ထိုအချိန်က လူတိုင်းရဲ့အာရုံကို ဖမ်းစားစေခဲ့တဲ့အရာမှာသတို့သားရဲ့ အသွင်အပြင်ဖြစ်နေခဲ့ပြီး တကယ်တော့ သတို့သားဖြစ်သူ Lam ဟာ ၂၀၀၁ ခုနှစ်မှာ မြေမြှုပ်မိုင်းကြောင့် မမျှော်လင့်ဘဲမတော်တဆထိခိုက်မိပြီးနောက် သူ့ရဲ့မျက်နှာပြင် ၉၀ ရာခိုင်နှုန်းဟာ လောင်ကျွမ်းသွားခဲ့ရပါတယ်။
တစ်ချိန်တည်းမှာပင် သတို့သမီးဖြစ်တဲ့ Hien ကလည်း လှပထက်မြက်ပြီး နုပျိုတဲ့ မိန်းကလေးဖြစ်နေခဲ့ပါတယ်။လက်မထပ်ခင်မှာ ၎င်းတို့စုံတွဲဟာ ၅နှစ်တာ ဘဝအတက်အကျကိုဖြတ်သန်းခဲ့ရပါတယ်။သူ့ရဲ့ရုပ်ဆိုးတဲ့မျက်နှာအသွင်အပြင်ကြောင့် Lam ဟာ Hien နှင့်မတွေ့မီ ဘယ်မိန်းကလေးနှင့်မဆိုကို ရင်းနှီးဖို့ မဝံ့ရဲခဲ့ပါဘူး။
သို့ပေမဲ့ Hien ဟာ Lam နှင့် တက်ကြွစွာ chat လုပ်၊စကားစမြည်များပြောခဲ့ပြီး ထိုအချိန်ကတည်းကပင် သူ့ကို ချစ်မိနေခဲ့ပါတယ်။၎င်းတို့စုံတွဲရဲ့မင်္ဂလာပွဲက လူများစွာကို သံသယဖြစ်စေခဲ့ပြီး လူများစွာက ၎င်းမင်္ဂလာပွဲရဲ့နောက်ကွယ်မှာ နှစ်ဖက်စလုံးက စစ်မှန်တဲ့ချစ်ခြင်းမေတ္တာရောရှိရဲ့လား၊တစ်ချိန်တည်းမှာပင် ၎င်းတို့ရဲ့ခံစားချက်များကို သံသယဝင်လာခဲ့ပြီး မိန်းကလေးက တိုက်တူးသမားတစ်ယောက်သာဖြစ်ပြီး ငွေလိုချင်လို့သာ ဖြစ်တယ်လို့လည်း မဟုတ်မမှန် ပြောဆိုခဲ့ကြပါတယ်။
သို့ပေမဲ့ အိမ်ထောင်သက် ၇ နှစ်အကြာမှာတော့ များစွာသောစိတ်ရှုပ်ထွေးမှုတွေနဲ့သံသယဝင်မှုတွေရှိနေသေးပေမယ့် ၎င်းတို့ဇနီးမောင်နှံဟာ ၂၀၁၆ ခုနှစ်မှာ ၎င်းတို့ရဲ့ Jayden Nguyen အမည်ရှိသားဦးလေးကိုကြိုဆိုခဲ့ပြီး ကနေဒါမှာ ပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကို ပိုင်ဆိုင်ထားနေဆဲဖြစ်ပါတယ်။
Lam ရဲ့မိသားစုနောက်ခံအကြောင်းများနှင့်ပတ်သက်ပြီး ယခင်က ကောလဟာလများကြောင့် Hein ဟာ ခင်ပွန်းနှင့်အတူ ကနေဒါသို့လိုက်သွားခဲ့ပြီး ခင်ပွန်းဖြစ်သူက အလုပ်လုပ်နေစဉ်မှာ သူမကလည်း ကလေးတစ်ဖက်ထိန်းကျောင်းရင်း လက်သည်းအလှပြင်ဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့ရပါတယ်။
၎င်းတို့ရဲ့ဘဝက ကောလဟာလတွေလောက် မချမ်းသာနေခဲ့ပါဘူး။သို့ပေမဲ့ Tran Lam နှင့်Thu Hien တို့ရဲ့မိသားစုဟာ အရမ်းကို ပျော်ရွှင်နေဆဲပါဘဲ။ခင်ပွန်းရဲ့အသွင်အပြင်ချို့ယွင်းချက်ကို မခွဲခြားဘဲ ၎င်းတို့စုံတွဲဟာ ပျော်ရွှင်တဲ့ဘဝနှင့်မိသားစုငယ်လေးတစ်စုကို လက်ရှိအချိန်ထိ အတူတကွပြုစုပျိုးထောင်နေဆဲဘဲဖြစ်ပါတယ်။
Credit-Mia (Mckzone Daily)
Zawgyi
ဘေးပတ်ဝန်းကျင်ရဲ့ဝေဖန်သံများကို လျစ်လျူရှုကာ အချစ်စစ်ဖြင့် ရုပ်ဆိုးတဲ့အမျိုးသားနှင့် လက်ထပ်ခဲ့တဲ့ မိန်းကလေးတစ်ဦး
ထိုအချိန်က လူတိုင်းရဲ့အာရုံကို ဖမ်းစားစေခဲ့တဲ့အရာမှာသတို့သားရဲ့ အသွင်အပြင်ဖြစ်နေခဲ့ပြီး တကယ်တော့ သတို့သားဖြစ်သူ Lam ဟာ ၂၀၀၁ ခုနှစ်မှာ မြေမြှုပ်မိုင်းကြောင့် မမျှော်လင့်ဘဲမတော်တဆထိခိုက်မိပြီးနောက် သူ့ရဲ့မျက်နှာပြင် ၉၀ ရာခိုင်နှုန်းဟာ လောင်ကျွမ်းသွားခဲ့ရပါတယ်။
တစ်ချိန်တည်းမှာပင် သတို့သမီးဖြစ်တဲ့ Hien ကလည်း လှပထက်မြက်ပြီး နုပျိုတဲ့ မိန်းကလေးဖြစ်နေခဲ့ပါတယ်။လက်မထပ်ခင်မှာ ၎င်းတို့စုံတွဲဟာ ၅နှစ်တာ ဘဝအတက်အကျကိုဖြတ်သန်းခဲ့ရပါတယ်။သူ့ရဲ့ရုပ်ဆိုးတဲ့မျက်နှာအသွင်အပြင်ကြောင့် Lam ဟာ Hien နှင့်မတွေ့မီ ဘယ်မိန်းကလေးနှင့်မဆိုကို ရင်းနှီးဖို့ မဝံ့ရဲခဲ့ပါဘူး။
သို့ပေမဲ့ Hien ဟာ Lam နှင့် တက်ကြွစွာ chat လုပ်၊စကားစမြည်များပြောခဲ့ပြီး ထိုအချိန်ကတည်းကပင် သူ့ကို ချစ်မိနေခဲ့ပါတယ်။၎င်းတို့စုံတွဲရဲ့မင်္ဂလာပွဲက လူများစွာကို သံသယဖြစ်စေခဲ့ပြီး လူများစွာက ၎င်းမင်္ဂလာပွဲရဲ့နောက်ကွယ်မှာ နှစ်ဖက်စလုံးက စစ်မှန်တဲ့ချစ်ခြင်းမေတ္တာရောရှိရဲ့လား၊တစ်ချိန်တည်းမှာပင် ၎င်းတို့ရဲ့ခံစားချက်များကို သံသယ၀င်လာခဲ့ပြီး မိန်းကလေးက တိုက်တူးသမားတစ်ယောက်သာဖြစ်ပြီး ငွေလိုချင်လို့သာ ဖြစ်တယ်လို့လည်း မဟုတ်မမှန် ပြောဆိုခဲ့ကြပါတယ်။
သို့ပေမဲ့ အိမ်ထောင်သက် ၇ နှစ်အကြာမှာတော့ များစွာသောစိတ်ရှုပ်ထွေးမှုတွေနဲ့သံသယ၀င်မှုတွေရှိနေသေးပေမယ့် ၎င်းတို့ဇနီးမောင်နှံဟာ ၂၀၁၆ ခုနှစ်မှာ ၎င်းတို့ရဲ့ Jayden Nguyen အမည်ရှိသားဦးလေးကိုကြိုဆိုခဲ့ပြီး ကနေဒါမှာ ပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကို ပိုင်ဆိုင်ထားနေဆဲဖြစ်ပါတယ်။
Lam ရဲ့မိသားစုနောက်ခံအကြောင်းများနှင့်ပတ်သက်ပြီး ယခင်က ကောလဟာလများကြောင့် Hein ဟာ ခင်ပွန်းနှင့်အတူ ကနေဒါသို့လိုက်သွားခဲ့ပြီး ခင်ပွန်းဖြစ်သူက အလုပ်လုပ်နေစဉ်မှာ သူမကလည်း ကလေးတစ်ဖက်ထိန်းကျောင်းရင်း လက်သည်းအလှပြင်ဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့ရပါတယ်။
၎င်းတို့ရဲ့ဘဝက ကောလဟာလတွေလောက် မချမ်းသာနေခဲ့ပါဘူး။သို့ပေမဲ့ Tran Lam နှင့်Thu Hien တို့ရဲ့မိသားစုဟာ အရမ်းကို ပျော်ရွှင်နေဆဲပါဘဲ။ခင်ပွန်းရဲ့အသွင်အပြင်ချို့ယွင်းချက်ကို မခွဲခြားဘဲ ၎င်းတို့စုံတွဲဟာ ပျော်ရွှင်တဲ့ဘ၀နှင့်မိသားစုငယ်လေးတစ်စုကို လက်ရှိအချိန်ထိ အတူတကွပြုစုပျိုးထောင်နေဆဲဘဲဖြစ်ပါတယ်။
Credit-Mia (Mckzone Daily)