ပညာရေးအနေနဲ့ ကျောင်းပညာအတန်းပညာထက် ဘာသာရေးနဲ့ နွယ်သောပညာများရတတ်ပါတယ်။အကျိုးပေးဂဏန်း ၁၊၈၊၆ အထူးဟော အာရုံစိုက်ပြီး လုပ်ရတဲ့အလုပ်တွေကိုလျှော့ချပါ။ ယတြာ ထောပတ်ထမင်း ဘုရားကပ်လှူပါ။
တနင်္လာ
စီးပွားရေးကောင်းမယ်။ လူမှူရေးကောင်းမယ်။ အရမ်းရင်းနှီးရသော လုပ်ဖော်ကိုင်ဖက် တွေရဲ့ အကြံ ဉာဏ်ရယူသင့်တဲ့အချိန်ပါ။ဘာပဲလုပ်လုပ် မိတ်ဆွေတွေနဲ့ အတူတိုင်ပင်ပါ။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ခရီးထွက်စရာ ကြုံလာပြီဆိုရင်တော့ သွားလိုက်ပါ။ ခရီးထွက်ပြီးတာနဲ့ကံတွေမြင့်မားလာတတ်လို့ပါပဲ။ လူမှုရေး ပရဟိတကိစ္စတွေကိုအားတတ်သရောလုပ်မိနေတတ်ပါတယ်။ စိတ်ကိုလွတ်လပ်ပေါ့ပါးစွာ နေချင် နေပြီး အရာရာကိုအကောင်းမြင်နေတတ်ပါတယ်။
စီးပွားရေးကတော့ ဟုန်းခနဲမအောင်မြင်ပေမဲ့ တဖြည်းဖြည်း တိုးတတ်မှာပါ။ ငွေကြေးလာဘ်လာဘလဲပေါများနေတတ်တဲ့အချိန်ပါ။ငွေအထူးဝင်မယ်။စပ်တူရှယ်ယာအလုပ်တွေ ကောင်းမွန်စွာ တိုးတတ်နေချိန်ပါပဲ။မွေးရပ်နဲ့အဝေးကနေ အကူအညီတွေရလိမ့်မယ်။ မိဘတွေရဲ့ကျန်းမားရေးကို ဂရုစိုက်စေချင်ပါတယ်။ အချစ်ရေးရှုပ်ထွေးမဲ့ကာလပါပဲ။ မိမိကိုယ်တိုင်ကလဲအနေနီးသူကို စိတ်ဝင်စားနေမိတတ်ပါ တယ်။
ကျန်းမာရေး အားနည်းမှုတွေလျော့ပါးသက်သာလာပါပြီ။ရာသီအကူအပြောင်းကြောင့် ဖြစ်တဲ့ရောဂါတွေ ပြန်သက်သာလာပါပြီ။အိမ်ထောင်ရေးကံမြင့်မားနေမည်။ အိမ်ထောင်ဘက်က မိမိကို အလွန်ဂရုစိုက်မည်။ ပညာရေးကြောင့်တစ်ဖက်တစ်လမ်းက ငွေဝင်မဲ့ကံမျိုးတွေ့ရပါတယ်ဗျာ။အကျိုးပေးဂဏန်း ၇/ဝ/၃အထူးဟော ငွေရွှင်မည် ယတြာ ကြံရည်လေးတစ်ခွက် ဘုရားရှင်ကိုကပ်လှူပါ
အင်္ဂါ
စက်ပစ္စည်းဝယ်ဖို့စိတ်ကူးထားရင် ဒီကာလအတွင်းမဝယ်ပါနဲ့အုံး။အလုပ်မှာလဲ မလုပ်ချင်တဲ့ကိစ္စတွေကိုတာဝန် ပေးခြင်းခံ ရပါတယ်။ လူမျိုးခြားဘာ သာခြားတွေနဲ့ဆက်ဆံတာ၊တွဲဖက်လုပ်တာမျိုးဆို သတိနဲ့လုပ်ပါ။ဒီကာလ အတွင်း ရပ်ဝေးကဆွေမျိုးတွေဆီ အလည် အပတ်မသွားသင့်သေးပါဘူး၊၊ ငွေကြေးရလိုမှု တစ်ခုထဲကြည့်ပြီး လုပ်မိလိုက်တဲ့ကိစ္စတွေက ဒုက္ခပေးတတ်ပါ တယ်။ မမျှော်လင့်ထားတာတွေပဲ တစ်ပတ်လုံးဖြစ်နေတတ်ပါတယ်။
အရမ်းကို အညံ့ပိုင်းရောက်နေသူဆို အလုပ်ပြုတ်တာ အထက်လူကြီးနဲ့ စကားများ ရတာတွေကြုံရတတ်ပါတယ်။ မိဘတွေ စိတ်ကွက်သွားစေတဲ့ ကိစ္စရပ်မျိုး မိမိကပြုမူမိတတ်ပါတယ်။ ရန်များတတ် သလို မိမိကိုမနာလိုသူ တွေရဲ့ချောင်တွန်းခြင်းခံရတတ်ပါတယ်။ မိမိသွားချင်သော ခရီးရှိရင် ဒီကာလအတွင်း သွားရတတ်ပါတယ်။ မိတ်ဆွေတွေရင်နှီးသူတွေနဲ့စကားများ စိတ်ဝမ်းကွဲရတတ်ပါတယ်။အစားအသောက် ဆင်ခြင် ပါ။ ဆီမသန့်တာတွေ မစားပါနဲ့ ။
အစားမှားဆေးမှားဆိုတာမျိုးကြုံရတတ်ပါတယ်။ အချစ်ရေးကံမညံ့ပါဘူး။ အိမ်ထောင်ရေးမှာလဲ အိမ်ထောင်ဘက်ရဲ့ဖေးမကူညီခြင်းတွေရပါလိမ့်မယ်။ ပညာရေးမှာ တွက်စာကို မလိုက်နိုင်တာမျိုးကြုံရပါလိမ့်မယ်။ စာရှင်းပြချိန်သေချာအာရုံစိုက်ထားဖို့တော့လိုပါတယ်။
အကျိုးပေးဂဏန်း၄/၁/၈ အထူးဟော ကံညံ့နေမည် ယတြာ လိမ္မော်ရောင်အင်္ကျီ အဟောင်းအစုတ်တထည်ကိုစွန့်ပစ်လိုက်ပါ။
ဗုဒ္ဓဟူး၊ရာဟု
ရည်မှန်ထားတာတွေ စတင်အကောင်အထည် ဖော်နိုင်မဲ့အချိန်ပါပဲ။ ကိုယ်ပိုင် စီးပွားရေးသမားများ အကျိူး ဖြစ်ထွန်းမဲ့ကာလပါ။ ဘာပဲလုပ်လုပ် စိတ်အနှောက်အယှက်ဖြစ်ရပြီးမှ အဆင်ပြေ တတ်ပါတယ်။ ကျန်းမာရေးတော့ ဂရုစိုက်ပါ။ ခန္ဓာကိုယ်အောက်ပိုင်း နာကျင်ကိုက်ခဲနေရတတ်ပါတယ်။ခြေခေါက်လဲရာမှာ အဆစ်လွဲသွားတာမျိုးတွေ ဖြစ်ရတတ်ပါတယ်။ ငွေက ဘယ်လောက်ဝင်ဝင်အဖတ်မတင်ဘဲ ပြန်ထွက်သွားတတ်ပါတယ်။စပ်တူလုပ်ငန်းထဲ ငွေရင်းနှီးထားသူများ ဒီကာလကစလို့ အကျိုးအမြတ်စတင်ရရှိပါပြီ။
သတိထားရမှာက ဘယ်သူဘာပြောပြော မယုံသင့်တဲ့အချိန်ပါ။ မိမိဆုံးဖြတ်ချက်သာ အရာရာကိုအဆင်ပြေစေနိုင်ပါလိမ့်မယ်။ အိမ်မွေး တိရစ္ဆာန်လေးများ လက်ဆောင်ရတတ်ပါတယ်။မိမိလုပ်လိုက်တဲ့ကိစ္စရပ်တစ်ခုအပေါ် မနာလိုသူတွေများနေတတ်ပါ တယ်။ အဲဒါကြောင့် မိမိအမှားကိုစောင့် ဒုက္ခပေးမယ်သူတွေရှိပါတယ်။ မိမိဘက်ကမှန်နေရင်တော့ အရာရာကို ရင်ဆိုင် ကျော်လွှားနိုင်မှာဖြစ်ပါတယ်။
အချစ်ရေးကံအလွန်ကောင်းပါတယ်။ မိမိ ကိုယ်တိုင်လဲစန်းပွင့်နေတတ်ပါတယ်။ နာမည်ပျက်ရှိသူတွေနဲ့တော့မပတ်သက်မိပါစေနဲ့။အလုပ်ကြောင့် အိမ်ထောင် ဘက်နှင့်ဝေးနေရတတ်ပါတယ်။ ပညာရေးမှာ မိမိရဲ့ အတွေးသစ်အမြင်သစ်စိတ်ကူးသစ်တွေက အထောက်အကူ ရမှာပါ။အကျိုးပေးဂဏန်း ၆/၅/၂အထူးဟော အတိုက်အခိုက်များနေမည် ယတြာ စံပယ်ပန်းဘုရားလှူပါ
ကြာသပတေး
စိတ်ကူးထားတာ ရည်မှန်းထား တာလေးတွေလဲ ပြည့်ဝတတ်ပါတယ်။ အလုပ်စီးပွား တိုးတတ်မယ်။ ရာထးတိုးပြီး နေရာပြောင်းရွှေ့ ရတာမျိုး ကြုံရနိုင်ပါတယ်။ကျန်းမာရေးကလဲ ဒေါင်ဒေါင်မြည်နေမဲ့ အချိန်ပါ။ဘဝရဲ့အမှတ်ရစရာ အကောင်းဆုံး ကာလလေးပါပဲ။ ဆုံးဖြတ်ချက် မြန်ဆန်စွာ ချမှတ်ခြင်းဖြင့် အကျိုးဖြစ်ထွန်းမဲ့ကာလပါ။ အလုပ်ပိုများ၊ ချဲ့ထွင်ထားသောလုပ်ငန်းများမှ အကျိုးဖြစ်ထွန်းပါလိမ့်မည်။ အထိုင်စီးပွားရေးလုပ်ငန်းများ လူစည်ကားအောင်မြင် ပါလိမ့်မည်။
ရပ်ဝေးသွားပြီးကုန်သွယ်ခြင်းမျိုးက ဒီအချိန်မှာအရှုံးပေါ်တတ်ပါတယ်။ မိသားစု အတွက်ပူပန်သောက ရောက်ရတတ်ပါတယ်။ အထူးသဖြင့်အောက်လက်ငယ်သား သားသမီးတွေကြောင့် စိတ်ညစ် ရတာမျိုးပါ။ အရွယ် ရောက်ပြီးသော သားသမီးရှိက ရုတ်တရက်အိမ်ထောင်ကျတတ်ပါတယ်။ ယာဉ် စက်ကားတွေလဲ ဝင်လာ တတ်ပါ တယ်။
ပညာရေးနဲ့ ပတ်သက်သော အခွင့်အလမ်းကောင်းတွေရလာ တတ်ပါတယ်။ ပညာတိုးမယ်လို့ဆိုချင်တာပါ။ အနေဝေးနေတဲ့ချစ်သူတွေ ပြန်လည်ဆုံတွေ့ဖို့ အကြောင်းဖန်လာတတ်တယ်။ အိမ်ထောင်ဘက်နဲ့ အနည်းငယ် ကတောက်ကဆ ဖြစ်ရမည်။ကိုယ်ကပဲတတ်နိုင်သလောက်သည်းခံပေးလိုက်ပါ။အကျိုးပေးဂဏန်း ၁၊ ၇၊ ၃အထူးဟော စိတ်မြန် လက်မြန်လုပ်ကိုင်ပါ ယတြာ ဂန္ဓမာပန်း ၃ပွင့် ဘုရားလှူပါ။
သောကြာ
စိတ်ထဲမတင်မကျကိစ္စတွေကြုံလာတတ်ပါတယ်။ဆုံးဖြတ်ရ ခက်ခဲနေတဲ့သဘောပါပဲ။ အရေးကြီးကိစ္စတွေ ကိုလဲ ဒီကာလအတွင်းဆုံးဖြတ်ချက်မချပါနဲ့အုံး။ ကျန်းမာရေးအနေနဲ့ ထိခိုက်ရှနာ သွေးထွက်သံယိုဖြစ်တတ်ပါတယ်။ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်းတွေနဲ့ထိတွေ့လုပ်ကိုင်ရ သူများသတိ ရှိရှိကိုင်တွယ်လုပ်ကိုင်ပါ။ ဗျာများနေရမည်။ ဒီကာလဟာ အောက်လက်ငယ်သားတွေရဲ့ကူညီမှု အကြံဉာဏ်ပေးမှုက မိမိကိုကောင်းကျိုးဖြစ်ထွန်းစေမှာပါ။
သားသမီးတွေကြောင့်လဲ စိတ်ချမ်းသာရတတ်ပါတယ်။ ရပ်ဝေးရောက်နေတဲ့ သားသမီးတွေရဲ့ အထောက်အပံ့ တွေရနိုင်မဲ့ ကာလပါ။ အိမ်တွင်းရေး မိသားစုအရေး စိတ်ချမ်းမြေ့ရပါလိမ့်မယ်။ အဖိုးတန်ပစ္စည်းများ အထားမှား ခြင်း မေ့ကျန်နေခြင်းတွေကြောင့် ဆုံးရှုံးရတတ်ပါတယ်။ အချစ်ရေးကိစ္စများမှာမိမိအနေနဲ့ ရွေးချယ်ရခက်ခဲတာ မျိုးကြုံရပါလိမ့် မယ်။
onlineကနေချစ်ကြိုက်နေသူရှိရင်တော့ ထိုသူပြောတဲ့စကားတွေကိုလုံးဝဥဿုံမယုံသင့်တဲ့ ကာလပါပဲ။ အိမ် ထောင် ရှင်များကတော့ အိမ်ထောင်ရေးသုခပြည့်ဝမဲ့အချိန်ကာလပါ။ ပညာရေးမှာ စာမေးပွဲခန်း ရောက်မှစာတွေမေ့ သွားတတ်ပါတယ်။ သင်တန်းတစ်ခုစတင်တတ်ရောက်ခြင်းမျိုးလဲရှောင်သင့်ပါတယ်။အကျိုးပေးဂဏန်း ၄/၈/၂အထူးဟော အလုပ်ပိုကိစ္စပိုတွေများနေရတတ်ပါတယ်။ ယတြာ နီးစပ်ရာစေတီရဲ့ဗုဒ္ဓဟူးထောင့်မှာ ရွှေကြည်တစ်ပန်းကန်ကပ်လှူပေးပါ။
စနေ
အရေးမကြီးတာတွေနဲ့ အချိန်တွေ ကုန်နေတတ်ပြီး အရေးကြီးတဲ့ကိစ္စတွေကို လျစ်လျူရှုထားမိတတ်ပါ တယ်။ဘယ်ကိစ္စမဆိုတစ်ယောက်ထဲ မစဉ်း စားဘဲ အများနဲ့ ဝိုင်းဝန်း စဉ်းစားလုပ်ကိူင်ခြင်းဖြင့် လမ်းမှန်ရောက်မဲ့ ကာလပါပဲ။စိတ်ထဲမှာမတင်မကျဖြစ်စရာ ၊ဆုံး ဖြတ်ရခက်စရာကိစ္စတွေလဲ ရှိနေတတ်ပါတယ်။ကျန်းမာရေးကတော့ ကောင်းနေတတ်တဲ့အချိန်ပါပဲ။ ကိုယ်တိုင် လဲ စိတ်လွတ်ကိုယ်လွတ်အနားယူလိုက်တာက ကျန်းမာရေးကို ပိုကောင်း စေပါတယ်။
ဒီကာလဟာတစ်ယောက်ထဲ အထီးကျန်ဆန်နေရတတ်တဲ့အချိန်ပါပဲ။ အိမ်မှာမနေချင်တာမျိုးနဲ့လက်ရှိ နေရာ ကနေ အဝေးထွက်သွားချင်တဲ့စိတ်တွေ ဖြစ်ပေါ်နေတတ်ပါတယ်။ ဆွေမျိုးသားချင်းတွေကြောင့် သောက ပိုရောက်ရ ပါလိမ့်မယ်။ မိမိကိုယ်တိုင်ကလဲ စိတ်ခံစားမှုတွေ ပြင်းထန်နေတတ်တဲ့ကာလပါပဲ။ အလုပ်ထဲမှာ စိတ်နှစ်ထားလို့ မရဖြစ်နေတတ်ပါတယ်။လုပ်သလောက်လဲအကျိုးရရှိမှု နည်းနေတတ်ပါတယ်။
အချစ်ရေးမှာ ငါသိငါတတ်ပြောလွန်းခြင်းကြောင့် ချစ်သူရဲ့ မျက်မုန်းကျိုးခြင်းခံရတတ်ပါတယ်။ အိမ်ထောင်ရေးကံကောင်းပေမဲ့ အိမ်ထောင်ဘက်ကျန်းမာရေးညံ့တာကြောင့် ပူပန်ရ တတ်ပါတယ်။ ပညာရေးကဏ္ဍမှာလဲ အားနည်းနေတဲ့အချိန်ပါ။ ဒီကာလမှာ စာမေးပွဲကိစ္စ အင်တာဗျူး ကိစ္စ တွေရှိမယ်ဆိုရင်တော့ပိုပြီးဂရုစိုက်သင့်ပါတယ်။ အကျိုးပေးဂဏန်း ၆၊၅၊၃အထူးဟော အကျိုးမရှိတာတွေနဲ့အချိန်ကုန်နေတတ်တယ် ယတြာ စတော်ဘယ်ရီဖျော်ရည်ဘုရားကပ်လှူပါ။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695။ 09 44 5555 695
Zawgyi
17.Mar.2022 မွ 23.Mar.2022 အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း
တနဂၤေႏြ
အိုးသစ္ အိမ္သစ္ ေနရာသစ္မွာေနရတတ္တယ္။မိမိႀကံစည္စိတ္ကူးၿပီးလုပ္လိုက္တဲ့ကိစၥရပ္တိုင္း လမ္းမွန္သြားတတ္သည္။ အရာရာကို ေလးဖင့္ တြန႔္ဆုတ္မေနပါနဲ႔။ ရဲရဲဆုံးျဖတ္ၿပီး ရဲရဲေရွ႕ဆက္ရမဲ့အခ်ိန္ပါ။ ေ႐ႊေငြလက္ဝတ္ရတနာေတြလဲ ဝင္လာတတ္ပါ တယ္။ စိတ္ညစ္စရာကိစၥေတြလြန္ေျမာက္ၿပီး စိတ္ခ်မ္းေျမ့စရာ ေပ်ာ္စရာေတြႀကဳံရမဲ့အခ်ိန္ပါ။က်န္းမာေရး ကေတာ့ ဦးေခါင္းပိုင္း အာ႐ုံေၾကာအပိုင္းအားနည္း ေနတတ္ပါတယ္။ ကံျမင့္လာၿပီလို႔ေျပာႏိုင္မဲ့ ကာလပါပဲ။
ခက္ခဲေနမဲ့ေငြေၾကးက႑ေတြလဲ ေျပလည္လာမဲ့အေနအထားမ်ိဳးေတြ႕ရ ပါတယ္။ ဆုံးၿပီလို႔ထင္ထားတဲ့အေႂကြးေတြရပါလိမ့္မယ္။ လုပ္ငန္းအဆင္ေျပမည္။ အလုပ္ထဲမွာမိတ္ေဆြေတြနဲ႔လဲ အတြဲညီညီလုပ္ကိုင္ႏိုင္ပါလိမ့္မယ္။လုပ္ငန္းသစ္အထူးေကာင္းပါတယ္။ အိမ္တြင္းေရး အိမ္ေထာင္ေရးကေတာ့ အနည္းငယ္ညံ့ေနမဲ့ကာလပါပဲ။ အထူးသျဖင့္ အမ်ိဳးသမီးေတြသတိရွိပါ။
လင္ေယာက်ာ္းနဲ႔ စကားအေျခအတင္ ေျပာရကိန္းရွိပါတယ္။အခ်စ္ေရးမွာေတာ့ ခ်စ္သူက သဝန္တိုၿပီး လိုက္ခ်ဳပ္ခ်ယ္တာေၾကာင့္စိတ္ညစ္ရပါလိမ့္မယ္။ ပညာေရးအေနနဲ႔ ေက်ာင္းပညာအတန္းပညာထက္ ဘာသာေရးနဲ႔ ႏြယ္ေသာပညာမ်ားရတတ္ပါတယ္။အက်ိဳးေပးဂဏန္း ၁၊၈၊၆ အထူးေဟာ အာ႐ုံစိုက္ၿပီး လုပ္ရတဲ့အလုပ္ေတြကိုေလွ်ာ့ခ်ပါ။ ယၾတာ ေထာပတ္ထမင္း ဘုရားကပ္လႉပါ။
တနလၤာ
စီးပြားေရးေကာင္းမယ္။ လူမႉေရးေကာင္းမယ္။ အရမ္းရင္းႏွီးရေသာ လုပ္ေဖာ္ကိုင္ဖက္ ေတြရဲ႕ အႀကံ ဉာဏ္ရယူသင့္တဲ့အခ်ိန္ပါ။ဘာပဲလုပ္လုပ္ မိတ္ေဆြေတြနဲ႔ အတူတိုင္ပင္ပါ။ ဘာအေၾကာင္းေၾကာင့္ပဲ ျဖစ္ျဖစ္ ခရီးထြက္စရာ ႀကဳံလာၿပီဆိုရင္ေတာ့ သြားလိုက္ပါ။ ခရီးထြက္ၿပီးတာနဲ႔ကံေတြျမင့္မားလာတတ္လို႔ပါပဲ။ လူမႈေရး ပရဟိတကိစၥေတြကိုအားတတ္သေရာလုပ္မိေနတတ္ပါတယ္။ စိတ္ကိုလြတ္လပ္ေပါ့ပါးစြာ ေနခ်င္ ေနၿပီး အရာရာကိုအေကာင္းျမင္ေနတတ္ပါတယ္။
စီးပြားေရးကေတာ့ ဟုန္းခနဲမေအာင္ျမင္ေပမဲ့ တျဖည္းျဖည္း တိုးတတ္မွာပါ။ ေငြေၾကးလာဘ္လာဘလဲေပါမ်ားေနတတ္တဲ့အခ်ိန္ပါ။ေငြအထူးဝင္မယ္။စပ္တူရွယ္ယာအလုပ္ေတြ ေကာင္းမြန္စြာ တိုးတတ္ေနခ်ိန္ပါပဲ။ေမြးရပ္နဲ႔အေဝးကေန အကူအညီေတြရလိမ့္မယ္။ မိဘေတြရဲ႕က်န္းမားေရးကို ဂ႐ုစိုက္ေစခ်င္ပါတယ္။ အခ်စ္ေရးရႈပ္ေထြးမဲ့ကာလပါပဲ။ မိမိကိုယ္တိုင္ကလဲအေနနီးသူကို စိတ္ဝင္စားေနမိတတ္ပါ တယ္။
က်န္းမာေရး အားနည္းမႈေတြေလ်ာ့ပါးသက္သာလာပါၿပီ။ရာသီအကူအေျပာင္းေၾကာင့္ ျဖစ္တဲ့ေရာဂါေတြ ျပန္သက္သာလာပါၿပီ။အိမ္ေထာင္ေရးကံျမင့္မားေနမည္။ အိမ္ေထာင္ဘက္က မိမိကို အလြန္ဂ႐ုစိုက္မည္။ ပညာေရးေၾကာင့္တစ္ဖက္တစ္လမ္းက ေငြဝင္မဲ့ကံမ်ိဳးေတြ႕ရပါတယ္ဗ်ာ။အက်ိဳးေပးဂဏန္း ၇/ဝ/၃အထူးေဟာ ေငြ႐ႊင္မည္ ယၾတာ ႀကံရည္ေလးတစ္ခြက္ ဘုရားရွင္ကိုကပ္လႉပါ
အဂၤါ
စက္ပစၥည္းဝယ္ဖို႔စိတ္ကူးထားရင္ ဒီကာလအတြင္းမဝယ္ပါနဲ႔အုံး။အလုပ္မွာလဲ မလုပ္ခ်င္တဲ့ကိစၥေတြကိုတာဝန္ ေပးျခင္းခံ ရပါတယ္။ လူမ်ိဳးျခားဘာ သာျခားေတြနဲ႔ဆက္ဆံတာ၊တြဲဖက္လုပ္တာမ်ိဳးဆို သတိနဲ႔လုပ္ပါ။ဒီကာလ အတြင္း ရပ္ေဝးကေဆြမ်ိဳးေတြဆီ အလည္ အပတ္မသြားသင့္ေသးပါဘူး၊၊ ေငြေၾကးရလိုမႈ တစ္ခုထဲၾကည့္ၿပီး လုပ္မိလိုက္တဲ့ကိစၥေတြက ဒုကၡေပးတတ္ပါ တယ္။ မေမွ်ာ္လင့္ထားတာေတြပဲ တစ္ပတ္လုံးျဖစ္ေနတတ္ပါတယ္။
အရမ္းကို အညံ့ပိုင္းေရာက္ေနသူဆို အလုပ္ျပဳတ္တာ အထက္လူႀကီးနဲ႔ စကားမ်ား ရတာေတြႀကဳံရတတ္ပါတယ္။ မိဘေတြ စိတ္ကြက္သြားေစတဲ့ ကိစၥရပ္မ်ိဳး မိမိကျပဳမူမိတတ္ပါတယ္။ ရန္မ်ားတတ္ သလို မိမိကိုမနာလိုသူ ေတြရဲ႕ေခ်ာင္တြန္းျခင္းခံရတတ္ပါတယ္။ မိမိသြားခ်င္ေသာ ခရီးရွိရင္ ဒီကာလအတြင္း သြားရတတ္ပါတယ္။ မိတ္ေဆြေတြရင္ႏွီးသူေတြနဲ႔စကားမ်ား စိတ္ဝမ္းကြဲရတတ္ပါတယ္။အစားအေသာက္ ဆင္ျခင္ ပါ။ ဆီမသန႔္တာေတြ မစားပါနဲ႔ ။
အစားမွားေဆးမွားဆိုတာမ်ိဳးႀကဳံရတတ္ပါတယ္။ အခ်စ္ေရးကံမညံ့ပါဘူး။ အိမ္ေထာင္ေရးမွာလဲ အိမ္ေထာင္ဘက္ရဲ႕ေဖးမကူညီျခင္းေတြရပါလိမ့္မယ္။ ပညာေရးမွာ တြက္စာကို မလိုက္ႏိုင္တာမ်ိဳးႀကဳံရပါလိမ့္မယ္။ စာရွင္းျပခ်ိန္ေသခ်ာအာ႐ုံစိုက္ထားဖို႔ေတာ့လိုပါတယ္။
အက်ိဳးေပးဂဏန္း၄/၁/၈ အထူးေဟာ ကံညံ့ေနမည္ ယၾတာ လိေမၼာ္ေရာင္အက်ႌ အေဟာင္းအစုတ္တထည္ကိုစြန႔္ပစ္လိုက္ပါ။
ဗုဒၶဟူး၊ရာဟု
ရည္မွန္ထားတာေတြ စတင္အေကာင္အထည္ ေဖာ္ႏိုင္မဲ့အခ်ိန္ပါပဲ။ ကိုယ္ပိုင္ စီးပြားေရးသမားမ်ား အက်ိဴး ျဖစ္ထြန္းမဲ့ကာလပါ။ ဘာပဲလုပ္လုပ္ စိတ္အေႏွာက္အယွက္ျဖစ္ရၿပီးမွ အဆင္ေျပ တတ္ပါတယ္။ က်န္းမာေရးေတာ့ ဂ႐ုစိုက္ပါ။ ခႏၶာကိုယ္ေအာက္ပိုင္း နာက်င္ကိုက္ခဲေနရတတ္ပါတယ္။ေျခေခါက္လဲရာမွာ အဆစ္လြဲသြားတာမ်ိဳးေတြ ျဖစ္ရတတ္ပါတယ္။ ေငြက ဘယ္ေလာက္ဝင္ဝင္အဖတ္မတင္ဘဲ ျပန္ထြက္သြားတတ္ပါတယ္။စပ္တူလုပ္ငန္းထဲ ေငြရင္းႏွီးထားသူမ်ား ဒီကာလကစလို႔ အက်ိဳးအျမတ္စတင္ရရွိပါၿပီ။
သတိထားရမွာက ဘယ္သူဘာေျပာေျပာ မယုံသင့္တဲ့အခ်ိန္ပါ။ မိမိဆုံးျဖတ္ခ်က္သာ အရာရာကိုအဆင္ေျပေစႏိုင္ပါလိမ့္မယ္။ အိမ္ေမြး တိရစာၦန္ေလးမ်ား လက္ေဆာင္ရတတ္ပါတယ္။မိမိလုပ္လိုက္တဲ့ကိစၥရပ္တစ္ခုအေပၚ မနာလိုသူေတြမ်ားေနတတ္ပါ တယ္။ အဲဒါေၾကာင့္ မိမိအမွားကိုေစာင့္ ဒုကၡေပးမယ္သူေတြရွိပါတယ္။ မိမိဘက္ကမွန္ေနရင္ေတာ့ အရာရာကို ရင္ဆိုင္ ေက်ာ္လႊားႏိုင္မွာျဖစ္ပါတယ္။
အခ်စ္ေရးကံအလြန္ေကာင္းပါတယ္။ မိမိ ကိုယ္တိုင္လဲစန္းပြင့္ေနတတ္ပါတယ္။ နာမည္ပ်က္ရွိသူေတြနဲ႔ေတာ့မပတ္သက္မိပါေစနဲ႔။အလုပ္ေၾကာင့္ အိမ္ေထာင္ ဘက္ႏွင့္ေဝးေနရတတ္ပါတယ္။ ပညာေရးမွာ မိမိရဲ႕ အေတြးသစ္အျမင္သစ္စိတ္ကူးသစ္ေတြက အေထာက္အကူ ရမွာပါ။အက်ိဳးေပးဂဏန္း ၆/၅/၂အထူးေဟာ အတိုက္အခိုက္မ်ားေနမည္ ယၾတာ စံပယ္ပန္းဘုရားလႉပါ
ၾကာသပေတး
စိတ္ကူးထားတာ ရည္မွန္းထား တာေလးေတြလဲ ျပည့္ဝတတ္ပါတယ္။ အလုပ္စီးပြား တိုးတတ္မယ္။ ရာထးတိုးၿပီး ေနရာေျပာင္းေ႐ႊ႕ ရတာမ်ိဳး ႀကဳံရႏိုင္ပါတယ္။က်န္းမာေရးကလဲ ေဒါင္ေဒါင္ျမည္ေနမဲ့ အခ်ိန္ပါ။ဘဝရဲ႕အမွတ္ရစရာ အေကာင္းဆုံး ကာလေလးပါပဲ။ ဆုံးျဖတ္ခ်က္ ျမန္ဆန္စြာ ခ်မွတ္ျခင္းျဖင့္ အက်ိဳးျဖစ္ထြန္းမဲ့ကာလပါ။ အလုပ္ပိုမ်ား၊ ခ်ဲ႕ထြင္ထားေသာလုပ္ငန္းမ်ားမွ အက်ိဳးျဖစ္ထြန္းပါလိမ့္မည္။ အထိုင္စီးပြားေရးလုပ္ငန္းမ်ား လူစည္ကားေအာင္ျမင္ ပါလိမ့္မည္။
ရပ္ေဝးသြားၿပီးကုန္သြယ္ျခင္းမ်ိဳးက ဒီအခ်ိန္မွာအရႈံးေပၚတတ္ပါတယ္။ မိသားစု အတြက္ပူပန္ေသာက ေရာက္ရတတ္ပါတယ္။ အထူးသျဖင့္ေအာက္လက္ငယ္သား သားသမီးေတြေၾကာင့္ စိတ္ညစ္ ရတာမ်ိဳးပါ။ အ႐ြယ္ ေရာက္ၿပီးေသာ သားသမီးရွိက ႐ုတ္တရက္အိမ္ေထာင္က်တတ္ပါတယ္။ ယာဥ္ စက္ကားေတြလဲ ဝင္လာ တတ္ပါ တယ္။
ပညာေရးနဲ႔ ပတ္သက္ေသာ အခြင့္အလမ္းေကာင္းေတြရလာ တတ္ပါတယ္။ ပညာတိုးမယ္လို႔ဆိုခ်င္တာပါ။ အေနေဝးေနတဲ့ခ်စ္သူေတြ ျပန္လည္ဆုံေတြ႕ဖို႔ အေၾကာင္းဖန္လာတတ္တယ္။ အိမ္ေထာင္ဘက္နဲ႔ အနည္းငယ္ ကေတာက္ကဆ ျဖစ္ရမည္။ကိုယ္ကပဲတတ္ႏိုင္သေလာက္သည္းခံေပးလိုက္ပါ။အက်ိဳးေပးဂဏန္း ၁၊ ၇၊ ၃အထူးေဟာ စိတ္ျမန္ လက္ျမန္လုပ္ကိုင္ပါ ယၾတာ ဂႏၶမာပန္း ၃ပြင့္ ဘုရားလႉပါ။
ေသာၾကာ
စိတ္ထဲမတင္မက်ကိစၥေတြႀကဳံလာတတ္ပါတယ္။ဆုံးျဖတ္ရ ခက္ခဲေနတဲ့သေဘာပါပဲ။ အေရးႀကီးကိစၥေတြ ကိုလဲ ဒီကာလအတြင္းဆုံးျဖတ္ခ်က္မခ်ပါနဲ႔အုံး။ က်န္းမာေရးအေနနဲ႔ ထိခိုက္ရွနာ ေသြးထြက္သံယိုျဖစ္တတ္ပါတယ္။ လွ်ပ္စစ္ပစၥည္း၊ စက္ပစၥည္းေတြနဲ႔ထိေတြ႕လုပ္ကိုင္ရ သူမ်ားသတိ ရွိရွိကိုင္တြယ္လုပ္ကိုင္ပါ။ ဗ်ာမ်ားေနရမည္။ ဒီကာလဟာ ေအာက္လက္ငယ္သားေတြရဲ႕ကူညီမႈ အႀကံဉာဏ္ေပးမႈက မိမိကိုေကာင္းက်ိဳးျဖစ္ထြန္းေစမွာပါ။
သားသမီးေတြေၾကာင့္လဲ စိတ္ခ်မ္းသာရတတ္ပါတယ္။ ရပ္ေဝးေရာက္ေနတဲ့ သားသမီးေတြရဲ႕ အေထာက္အပံ့ ေတြရႏိုင္မဲ့ ကာလပါ။ အိမ္တြင္းေရး မိသားစုအေရး စိတ္ခ်မ္းေျမ့ရပါလိမ့္မယ္။ အဖိုးတန္ပစၥည္းမ်ား အထားမွား ျခင္း ေမ့က်န္ေနျခင္းေတြေၾကာင့္ ဆုံးရႈံးရတတ္ပါတယ္။ အခ်စ္ေရးကိစၥမ်ားမွာမိမိအေနနဲ႔ ေ႐ြးခ်ယ္ရခက္ခဲတာ မ်ိဳးႀကဳံရပါလိမ့္ မယ္။
onlineကေနခ်စ္ႀကိဳက္ေနသူရွိရင္ေတာ့ ထိုသူေျပာတဲ့စကားေတြကိုလုံးဝဥႆုံမယုံသင့္တဲ့ ကာလပါပဲ။ အိမ္ ေထာင္ ရွင္မ်ားကေတာ့ အိမ္ေထာင္ေရးသုချပည့္ဝမဲ့အခ်ိန္ကာလပါ။ ပညာေရးမွာ စာေမးပြဲခန္း ေရာက္မွစာေတြေမ့ သြားတတ္ပါတယ္။ သင္တန္းတစ္ခုစတင္တတ္ေရာက္ျခင္းမ်ိဳးလဲေရွာင္သင့္ပါတယ္။အက်ိဳးေပးဂဏန္း ၄/၈/၂အထူးေဟာ အလုပ္ပိုကိစၥပိုေတြမ်ားေနရတတ္ပါတယ္။ ယၾတာ နီးစပ္ရာေစတီရဲ႕ဗုဒၶဟူးေထာင့္မွာ ေ႐ႊၾကည္တစ္ပန္းကန္ကပ္လႉေပးပါ။
စေန
အေရးမႀကီးတာေတြနဲ႔ အခ်ိန္ေတြ ကုန္ေနတတ္ၿပီး အေရးႀကီးတဲ့ကိစၥေတြကို လ်စ္လ်ဴရႈထားမိတတ္ပါ တယ္။ဘယ္ကိစၥမဆိုတစ္ေယာက္ထဲ မစဥ္း စားဘဲ အမ်ားနဲ႔ ဝိုင္းဝန္း စဥ္းစားလုပ္ကိူင္ျခင္းျဖင့္ လမ္းမွန္ေရာက္မဲ့ ကာလပါပဲ။စိတ္ထဲမွာမတင္မက်ျဖစ္စရာ ၊ဆုံး ျဖတ္ရခက္စရာကိစၥေတြလဲ ရွိေနတတ္ပါတယ္။က်န္းမာေရးကေတာ့ ေကာင္းေနတတ္တဲ့အခ်ိန္ပါပဲ။ ကိုယ္တိုင္ လဲ စိတ္လြတ္ကိုယ္လြတ္အနားယူလိုက္တာက က်န္းမာေရးကို ပိုေကာင္း ေစပါတယ္။
ဒီကာလဟာတစ္ေယာက္ထဲ အထီးက်န္ဆန္ေနရတတ္တဲ့အခ်ိန္ပါပဲ။ အိမ္မွာမေနခ်င္တာမ်ိဳးနဲ႔လက္ရွိ ေနရာ ကေန အေဝးထြက္သြားခ်င္တဲ့စိတ္ေတြ ျဖစ္ေပၚေနတတ္ပါတယ္။ ေဆြမ်ိဳးသားခ်င္းေတြေၾကာင့္ ေသာက ပိုေရာက္ရ ပါလိမ့္မယ္။ မိမိကိုယ္တိုင္ကလဲ စိတ္ခံစားမႈေတြ ျပင္းထန္ေနတတ္တဲ့ကာလပါပဲ။ အလုပ္ထဲမွာ စိတ္ႏွစ္ထားလို႔ မရျဖစ္ေနတတ္ပါတယ္။လုပ္သေလာက္လဲအက်ိဳးရရွိမႈ နည္းေနတတ္ပါတယ္။
အခ်စ္ေရးမွာ ငါသိငါတတ္ေျပာလြန္းျခင္းေၾကာင့္ ခ်စ္သူရဲ႕ မ်က္မုန္းက်ိဳးျခင္းခံရတတ္ပါတယ္။ အိမ္ေထာင္ေရးကံေကာင္းေပမဲ့ အိမ္ေထာင္ဘက္က်န္းမာေရးညံ့တာေၾကာင့္ ပူပန္ရ တတ္ပါတယ္။ ပညာေရးက႑မွာလဲ အားနည္းေနတဲ့အခ်ိန္ပါ။ ဒီကာလမွာ စာေမးပြဲကိစၥ အင္တာဗ်ဴး ကိစၥ ေတြရွိမယ္ဆိုရင္ေတာ့ပိုၿပီးဂ႐ုစိုက္သင့္ပါတယ္။ အက်ိဳးေပးဂဏန္း ၆၊၅၊၃အထူးေဟာ အက်ိဳးမရွိတာေတြနဲ႔အခ်ိန္ကုန္ေနတတ္တယ္ ယၾတာ စေတာ္ဘယ္ရီေဖ်ာ္ရည္ဘုရားကပ္လႉပါ။
၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695။ 09 44 5555 695



