ၾကားသိရသမွ်

ကမာၻေပၚတြင္အသက္အငယ္ဆုံးေသာကေလးအေဖအျဖစ္ မွတ္တမ္းဝင္သြားခဲ့သည့္ အသက္၁၃ႏွစ္အ႐ြယ္လူငယ္ေလး

ကမာၻ႔စံခ်ိန္မွတ္တမ္းမ်ားဟုဆို​ေသာ္ အခ်ိဳ႕ေသာမွတ္တမ္းေတြဟာ ေကာင္းမြန္ေသာမွတ္တမ္းေတြမဟုတ္ဘဲ ဆိုး႐ြားလွေသာမွတ္တမ္းမ်ားလည္းျဖစ္ေနတတ္ပါတယ္။အမွန္တကယ္တြင္ေတာ့ အသက္၁၃ႏွစ္အ႐ြယ္ဆိုသည္မွာ ေလာကႀကီးအေၾကာင္းကိုေသခ်ာစြာမသိေသးဘဲေပ်ာ္႐ြင္စြာ ေဆာ့ကစားေနရမည့္ကေလးအ႐ြယ္သာျဖစ္ပါတယ္။

ယခုတြင္ေတာ့ အသက္၁၃ႏွစ္အ႐ြယ္ကေလးတစ္ဦးဟာ သူ၏အသက္၁၆ႏွစ္အ႐ြယ္ေကာင္မေလးႏွင့္ စူးစမ္းၿပီးစမ္းသပ္ၾကရာမွ ကိုယ္ဝန္ရွိသြားခဲ့တယလို႔သိရပါတယ္။ထိုအခါမိဘေတြကိုလည္း ကိုယ္ဝန္ရွိေနတာကိုမေျပာရဲဘဲ ဖုံးကြယ္ထားခဲ့ေသာေၾကာင့္ မိဘမ်ားကကိုယ္ဝန္ရင့္မာႀကီးမွသိလိုက္ရတာျဖစ္ပါတယ္။

ထို႔ေၾကာင့္ကေလးငယ္ကိုေမြးဖြားခဲ့ရၿပီးေနာက္မွာေတာ့ အသက္၁၃န​ွစ္အ႐ြယ္ျဖင့္ကေလးအေဖျဖစ္လာခဲ့ၿပီး ကမာၻ႔အသက္အငယ္ဆုံးကေလးအ​​ေဖ​အျဖစ္ပါမွတ္တမ္းဝင္သြားခဲ့ရပါတယ္။

Shoon (Cele Daily)

Unicode

ကမ္ဘာပေါ်တွင်အသက်အငယ်ဆုံးသောကလေးအဖေအဖြစ် မှတ်တမ်းဝင်သွားခဲ့သည့် အသက်၁၃နှစ်အရွယ်လူငယ်လေး

ကမ္ဘာ့စံချိန်မှတ်တမ်းများဟုဆို​သော် အချို့သောမှတ်တမ်းတွေဟာ ကောင်းမွန်သောမှတ်တမ်းတွေမဟုတ်ဘဲ ဆိုးရွားလှသောမှတ်တမ်းများလည်းဖြစ်နေတတ်ပါတယ်။အမှန်တကယ်တွင်တော့ အသက်၁၃နှစ်အရွယ်ဆိုသည်မှာ လောကကြီးအကြောင်းကိုသေချာစွာမသိသေးဘဲပျော်ရွင်စွာ ဆော့ကစားနေရမည့်ကလေးအရွယ်သာဖြစ်ပါတယ်။

ယခုတွင်တော့ အသက်၁၃နှစ်အရွယ်ကလေးတစ်ဦးဟာ သူ၏အသက်၁၆နှစ်အရွယ်ကောင်မလေးနှင့် စူးစမ်းပြီးစမ်းသပ်ကြရာမှ ကိုယ်ဝန်ရှိသွားခဲ့တယလို့သိရပါတယ်။ထိုအခါမိဘတွေကိုလည်း ကိုယ်ဝန်ရှိနေတာကိုမပြောရဲဘဲ ဖုံးကွယ်ထားခဲ့သောကြောင့် မိဘများကကိုယ်ဝန်ရင့်မာကြီးမှသိလိုက်ရတာဖြစ်ပါတယ်။

ထို့ကြောင့်ကလေးငယ်ကိုမွေးဖွားခဲ့ရပြီးနောက်မှာတော့ အသက်၁၃န​ှစ်အရွယ်ဖြင့်ကလေးအဖေဖြစ်လာခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံးကလေးအ​​ဖေ​အဖြစ်ပါမှတ်တမ်းဝင်သွားခဲ့ရပါတယ်။

Shoon (Cele Daily)