ဗဟုသုတ

လမ်းမြေ၊သူများမြေကို တစ်လက္မလေးတောင် ချဲ့မယူမိစေနဲ့နော်…

သူများမြေကို တစ်လက္မလေးတောင် ချဲ့မယူမိစေနဲ့နော်…

မြေမခိုးကြနဲ့နော် ငရဲ

အခုခေတ္တနောက်ပိုင်း လူတော်တော်များများမှာ တွေ့ရလာ တတ်ကြပါတယ် ။ တချို့သောလူတွေရဲ့လောဘစိတ်တွေက အတောမသက်နိုင်ကြပါဘူး။

ကျနောတို့ဘက်မှာလဲ ငယ်ငယ်ကထဲ တွေခဲ့ရပါတယ် ၊တချို့လူတွေက လမ်းတွေပေါ်ကို မသိမသာကနေ သိသိသာသာလေး ခြံစည်းရိုးတွေ တိုးလာကြတယ်။

လယ်ကသင်းနောက်ဘက်လမ်း ဒါတွေပါ သူတို့မြေအဖြစ် တဖြေးဖြေးဝါးမျိုလာကြတယ်၊

လောဘစိတ်ကြောင့် တစ်ထွာ၊ တစ်တောင်၊ တစ်လန် ဒါလောက်ရကြတယ်၊ဒါတွေကို သူတို့တွေက အကျေနပ်ကြီး ကျေနပ်နေကြတယ်။

ငယ်ငယ် အမေပြောပြဖူးတယ် မြေကြီးခိုးတဲ့သူဟာ သေလွန်သွားပြီးနောက်မှာ ပိတ္တာဘဝနဲ့သူ လူ ဘဝတုန်းက ခိုးထားခဲ့တဲ့ မြေကြီးကို

အမြဲထမ်း ပိုးထားရတယ်တဲ့ ဒါနဲ့တင် မကသေးဘူး၊ သူမှာစားစရာ မရှိတဲ့အတွက် မြေကြီးကိုသာ စားရတယ်။

အဲ့ဒီဒုက္ခကြီးကိုခံပြီးတော့ကိုက ခိုးခဲ့ပင်မယ့် ကောင်းစားတော့ ကျန်နေခဲ့တဲ့သူတွေသာ ကောင်းစားတယ်။

ကျန်နေခဲ့တဲ့သူတွေကလဲ သိတတ်လို့ ရေစက်ချ အမျှဝေတာတောင် သင့်ဝဋ်ကြွေးမကုန်မချင်း သင်ဘယ်တော့မှ သာဓု ခေါ်နိုင်မှာမဟုတ်ပါဘူး။

မြေကြီးရဲ့တန်ဖိုးနဲ့အမျှ သင်ဝဋ်ကြွေးကိုပေးဆက်နေရမှာပဲ ကြောက်စရာကောင်းတဲ့ လောဘတခုကိုတော့ ဘယ်တော့မှ လောဘမတက်မိကြပါစေနဲ့လို့ ပြောပါရစေ။

မေမေပြောပြတာကို မှတ်မိသလောက်လေးမျှ ဝေပေးတာပါ ငယ်ငယ်ကဖြစ်ရပ်မှန်ဝတ္ထုတိုတွေကို ဖတ်ဖူးတဲ့သူတွေပိုသိကြပါလိမ့်မယ်

Credit.မေမေချစ်တဲ့ ဟိန်းမင်းလတ်

Zawgyi ဖြင့်ဖတ်ရန်

သူမ်ားေျမကို တစ္လကၼေလးေတာင္ ခ်ဲ႕မယူမိေစနဲ႔ေနာ္…

ေျမမခိုးၾကနဲ႔ေနာ္ ငရဲ

အခုေခတၱေနာက္ပိုင္း လူေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ရလာ တတ္ၾကပါတယ္ ။ တခ်ိဳ႕ေသာလူေတြရဲ႕ေလာဘစိတ္ေတြက အေတာမသက္ႏိုင္ၾကပါဘူး။

က်ေနာတို႔ဘက္မွာလဲ ငယ္ငယ္ကထဲ ေတြခဲ့ရပါတယ္ ၊တခ်ိဳ႕လူေတြက လမ္းေတြေပၚကို မသိမသာကေန သိသိသာသာေလး ၿခံစည္း႐ိုးေတြ တိုးလာၾကတယ္။

လယ္ကသင္းေနာက္ဘက္လမ္း ဒါေတြပါ သူတို႔ေျမအျဖစ္ တေျဖးေျဖးဝါးမ်ိဳလာၾကတယ္၊

ေလာဘစိတ္ေၾကာင့္ တစ္ထြာ၊ တစ္ေတာင္၊ တစ္လန္ ဒါေလာက္ရၾကတယ္၊ဒါေတြကို သူတို႔ေတြက အေက်နပ္ႀကီး ေက်နပ္ေနၾကတယ္။

ငယ္ငယ္ အေမေျပာျပဖူးတယ္ ေျမႀကီးခိုးတဲ့သူဟာ ေသလြန္သြားၿပီးေနာက္မွာ ပိတၱာဘဝနဲ႔သူ လူ ဘဝတုန္းက ခိုးထားခဲ့တဲ့ ေျမႀကီးကို

အၿမဲထမ္း ပိုးထားရတယ္တဲ့ ဒါနဲ႔တင္ မကေသးဘူး၊ သူမွာစားစရာ မရွိတဲ့အတြက္ ေျမႀကီးကိုသာ စားရတယ္။

အဲ့ဒီဒုကၡႀကီးကိုခံၿပီးေတာ့ကိုက ခိုးခဲ့ပင္မယ့္ ေကာင္းစားေတာ့ က်န္ေနခဲ့တဲ့သူေတြသာ ေကာင္းစားတယ္။

က်န္ေနခဲ့တဲ့သူေတြကလဲ သိတတ္လို႔ ေရစက္ခ် အမွ်ေဝတာေတာင္ သင့္ဝဋ္ေႂကြးမကုန္မခ်င္း သင္ဘယ္ေတာ့မွ သာဓု ေခၚႏိုင္မွာမဟုတ္ပါဘူး။

ေျမႀကီးရဲ႕တန္ဖိုးနဲ႔အမွ် သင္ဝဋ္ေႂကြးကိုေပးဆက္ေနရမွာပဲ ေၾကာက္စရာေကာင္းတဲ့ ေလာဘတခုကိုေတာ့ ဘယ္ေတာ့မွ ေလာဘမတက္မိၾကပါေစနဲ႔လို႔ ေျပာပါရေစ။

ေမေမေျပာျပတာကို မွတ္မိသေလာက္ေလးမွ် ေဝေပးတာပါ ငယ္ငယ္ကျဖစ္ရပ္မွန္ဝတၳဳတိုေတြကို ဖတ္ဖူးတဲ့သူေတြပိုသိၾကပါလိမ့္မယ္

Credit.ေမေမခ်စ္တဲ့ ဟိန္းမင္းလတ္