ဗဟုသုတ

ငှက်ပျောသီးခွံနဲ့ စိတ်ဖိစီးမှုနဲ့ ခေါင်းကိုက်တာကို သက်သာအောင်လုပ်နည်း

ငှက်ပျောသီးခွံနဲ့ စိတ်ဖိစီးမှုနဲ့ ခေါင်းကိုက်တာကို သက်သာအောင်လုပ်နည်း

ငှက်ပျောသီးစားရင် အစာကြေလွယ်တယ် ဝမ်းမမှန်စေတယ်။အဲ့ဒါတွေ အပြင် ငှက်ပျောသီးခွံကလည်း စိတ်ဖိစီးတာနဲ့ ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ငှက်ပျောသီးခွံမှာ အမိုင်နိုအက်ဆစ် Tryptophan ပါဝင်တာမလို့ ညဘက်အိပ်မပျော်တာကိုလည်း လျော့ချပေးမှာပါ။

စိတ်ဖိစီးတာကိုပျောက်အောင်လုပ်နည်း

ငှက်ပျောသီးခွံရယ် ရေ၂၀၀ မီလီလီတာ ပျားရည်စားပွဲတင်ဇွန်း ၁ ဇွန်းစာပဲလိုအပ်တာပါ။ပထမဦးဆုံး ရေကို ဆူအောင်အရင်ကြိုလိုက်ပါ။ရေဆူလာတာနဲ့ ငှက်ပျောသီးခွံကိုထည့်ပြီး မီးအေးအေးလေးနဲ့ သုံးမိနစ်လောက်ထားလိုက်ပါ။ပြီးရင် ငှက်ပျောသီးခွံကိုဖယ်ပြီး အရည်ကို အချိန်အနည်းငယ်အအေးခံထားပါ။ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ထည့်ပြီး သောက်သုံးမယ်ဆိုရင် စိတ်ဖိစီးမှူနဲ့ စိတ်မတည်ငြိမ်တာကို လျော့ချပေးပြီး သက်သာစေနိုင်မှာပါ။

ခေါင်းကိုက်ပျောက်အောင်လုပ်နည်း

ငှက်ပျောသီးခွံမှာ ပိုတက်ဆီယမ်အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါပြီးတော့ ရောင်ရမ်းတာတွေ ခေါင်းကိုက်တာတွေကို သက်သာစေနိုင်ပါတယ်။ငှက်ပျောသီးခွံရယ် ရေတစ်ခွက်ရယ် သစ်ကြမ်းပိုးခေါက်အနည်းငယ်ရယ်ပဲလိုအပ်ပါတယ်။ငှက်ပျောသီးခွံကို ရေထဲထည့်ပြီး ၃ မိနစ်လောက် ကြိုလိုက်ပါ။ပြီးရင် ခဏလောက် အအေးခံပြီး သစ်ကြမ်းပိုးခေါက်လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ထည့်ပြီး သောက်လို့ရပါပြီ။ခေါင်းကိုက်တာကို သိသိသာသာသက်သာလာစေမှာပါ။

ငှက်ပျောသီးစားပြီးရင် ငှက်ပျောသီးခွံကိုလည်း အခုလို အသုံးပြုလို့ရသေးတာကို သိရှိသွားကြမယ်လို့ ထင်ပါတယ်။အားလုံးပဲ ခေါင်းကိုက်သက်သာပြီး စိတ်ဖိစီးမှူကနေ ကင်းဝေးကြပါစေ။

Credit-Original Uploader

ငွက္ေပ်ာသီးခြံနဲ႔ စိတ္ဖိစီးမႈနဲ႔ ေခါင္းကိုက္တာကို သက္သာေအာင္လုပ္နည္း

ငွက္ေပ်ာသီးစားရင္ အစာေၾကလြယ္တယ္ ဝမ္းမမွန္ေစတယ္။အဲ့ဒါေတြ အျပင္ ငွက္ေပ်ာသီးခြံကလည္း စိတ္ဖိစီးတာနဲ႔ ေခါင္းကိုက္တာကို သက္သာေစႏိုင္ပါတယ္။ငွက္ေပ်ာသီးခြံမွာ အမိုင္ႏိုအက္ဆစ္ Tryptophan ပါဝင္တာမလို႔ ညဘက္အိပ္မေပ်ာ္တာကိုလည္း ေလ်ာ့ခ်ေပးမွာပါ။

စိတ္ဖိစီးတာကိုေပ်ာက္ေအာင္လုပ္နည္း

ငွက္ေပ်ာသီးခြံရယ္ ေရ၂၀၀ မီလီလီတာ ပ်ားရည္စားပြဲတင္ဇြန္း ၁ ဇြန္းစာပဲလိုအပ္တာပါ။ပထမဦးဆုံး ေရကို ဆူေအာင္အရင္ႀကိဳလိုက္ပါ။ေရဆူလာတာနဲ႔ ငွက္ေပ်ာသီးခြံကိုထည့္ၿပီး မီးေအးေအးေလးနဲ႔ သုံးမိနစ္ေလာက္ထားလိုက္ပါ။ၿပီးရင္ ငွက္ေပ်ာသီးခြံကိုဖယ္ၿပီး အရည္ကို အခ်ိန္အနည္းငယ္အေအးခံထားပါ။ပ်ားရည္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းကို ထည့္ၿပီး ေသာက္သုံးမယ္ဆိုရင္ စိတ္ဖိစီးမႉနဲ႔ စိတ္မတည္ၿငိမ္တာကို ေလ်ာ့ခ်ေပးၿပီး သက္သာေစႏိုင္မွာပါ။

ေခါင္းကိုက္ေပ်ာက္ေအာင္လုပ္နည္း

ငွက္ေပ်ာသီးခြံမွာ ပိုတက္ဆီယမ္အမွ်င္ဓာတ္ေတြ ႂကြယ္ဝစြာပါၿပီးေတာ့ ေရာင္ရမ္းတာေတြ ေခါင္းကိုက္တာေတြကို သက္သာေစႏိုင္ပါတယ္။ငွက္ေပ်ာသီးခြံရယ္ ေရတစ္ခြက္ရယ္ သစ္ၾကမ္းပိုးေခါက္အနည္းငယ္ရယ္ပဲလိုအပ္ပါတယ္။ငွက္ေပ်ာသီးခြံကို ေရထဲထည့္ၿပီး ၃ မိနစ္ေလာက္ ႀကိဳလိုက္ပါ။ၿပီးရင္ ခဏေလာက္ အေအးခံၿပီး သစ္ၾကမ္းပိုးေခါက္လက္ဖက္ရည္ဇြန္း တစ္ဝက္ေလာက္ထည့္ၿပီး ေသာက္လို႔ရပါၿပီ။ေခါင္းကိုက္တာကို သိသိသာသာသက္သာလာေစမွာပါ။

ငွက္ေပ်ာသီးစားၿပီးရင္ ငွက္ေပ်ာသီးခြံကိုလည္း အခုလို အသုံးျပဳလို႔ရေသးတာကို သိရွိသြားၾကမယ္လို႔ ထင္ပါတယ္။အားလုံးပဲ ေခါင္းကိုက္သက္သာၿပီး စိတ္ဖိစီးမႉကေန ကင္းေဝးၾကပါေစ။

Credit-Original Uploader