ၾကားသိရသမွ်

(၆)လသမီး ဘဝထဲက မွေးစားထားတဲ့ (၅)တန်းကျောင်းသူကို မိန်းမဖြစ်သူ မရှိချိန် မွေးစားဖခင်မှ မီးဖိုချောင်ထဲတွင်… See more

(၆)လ သမီး ဘဝထဲက မွေးစားထားတဲ့ (၅)တန်းကျောင်းသူကို မိန်းမဖြစ်သူမရှိချိန် မွေးစားဖခင်မှ မီးဖိုချောင်ထဲတွင်… See more

(၆)လ သမီးဘဝထဲက မွေးစားထားသူ အသက် ၁၁ နှစ် အရွယ် ၅တန်းကျောင်းသူအား မွေးစားထားသူမှ အကြိမ်ကြိမ် မုဒိမ်းပြုကျင့်နေခဲ့ရာ ၇ ကြိမ်မြောက်ပြုကျင့်နေစဉ် မိန်းကလေး၏ အဒေါ်ဖြစ်သူမှ

တွေ့သွားပြီး အမှုတိုင်တန်းခဲ့သည်။ပေါင်မြို့နယ် အလှပ်ကျေးရွာ ခင်တန်းပိုင်း နေ ဒေါ်စိုးမာ နှင့် မင်းဦးတို့ လင်မယားက မ***** အား ၆ လသမီးထဲက မွေးစားထားသည်ဆိုသည်။ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အဆိုပါ မိသားစုအိမ်သို့ အလည်သွားခဲ့သော

မချိုစန်းသည် ထမင်းစားရန် အိမ်ပေါ် မီးဖိုခန်းသို့သွားနေစဉ် မင်းဦး ၃၀နှစ် (ဘ)ဦးလှသန်း ရေလုပ်သား မှ မxxxxအား အပေါ်မှတက်ခွပြီး ကာမဆက်ဆံနေကြောင်းတွေ့ရပြီး ခွေးမျိုးဟု အော်ဟစ်ကာ အစ်မဖြစ်သူအား

ခေါ်ယူပြသပြီး ရဲစခန်းသို့တိုင်တန်းခဲ့သည်။မxxxxအား တရားလို ဖြစ်သူ မချိုစန်းက မေးမြန်းခဲ့စဉ် မင်းဦးသည် ယခင်နှစ် ဇွန်လ ကတည်းက မိမိကို အလိုမတူပဲ သားမယားပြုကျင့်နေခဲ့သည်မှာ ၇ ကြိမ်ရှိပြီဟု

ပြန်ပြောသိရကြောင်း ရဲစခန်းတိုင်ချက်တွင် မချိုစန်းက ပြောဆိုခဲ့သည်။အဆိုပါအမှုနှင့် ပတ်သက်၍ ပေါင်ရဲစခန်းမှ အမှုဖွင့် ထားပြီး ရဲအုပ်သန်းဝင်းက စစ်ဆေးနေကြောင်းသိရသည်။

Paung Daily