အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
ဘုန္းႀကီး နဲ႔ ေခြး မငတ္ေသးဘူး (ေခတ္ပ်က္ျခင္း/မပ်က္ျခင္း နိမိတ္မ်ား)
ၾကက္ေတြ အိပ္တန္းမမွန္ေတာ့ရင္။က်ီးေတြ ညပိုင္းေအာ္ဟစ္ဆူညံၾကရင္။ေခြးေတြ ေန႔/ည အူသံေပးရင္။ေသခ်ာပီ ေခတ္ပ်က္မယ္ဆိုတဲ့ နိမိတ္။
ပတ္ဝန္းက်င္ကိုသတိထားမိၾကရဲ႕လား ?
ၾကက္ေတြ အိပ္တန္းမွန္ေနေသးရင္က်ီးေတြ အ႐ုဏ္မတက္ခင္မွာအသံၾကားေနရရင္ေခြးေတြ ေန႔/ညရက္ဆက္အူသံမၾကားရရင္ေခတ္ဆိုတာမပ်က္ေသးဆိုတဲ့ နိမိတ္ပဲ။
ဒါကိုေရွးပညာရွိေတြက ေခတ္ပ်က္ျခင္းနိမိတ္ [ ၃ ]မ်ိဳးဆိုၿပီး ကဗ်ာေလးစီထားခဲ့ၾကျပန္တယ္။
ေရာ – ေခြး၊ ဒု – ၾကက္၊ ဝဂ္ – သတ္၊ တဲ့
ေရာ ေခြး -ဆိုတာကေရာဂႏၲရ ေရာဂါကပ္ေဘးႀကီးတစ္ခုက်ေရာက္လာေတာ့မယ္ဆိုလွ်င္တဲ့နိမိတ္တစ္ခုအေနအားျဖင့္ တစ္ေလာကလုံးမွာရွိၾကတဲ့ေခြးေတြဟာ လမ္းမေပၚကိုထြက္ၾကၿပီးေန႔/ညမပ်က္အူေနၾကသတဲ့။
ဒု ၾကက္ -ဆိုတာက ဒုဗၻကၡႏၲရ ငတ္မြတ္ေခါင္းပါးျခင္းကပ္ႀကီးတစ္ခုက်ေရာက္ေတာ့မယ္လွ်င္တဲ့ နိမိတ္အားျဖင့္
တစ္ေလာကလုံးမွာရွိၾကတဲ့ၾကက္ေတြဟာ အိပ္တန္းမမွန္ၾကေတာ့သလိုက်ီးေတြဟာလည္း ေန႔/ညမပ်က္ေအာ္ဟစ္ၿပီးေတာ့ေနၾကသတဲ့။
ဝဂ္ သတ္ -ဆိုတာက ဝဂ္ဆိုတာ ဝဂၢ ဆိုတဲ့ပါဠိကေနလာတာအဓိပၸါယ္က အေပါင္းစု အဖြဲ႕အစည္းျဖစ္သတဲ့
အဲဒီဝဂၢဆိုတဲ့ အဖြဲ႕အစည္းေတြ ။အသင္းေတြေပ့ါတစ္ဖြဲ႕တစ္ဖြဲ႕နဲ႔။တစ္သင္း နဲ႔တစ္သင္း။တစ္႐ြာနဲ႔တစ္႐ြာ။ တစ္ၿမိဳ႕နဲ႔တစ္ၿမိဳ႕။
ညီၫြတ္ျခင္းေတြမရွိေတာ့ရင္ ခိုက္ရန္ေဒါသေတြျဖစ္ပြားလာရင္။သတၱႏၲရ လက္နက္ကပ္ေဘးႀကီးက်ေရာက္ေတာ့မယ္ဆိုတာပါပဲ။
လမ္းမေပၚတက္ၿပီးေခြးေတြ ေန႔/ညမအူၾကေသးဘူး။ၾကက္ေတြ အိပ္တန္းမွန္ေနၾကေသးသလိုက်ီးေတြရဲ႕အသံအ႐ုဏ္မတက္ခင္ၾကားရဆဲ။
တစ္ၿမိဳ႕နဲ႔တစ္ၿမိဳ႕။တစ္တိုင္းနဲ႔တစ္တိုင္း။ညီၫြတ္ေနၾကေသးတယ္။ ေခတ္ႀကီးပ်က္ရင္ တဲ့ ဘုန္းႀကီးနဲ႔ေခြးပဲ အရင္ဆုံးငတ္မွာတဲ့ေလ
လက္ရွိအေျခေနထိေတာ့ တျခားေသာ ေထရဝါဒႏိုင္ငံ ရဟန္းဘုန္းႀကီးေတြ ဆြမ္းကိစၥအတြက္ အခက္ခဲရွိတယ္လို႔မၾကားရေသးသလို
ျမန္မာႏိုင္ငံအတြင္းမွာသီတင္းသုံးၾကတဲ့ ဘုန္းႀကီးသလီရွင္ေတြလည္းဆြမ္းကိစၥတစ္ရပ္အခက္ခဲရွိတယ္လို႔လည္း မၾကားမိေသးပါဘူး
ဒီလိုအားလုံးအဆင္ေျပေနတဲ့ပုံဆိုရင္ေခတ္မပ်က္ေသးပါဘူး အားတင္းထားၾကေစလိုပါတယ္
မၾကာခင္ကာလမွာ ေဆးေကာင္းေကာင္းနဲ႔ဒီေရာဂါေတြကိုတိုက္ျဖတ္ႏိုင္ပါလိမ့္မယ္ယခုလက္ရွိအခ်ိန္ခါကာလေလးမွာေတာ့
“ေလာဘေၾကာင့္ ငတ္မြတ္ေခါင္းပါးျခင္းကပ္က်ေရာက္လာတယ္ဆိုတာသိရင္”
“ေဒါသေၾကာင့္ လက္နက္ေဘးကပ္က်ေရာက္လာတယ္ဆိုတာသိရင္”
“ေမာဟေၾကာင့္ ေရာဂါကပ္ေဘးႀကီးက်ေရာက္လာတယ္ဆိုတာသိရင္”
အတက္ႏိုင္ဆုံး ေလာဘ ေဒါသ ေမာဟေတြကိုထိန္းသိမ္းၾကရင္းနဲ႔ေလာကႀကီးေအးခ်မ္းလာေစဖို႔ေမတၱာတရားမ်ားသာေန႔စဥ္ပြား၍ေနထိုင္ၾကေစလိုေၾကာင္း။ ဖန္ခါးေျမအရွင္
ျပန္လည္မွ်ေဝသည္
Unicode
ဘုန်းကြီး နဲ့ ခွေး မငတ်သေးဘူး (ခေတ်ပျက်ခြင်း/မပျက်ခြင်း နိမိတ်များ)
ကြက်တွေ အိပ်တန်းမမှန်တော့ရင်။ကျီးတွေ ညပိုင်းအော်ဟစ်ဆူညံကြရင်။ခွေးတွေ နေ့/ည အူသံပေးရင်။သေချာပီ ခေတ်ပျက်မယ်ဆိုတဲ့ နိမိတ်။
ပတ်ဝန်းကျင်ကိုသတိထားမိကြရဲ့လား ?
ကြက်တွေ အိပ်တန်းမှန်နေသေးရင်ကျီးတွေ အရုဏ်မတက်ခင်မှာအသံကြားနေရရင်ခွေးတွေ နေ့/ညရက်ဆက်အူသံမကြားရရင်ခေတ်ဆိုတာမပျက်သေးဆိုတဲ့ နိမိတ်ပဲ။
ဒါကိုရှေးပညာရှိတွေက ခေတ်ပျက်ခြင်းနိမိတ် [ ၃ ]မျိုးဆိုပြီး ကဗျာလေးစီထားခဲ့ကြပြန်တယ်။
ရော – ခွေး၊ ဒု – ကြက်၊ ဝဂ် – သတ်၊ တဲ့
ရော ခွေး -ဆိုတာကရောဂန္တရ ရောဂါကပ်ဘေးကြီးတစ်ခုကျရောက်လာတော့မယ်ဆိုလျှင်တဲ့နိမိတ်တစ်ခုအနေအားဖြင့် တစ်လောကလုံးမှာရှိကြတဲ့ခွေးတွေဟာ လမ်းမပေါ်ကိုထွက်ကြပြီး
နေ့/ညမပျက်အူနေကြသတဲ့။
ဒု ကြက် -ဆိုတာက ဒုဗ္ဘက္ခန္တရ ငတ်မွတ်ခေါင်းပါးခြင်းကပ်ကြီးတစ်ခုကျရောက်တော့မယ်လျှင်တဲ့ နိမိတ်အားဖြင့်
တစ်လောကလုံးမှာရှိကြတဲ့ကြက်တွေဟာ အိပ်တန်းမမှန်ကြတော့သလိုကျီးတွေဟာလည်း နေ့/ညမပျက်အော်ဟစ်ပြီးတော့နေကြသတဲ့။
ဝဂ် သတ် -ဆိုတာက ဝဂ်ဆိုတာ ဝဂ္ဂ ဆိုတဲ့ပါဠိကနေလာတာအဓိပ္ပါယ်က အပေါင်းစု အဖွဲ့အစည်းဖြစ်သတဲ့
အဲဒီဝဂ္ဂဆိုတဲ့ အဖွဲ့အစည်းတွေ ။အသင်းတွေပေ့ါတစ်ဖွဲ့တစ်ဖွဲ့နဲ့။တစ်သင်း နဲ့တစ်သင်း။တစ်ရွာနဲ့တစ်ရွာ။ တစ်မြို့နဲ့တစ်မြို့။
ညီညွတ်ခြင်းတွေမရှိတော့ရင် ခိုက်ရန်ဒေါသတွေဖြစ်ပွားလာရင်။သတ္တန္တရ လက်နက်ကပ်ဘေးကြီးကျရောက်တော့မယ်ဆိုတာပါပဲ။
လမ်းမပေါ်တက်ပြီးခွေးတွေ နေ့/ညမအူကြသေးဘူး။ကြက်တွေ အိပ်တန်းမှန်နေကြသေးသလိုကျီးတွေရဲ့အသံအရုဏ်မတက်ခင်ကြားရဆဲ။
တစ်မြို့နဲ့တစ်မြို့။တစ်တိုင်းနဲ့တစ်တိုင်း။ညီညွတ်နေကြသေးတယ်။ ခေတ်ကြီးပျက်ရင် တဲ့ ဘုန်းကြီးနဲ့ခွေးပဲ အရင်ဆုံးငတ်မှာတဲ့လေ
လက်ရှိအခြေနေထိတော့ တခြားသော ထေရဝါဒနိုင်ငံ ရဟန်းဘုန်းကြီးတွေ ဆွမ်းကိစ္စအတွက် အခက်ခဲရှိတယ်လို့မကြားရသေးသလို
မြန်မာနိုင်ငံအတွင်းမှာသီတင်းသုံးကြတဲ့ ဘုန်းကြီးသလီရှင်တွေလည်းဆွမ်းကိစ္စတစ်ရပ်အခက်ခဲရှိတယ်လို့လည်း မကြားမိသေးပါဘူး
ဒီလိုအားလုံးအဆင်ပြေနေတဲ့ပုံဆိုရင်ခေတ်မပျက်သေးပါဘူး အားတင်းထားကြစေလိုပါတယ်
မကြာခင်ကာလမှာ ဆေးကောင်းကောင်းနဲ့ဒီရောဂါတွေကိုတိုက်ဖြတ်နိုင်ပါလိမ့်မယ်ယခုလက်ရှိအချိန်ခါကာလလေးမှာတော့
“လောဘကြောင့် ငတ်မွတ်ခေါင်းပါးခြင်းကပ်ကျရောက်လာတယ်ဆိုတာသိရင်”
“ဒေါသကြောင့် လက်နက်ဘေးကပ်ကျရောက်လာတယ်ဆိုတာသိရင်”
“မောဟကြောင့် ရောဂါကပ်ဘေးကြီးကျရောက်လာတယ်ဆိုတာသိရင်”
အတက်နိုင်ဆုံး လောဘ ဒေါသ မောဟတွေကိုထိန်းသိမ်းကြရင်းနဲ့လောကကြီးအေးချမ်းလာစေဖို့မေတ္တာတရားများသာနေ့စဉ်ပွား၍နေထိုင်ကြစေလိုကြောင်း။ ဖန်ခါးမြေအရှင်
ပြန်လည်မျှဝေသည်



