ဗဟုသုတ

အခွံခွာပြီးလှီးပြီးတဲ့ အသီးတွေ အရောင်မပြောင်းအောင်ဘယ်လိုထားကြမလဲ

အခွံခွာပြီးလှီးပြီးတဲ့ အသီးတွေ အရောင်မပြောင်းအောင်ဘယ်လိုထားကြမလဲ

သစ်သီးတွေဆိုတာက အခွံခွာစားရတာများပါတယ်။တစ်ခါတစ်လေ ဧည်သည့်ကို အခွံခွာပြီး ဧည့်ခံပေမယ့်ခဏလေးနဲ့အသီးကအရောင်တွေပြောင်းသွားတာဖြစ်တတ်ကြမှာပါ။အဲ့ဒီလိုအရောင်မပြောင်းဖို့ထားရမယ့်နည်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

ဆားရည်

အခွံခွာထားပြီးရင် ရေ၂ ခွက်ထဲကို ဆားလက်ဖက်ရည်ဇွန်းနှစ်ဇွန်းလောက်ထည့်ပြီးတော့ ခဏစိမ်ထားလိုက်ပါ။ပြီးရင် ပြန်ဆယ်ပြီး ရေစစ်ထားပါ။တစ်နာရီလောက်ထိထားလို့ခံပါတယ်။စားခါနီးတော့မှ ရေနဲ့ဆေးပြီးစားမယ်ဆိုရင် အရသာလည်း ပျက်မှာမဟုတ်ပါဘူး။

ပျားရည်

ရေနွေးတစ်ခွက်ထဲကို ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းလောက်ထည့်ပြီး မွှေလိုက်ပါ။လှီးထားတဲ့ အသီးကိုစက္ကန့် အနည်းငယ်လောက်ပဲစိမ်ပြီး ပြန်ဆယ်ထားပါ။ခဏလေးနဲ့ အရောင်ပြောင်းသွားတဲ့အသီးတွေ အခုလိုလုပ်လိုက်တာနဲ့ အရောင်ပြောင်းတော့မှာမဟုတ်ပါဘူး။

သံပုယိုသီးနဲ့ သံပုရာသီး

နှစ်မျိုးထဲက တစ်မျိုးကို အဆင်ပြေတာအသုံးပြုနိုင်ပါတယ်။ရေတစ်ခွက်ထဲကို သံပုယိုရည် ဒါမှမဟုတ် သံပုရာရည် တစ်ဇွန်းထည့်လိုက်ပါ။သေချာမွှေပြီးတာနဲ့ အခွံခွာထားပြီး လှီးထားတဲ့ အသီးကို၅ မိနစ်လောက်စိမ်ထားလိုက်ပါ။အရောင်ပြောင်းပါဆိုရင်တောင် ပြောင်းမှာမဟုတ်တော့ပါဘူး။

အခုဖော်ပြသွားတဲ့နည်းလမ်းလေးတွေက လွယ်ကူရိုးရှင်းတာမလို့ အသီးတွေ အရောင်ပြောင်းသွားရတဲ့ ဒုက္ခကနေ ကင်းဝေးနိုင်ကြပါစေ။

Crd,Copy

အခြံခြာၿပီးလွီးၿပီးတဲ့ အသီးေတြ အေရာင္မေျပာင္းေအာင္ဘယ္လိုထားၾကမလဲ

သစ္သီးေတြဆိုတာက အခြံခြာစားရတာမ်ားပါတယ္။တစ္ခါတစ္ေလ ဧည္သည့္ကို အခြံခြာၿပီး ဧည့္ခံေပမယ့္ခဏေလးနဲ႔အသီးကအေရာင္ေတြေျပာင္းသြားတာျဖစ္တတ္ၾကမွာပါ။အဲ့ဒီလိုအေရာင္မေျပာင္းဖို႔ထားရမယ့္နည္းေလးေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

ဆားရည္

အခြံခြာထားၿပီးရင္ ေရ၂ ခြက္ထဲကို ဆားလက္ဖက္ရည္ဇြန္းႏွစ္ဇြန္းေလာက္ထည့္ၿပီးေတာ့ ခဏစိမ္ထားလိုက္ပါ။ၿပီးရင္ ျပန္ဆယ္ၿပီး ေရစစ္ထားပါ။တစ္နာရီေလာက္ထိထားလို႔ခံပါတယ္။စားခါနီးေတာ့မွ ေရနဲ႔ေဆးၿပီးစားမယ္ဆိုရင္ အရသာလည္း ပ်က္မွာမဟုတ္ပါဘူး။

ပ်ားရည္

ေရေႏြးတစ္ခြက္ထဲကို ပ်ားရည္ စားပြဲတင္ဇြန္းတစ္ဇြန္းေလာက္ထည့္ၿပီး ေမႊလိုက္ပါ။လွီးထားတဲ့ အသီးကိုစကၠန႔္ အနည္းငယ္ေလာက္ပဲစိမ္ၿပီး ျပန္ဆယ္ထားပါ။ခဏေလးနဲ႔ အေရာင္ေျပာင္းသြားတဲ့အသီးေတြ အခုလိုလုပ္လိုက္တာနဲ႔ အေရာင္ေျပာင္းေတာ့မွာမဟုတ္ပါဘူး။

သံပုယိုသီးနဲ႔ သံပုရာသီး

ႏွစ္မ်ိဳးထဲက တစ္မ်ိဳးကို အဆင္ေျပတာအသုံးျပဳႏိုင္ပါတယ္။ေရတစ္ခြက္ထဲကို သံပုယိုရည္ ဒါမွမဟုတ္ သံပုရာရည္ တစ္ဇြန္းထည့္လိုက္ပါ။ေသခ်ာေမႊၿပီးတာနဲ႔ အခြံခြာထားၿပီး လွီးထားတဲ့ အသီးကို၅ မိနစ္ေလာက္စိမ္ထားလိုက္ပါ။အေရာင္ေျပာင္းပါဆိုရင္ေတာင္ ေျပာင္းမွာမဟုတ္ေတာ့ပါဘူး။

အခုေဖာ္ျပသြားတဲ့နည္းလမ္းေလးေတြက လြယ္ကူ႐ိုးရွင္းတာမလို႔ အသီးေတြ အေရာင္ေျပာင္းသြားရတဲ့ ဒုကၡကေန ကင္းေဝးႏိုင္ၾကပါေစ။

Crd,Copy