လူငယ်ပေမယ့် ပညာမငယ်တဲ့ ဆရာမလေး စုစုစံ ဧပြီလမှာ ဖြစ်မယ့် မုန်တိုင်းတွေအကြောင်း ပြောပြီ
ဗီယက်နမ်နိုင်ငံကိုဝင်ရောက်နေတဲ့ 93W or 01W TD မုန်တိုင်းရဲ့ 500hpa winds 18000ft မှ cell တွေ 01/04/2022 ရက်နေ့တွင် မြန်မာပင်လယ်ပြင် ကပ္ပလီပင်လယ်ကိုရောက်ရှိလာကာ 850ha လေစီးတွေက ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း မကွေးတိုင်းတွေကို ဧပြီလ ၃ရက်နေ့မှာ မိုးရွာစေနိုင်ပါတယ်။
မုန်တိုင်းအဖြစ် ရောက်ရှိလာတာမဟုတ်တဲ့အတွက် လေပြင်းအန္တရာယ်မရှိပါဘူး ဧပြီလ ၃ရက်နေ့ တနင်္သာရီတိုင်း တောင်ပိုင်းမှာသာ လေအနည်းငယ်ထန်နိုင်ပါတယ်။ ခန့်မှန်းချိန် 31/03/2022 at 7:58AM(MMT) ဧပြီလ ၂ရက်နေ့ည လေပြေလေးတဖြူးဖြူး ၄၀ကီလိုမီတာနှုန်းနဲ့ မိုးလေးတွေရွာလာနိုင်တာမို့ အဝတ်တွေအပြင်ထုတ်မလှမ်းထားကြနဲ့ ရန်ကုန်ရေ အပူလျှော့သွာမယ် ဧပြီလ ၂ရက်နေ့ညနဲ့၃ရက်နေ့မနက်မှာပါနော်။

ခန့်မှန်းချိန် 31/03/2022 at 8:19AM (MMT) 03/04/2022 ရက်နေ့ ဂန့်ဂေါ ရေမျက်နီ ပုံညာ ကျောမြို့ ပုံတောင် ထီးလင်း မိုးကြီးနိုင်ပါတယ်။
ခန့်မှန်းချိန် 31/03/2022 at 10:24AM(MMT) တောင်တရုတ်ပင်လယ်ပြင် အင်ဒိုနီးရှားပင်လယ် ထိုင်းပင်လယ်ကွေ့ Andaman sea ခေါ် ကပ္ပလီပင်လယ်ပြင်သို့မဟုတ် မြန်မာပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွေမှာ ရေပူနွေးလာနေပြီး ထိုင်ဝမ်ကျွန်းစုဖက်က တိုက်ခတ်လေပြင်းများက ထိုင်းပင်လယ်ကွေ့ကနေ့တဆင့် မြန်မာပင်လယ်ပြင်ကိုရောက်ရှိကာ မြန်မာနိုင်ငံကို မိုးတွေဆက်တိုက်ပေးနိုင်သလို မုတ်သုန်လေကိုလည်းစောစီးစွာဝင်ရောက်နိုင်ဖို့များစွာအကူအညီပေးပါလိမ့်မယ်
သို့သော်လည်း မုန်တိုင်းအန္တရာယ်လည်းရှိနေတာဖြစ်လို့2021 ခုနှစ်ကထဲက စောင့်ကြည့်ထောက်လှမ်းနေခဲ့တာ နားရတယ်တောင်မရှိသလောက်ပါပဲ ဒါပေမယ့် ချစ်ရတဲ့ပြည်သူတွေ တောင်သူလယ်သမားတွေအတွက် မောပမ်းနွမ်းနယ်တယ်ဆိုတာမရှိပါဘူး ပြည်သူတွေအတွက် မိမိတတ်မြောက်ထားတဲ့ပညာဖြင့် အကျိုးပြုဆောင်ရွက်နေရတာကိုပဲ ပျော်ရွှင်ချမ်းမြေ့ကျန်းမာပျော်ရွှင်ကြည်နူးနေတဲ့သူပါ တစ်ခါတလေတော့ စိတ်အနှောက်ဖြစ်တာလေးတွေတော့ ရှိတာပေါ့ မင်းဂွတ်သီးလေကို အမြဲရန်လိုတိုက်ခိုက်နေသူတွေကြောင့်ပေါ့
ဘယ်သူတွေဆိုတာလည်းအကုန်သိတယ် ဂရုမစိုက်ဘူး ပြည်သူတွေအတွက်ပဲရှေ့ရှုလုပ်ဆောင်သွားမယ် ခန့်မှန်းချိန် 31/03/2022 at 11:35AM(MMT) ဧရာဝတီ အထက်ပိုင်းမြစ်ရေသတိ – ၂၀၂၂ ဧပြီလ ၁ရက်နေ့မှ ၉ရက်နေ့အထိ ကချင်ပြည်နယ်မြောက်ပိုင်း မေခ မလိခ မြစ်ဖျား ပူတာအိုခရိုင်တွင် မိုးများစွာရွာသွန်းနိုင်သဖြင့် ဧရာဝတီ မြစ်အထက်ပိုင်းဒေသများတွင် မြစ်ရေတိုးလာနိုင်ပါတယ်ရက်ဝေးလည်းကြိုတင်ခန့်မှန်းပေးထားပြီးဖြစ်ပါတယ်နော်

ခန့်မှန်းချိန် 31/03/2022 at 11:55 AM(MMT) ထိုင်ဝမ်ကျွန်းစုတွေဖက်ကတိုက်လေစီးကြမ်းကြမ်းတွေက တာင်တရုတ်ပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်ကွေ့က low pressure cell တွေကို သယ်ဆောင်ကာ ဧပြီလအတွင်း မြန်မာပင်လယ်ပြင်ကို လေဖိအားနည်းလေဝဲ နှစ်ထက် ပိုမိုဖြစ်နိုင်ပါတယ် ဘင်္ဂလားပင်လယ်ထဲထိရောက်ရှိပြီး အားကောင်းတဲ့ မုန်တိုင်းတွေအဆင့်ထိရောက်ရှိနိုင်လို့ အထူးဂရုစိုက် စောင့်ကြည့်ထောက်လှမ်းနရပါတယ် ခန့်မှန်းချိန် 31/03/2022 at 12:49 PM (MMT)
အနောက်ပစ္စဖိတ်သမုဒ္ဒရာမှာ 94W invest လေဖိအားနည်းလေဝဲတစ်ခုဖြစ်ပေါ်လာပြန်ပါတယ် နောက် 96နာရီအတွင်း ဖီလစ်ပိုင်နိုင်ငံကိုခြိမ်းခြောက်လာနိုင်ပြီး တောင်တရုတ်ပင်လယ်ပြင်အထိ ခြေရှည်တော်မူပါလိမ့်ဦးမယ် ထိုင်းပင်လယ်ကွေ့အထိရောက်ရှိကာ မြန်မာပင်လယ်ပြင်အထိ ရောက်ရှိနိုင်သဖြင့် မျက်ခြေမပြတ်စောင့်ကြည့်ရပါတော့မယ် ဧပြီမေ မိုးတွေဆက်မယ်လို့ပြောခဲ့တာ ဒီလိုတွေအဝေးကြီးကြိုမြင်နိုင်တာကို အဆင့်မြင့်မိုးလေဝသပညာလို့ခေါ်ပါတယ် ဒါကြောင့် မင်းဂွတ်သီးလေးရဲ့ Long kick တွေပေါ်ထွက်လာခဲ့တာပေါ့။
02/04/2022 ရက်နေ့တွင် မြန် မာနိုင်ငံပူတာအိုခရိုင်နှင့် တရုတ်နိုင်ငံ ယူနမ်ပြည်နယ် သံလွင်မြစ်ဖျား လီဆူဒေသ တို့တွင် မိုးကြီးရေလျှံနိုင်ပါတယ် ဧရာဝတီမြစ်ရေနှင့် သံလွင်မြစ်ရေ သတိပြုရမည် ခန့်မှန်းချိန် 31/04/2022 at 4:05 PM (MMT) ပြည်သူ့အချစ်တော် Su Su San (Climatologist)



