ၾကားသိရသမွ်

၃၀ ရက်နေ့က ဖြစ်သွားခဲ့တဲ့ နာမည်ကြီးရတနာဆိုင်တစ်ဆိုင်ရဲ့ လိမ်လည်လှည့်ဖြားမှုကြီး


















Crd…

Zawgyi

ကျွန်မလိုမျိုး မခံရအောင် ပြန်လည်ဝေမျှပေးတာပါ

ကျွန်မ 26. 1. 2022 ရက်နေ့က လှည်းတန်း စိန်ဂေဟာ မျက်စောင်းထိုး ဇမ္မူထွန်းစိန်ရွှေရတနာဆိုင်မှာ ပုံပါ စိန်နားကပ် 1350000 တစ်ရံဝယ်လိုက်မိပါတယ်

ကျွန်မ ငွေလိုတာကြောင့် အဲ့ဒီနားကပ်ကို 30. 3. 2022မှာ သွားပြန်ရောင်းခဲ့ပါတယ်

ကျွန်မ နားကပ်ချွတ်နေတုန်းမှာပဲ သူတို့က ဘောက်ချာယူပြီး ဘောက်ချာရဲ့ ကျောက်ဖိုး 10% ကို 30% ကျွန်မ မသိခင်မှာပြောင်းရေးလိုက်ပါတယ်ရှင့်

ပြီးတော့ 1350000 စိန်နားကပ်တစ်ရံက 5သိန်းကျော် ပြန်ရမယ် ဒီပိုက်ဆံကို မနက်ဖြန်မှပဲလာယူရပါမယ်လို့ပြောပါတယ်

ကျွန်မနားကို ကျွန်မ မယုံနိုင်ပဲ ထပ်မေးပါတယ် အမ 5 သိန်းကျော်ပဲပြန်ရမယ်ပြော တာလားဆိုတော့ ဟုတ်ပါတယ်

ဒီမှာ ဘောက်ချာမှာ 30% ပါ ကျွန်မတို့ဘောက်ချာမှာရေးပြီးသား အလျှော့တွက်က 3ပဲ ကျောက်ဖိုးက 30% လက်ခ ဘာညာ ပြောပါတယ်

အမရယ် မဖြစ်နိုင်ဖူး ကျွန်မ အထည်က အပျက်ထည်လည်းမဟုတ်ဖူး 8 သိန်းလောက်ရှုံးတာဆိုတော့ ကျွန်မ ဘယ်လိုလုပ်ရမလဲဆိုတော့ အမတို့ဘက်ကလည်းလုပ်ပေးနိုင်တာ ဒါအကုန်ပဲလို့ပြောပါတယ်

အဲ့မှာ ကျွန်မစပြီးဒေါသထွက်လာတယ် ကျွန်မ ဝယ်တုန်းက ဓာတ်ပုံရိုက်ထားတာ 10% လို့ရေးထားတာ အမတို့ဆိုင်ရောက်မှ 30% ပြောင်းရေးလိုက်တာလို့ပြောတော့

သူတို့ပြာပြာသလဲ လုပ်လို့မရတော့မှန်းသိတော့ ညီမလေးပြန်လဲမလား

အမတို့အဆင်ပြေအောင်လုပ်ပေးမယ်ဆိုပြီး 10% နဲ့လည်းပြန်ချိန်းပေးမယ် စကားကိုပလောင်းပလဲတွေပြောပြီး 10% နဲ့ပြန်တွက်ပေးမယ်

5သိန်းကျော်ကနေ 6 သိန်းကျော် 1 သိန်းထပ်တိုးပေးပါတယ် ကျွန်မ 7 သိန်းလောက်တော့ ထပ်ရှုံးနေပါသေးတယ်

ကျွန်မက ရွှေလည်းဝတ်ဖူးပါတယ် စိန်လည်းဝတ်ဖူးပါတယ် တစ်ခါမှ ပြန်သွင်းရင်ထက်ဝက်မက ရှုံးတာ ဒီတစ်ခါ ပထမဆုံးပါပဲရှင့်

ကျွန်မ မရောင်းတော့ဖူးဆိုပြီး ပြန်လာခဲ့ပါတယ် စိတ်ထဲမှာဘယ်လိုမှအဆင်မပြေတာမို့ 31. 3. 2022 မှာထပ်သွားပါတယ်

အဲ့မှာအချေအတင်ဖြစ်ကြပါတယ် သူတို့အခွန်ဆောင်ရတာ ရဲစခန်းသွားမေး စည်ပင်သွားမေးတွေပြောပါတယ်

6 သိန်းကျော်ကနေ 7 သိန်းကျော်ထိပေးလာပြန်ပါတယ် ကျွန်မ များမှားနေသလားရှင့် အကြံပေးကြပါဦး

နောက်လူများလည်း ကျွန်မလိုမဖြစ်အောင် သတိထားကြပါ

Crd…