သင်သိရင် ကွမ်းစားဖို့တောင်လက်တွံ့သွားမယ့် ကွမ်းသီးစိတ်ပုံအဆင့်ဆင့်
ကွမ်း မစွဲ… ကွမ်း မစားတာ တော်သေးလို့
ရေစိမ်ပြီး စိတ်ထားတဲ့… ကွမ်းသီးစိတ် တွေကို အလုံပိတ်အခန်းထဲမှာ ကန့် (ဆာလဖာ)မှုန့် ကို မီးရှို့ပြီးထွက်လာတဲ့ အငွေ့နဲ့ပေါင်းတယ်။ ကန့် ရိုက်တယ်လို့ ခေါ်ပါတယ်။

ကန့်ကို မီးရှို့လို့ ထွက်လာတဲ့ ဓာတ်ငွေ့နဲ့ ကွမ်းသီးစိတ် မျက်နှာပြင်က ရေအစိုဓာတ် ဓာတ်ပြုချိန်မှာ ဆာလဖြူရစ်အက်ဆစ်အပျော့စားဖြစ်လာပြီး ကွမ်းသီး မျက်နှာပြင်ကို အက်စစ်က တိုက်စားလိုက်တယ်။
အဲဒီအခါမှာ နဂိုကခပ်ညိုညိုကွမ်းသီးဟာ ဖွေးဖြူပြီး စားချင်စဖွယ်ဖြစ်သွားရောဗျ။ကန့်ဖိုထဲက ထွက်လာကာစ ကွမ်းသီးစိတ်ကို နမ်းကြည့်ဖို့မပြောနဲ့ အရမ်းပြင်းတဲ့အနံ့ဆိုးကြောင့်

ကန့်ဖိုဖွင့်ခါစမှာ အထဲကို လူမဝင်နိုင်ပါဘူး။ အဲ့လိုအနံ့ပြင်းတဲ့ ကွမ်းသီးစိတ် ကိုမှ ကွမ်းယာဆိုင်ကို ပို့တဲ့လူတွေက ဝယ်ကြတယ်။အနံ့ပြင်းလေ ၊ မှိုအတက်သက်သာလေ အထားခံလေကိုး။ကန့်ဖို အနားမှာရှိတဲ့ ခေါင်မိုးသွပ်တွေဟာ လ ပိုင်း အတွင်းမှာပဲ ဆွေးမြေ့ပြတ်ကျကုန်တယ်။
ကန့်ဖိုတံခါးမှာ ပတ္တာတို့ မျောက်လက်တို့ တပ်ထားရင် တစ်လမခံဘူး ကန့်ငွေ့စားပြီး ပြတ်ကျကုန်တယ်။ကန့်ဖိုမှာ ဒိုင်ခံအလုပ်လုပ်တဲ့ အလုပ်သမားတွေဟာ ၅/၁၀နှစ်အတွင်း ရှူနာရှိုက်ကုန်းတွေဖြစ်ကုန်ကြတယ်။ မနက်ခင်း ဖိုဖွင့်ကာစမှာ အထဲဝင်ပြီး ကွမ်းသီးထမ်းထုတ်ရသူတွေ အဆိုးဆုံးပဲ။ဒါက မန်းလေးက.. ဒီဖက် အောက်မြန်မာပြည်နဲ့ ရန်ကုန်မှာ ကွမ်းသီးစိတ်လုပ်ကြတဲ့နည်းပါ။

(ကွမ်း အန္တရာယ် ကို လက်လှမ်းမှီ သလောက်တင်ပြပါမယ်။ စားတာမစားတာ ကိုယ်ပိုင် ဆုံးဖြတ်ချက်သာ ဖြစ်ပါကြောင်း)
Credit Ko Melvin Moe



