ရွှေရူပါဦး တစ်ယောက်အတွက် ခြေချစရာမြေမရှိ ဖြစ်ရတော့မ
ည့် သတင်း မြဝတီရုပ်သံမှာ ပြောကြားသွားပြီ
ပရိသတ်ကြီးရေ ရွေရူပါဦးကိုတော့ အားလုံးသိပြီးသား ဖြစ်မှာပါ
နော်။ သူမအား တချို့ကတော့ စစ်တပ်အားပေး တပ်ကုန်းမလေး
လို့လည်း ခေါ်ကြပါတယ်။ သူမဟာ စစ်တပ်အသိုင်းအဝိုင်းမှာ
ကျင်လည်ကျက်စားနေသူ တစ်ဦးဖြစ်ပြီး အရာရှိများ ဝစ်သည်
များနှင့်လည်း အမှတ်တရဓာတ်ပုံများ တွဲရိုက်ကာ လိုင်းပေါ်တင်
ကြွားလေ့ ရှိသူတစ် ဉီးလည်း ဖြစ်ပါတယ်နော်။ သို့သော်ယခု
နောက်ပိုင်းမှာတော့ သူမနဲ့ဓာတ်ပုံ တွဲရိုက်ဖူးသောစစ်သားတိုင်
လိုလို ရာထူး ကြီးငယ်မရွေး အသက်မရှည်ဘဲ မပြန်လမ်းသို့ အ
မြန်ကြွလှမ်းသွားလေ့ရှိကြောင်းအချက်အလက်များနှင့်တကွ
သတင်းအတိအကျ ပေါ်ထွက်လာပြီးနောက် စစ်တိုင်းဌာန
တော်တော်များများဟာ သူမ လာရောက် လှူဒါန်းလည်ပတ်ပြီး
ဓာတ်ပုံအတူ တွဲရိုက်ရမှာကို စိုးရွံ့ကာရွှေရူပါဉီးအား မည်သည့်
အကြောင်းနဲ့ဖြစ်စေ တပ်တွင်း ဝင်ရောက်ခြင်း ခွင့်မပြုရ ဟူသော
အမိန့်စာများထုတ်ပြန် ထားတယ်လို့ သတင်းများ ထွက်ပေါ်လာခဲ့
ပါတယ်။ ထိုသတင်းများ ထွက်ပေါ်ပြီးနောက် ယနေ့မှာတော့
ခြေထောက်အလှမယ် ရွှေရူပါဉီးအား မည်သည့်စစ်သည်နှင့်
အမှတ်တရတွဲရိုက်ထား သော ပုံဖြစ်စေ ဗီဒီယိုဖြစ်စေ လိုင်းပေါ်
လုံးဝတင်ခွင့်မပြုကြောင်း ကန့်သတ်ထားကြောင်းနှင့် ခွင့်ပြုချက်
မရှိဘဲ အရာရှိစစ်သည်များနှင့် အမှတ်တရရိုက်ထားသော ပုံများ
အား ဖေ့ဘုတ်စာမျက်နှာနှင့် အခြားလူမှုကွန်ယက် အွန်လိုင်းထက်
သို့ ဆက်လက်တင်နေမည်ဆိုပါကတည်ဆဲဥပေဒများအရ ထိ
ရောက်ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း အောက်ပါ
အတိုင်း ထုတ်ပြန် ကြေငြာလာတယ်လို့ သိရပါတယ်။ အရာ ရှိ
စစ်သည်များနှင့် အမှတ်တရအဖြစ် ယှဉ်တွဲ ရိုက်ကူးထားခဲ့သော
ဓာတ်ပုံနှင့် ဗွီဒီယိုဖိုင်များအား ခွင့်တောင်း အကြောင်းကြားခြင်း မ
ရှိဘဲလူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားခြင်း ဆက်လက်
ဖြန့်ဝေခြင်းများ မပြုလုပ်ရန်ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင်ဟု လူ
သိများထင်ရှားသူ မော်ဒယ်ရွှေရူပါဦးအား တပ်မတော်မှ မေတ္တာ
ရပ်ခံခဲ့သော်လည်း ၎င်းအနုပညာရှင်မှာ လိုက်နာမှုမရှိခဲ့သည့်
အတွက် ယင်းကဲ့သို့ ထပ်မံပြုလုပ်သွားမည်ဆိုပါက တည်ဆဲ
ဥပဒေများနှင့် အညီပြင်းထန်စွာ အရေးယူဆောင်ရွက် သွားမည်
ဖြစ်ကြောင်း မြဝတီရုပ်မြင်သံကြားမှ သတိပေးစကား ပြောကြား
လာခဲ့တယ် လို့ ဆိုပါတယ်။crd
cele