မိဘတိုင္းက သားသမီးေတြကို ေကာင္းစားတာပဲျမင္ေစခ်င္ၾကၿပီး ဒုကၡေရာက္သည့္အခါ တစ္ေယာက္တည္းပဲ ခံစားေစလိုသည္။
သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံ Long Anျပည္နယ္ရွိ သခ်ႋဳင္းတစ္ခုတြင္ အသက္၈၀အ႐ြယ္ အဖြားအိုတစ္ဦးသည္ တစ္ေယာက္တည္း အမႈိက္လိုက္ေကာက္ရင္းနဲ႔ ေအးေအးခ်မ္းခ်မ္း ေနထိုင္ခဲ့သည္။

အဖြားအိုတြင္ သားသမီး ၅ေယာက္ရွိၿပီး အကုန္လုံးကအိမ္ေထာင္က်ကုန္ရာ ေျမးေတြပါရေန၍ အတူေနထိုင္ရာတြင္ ဝန္ထုပ္ဝန္ပိုးျဖစ္ေနတာေၾကာင့္ မိခင္ျဖစ္သူရဲ႕ ဓာတ္ပုံေလးနဲ႔အတူ အေဖာ္ျပဳကာ သခ်ႋဳင္းကုန္းေျမရွိ အိမ္အိုေဟာင္းေလးမွာ ေျပာင္းသြားခဲ့သည္။

အဖြားအိုရဲ႕အျဖစ္ေၾကာင့္ လူအမ်ားက သားသမီးေတြကို အျပစ္တင္ၾကေပမယ့္ သူမကိုယ္တိုင္က သားသမီးေတြကို ဒုကၡမျဖစ္ေစလိုေၾကာင္း ျပန္ဆိုခဲ့သည္။
Rain(For Ialinks)
Unicode
သားသမီး၅ယောက်ရှိပေမယ့် ဒုက္ခမပေးလို၍ တစ်ယောက်တည်း သင်္ချိုင်းကုန်းမှာ နေထိုင်ခဲ့သော အဖွားအို
မိဘတိုင်းက သားသမီးတွေကို ကောင်းစားတာပဲမြင်စေချင်ကြပြီး ဒုက္ခရောက်သည့်အခါ တစ်ယောက်တည်းပဲ ခံစားစေလိုသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ Long Anပြည်နယ်ရှိ သင်္ချိုင်းတစ်ခုတွင် အသက်၈၀အရွယ် အဖွားအိုတစ်ဦးသည် တစ်ယောက်တည်း အမှိုက်လိုက်ကောက်ရင်းနဲ့ အေးအေးချမ်းချမ်း နေထိုင်ခဲ့သည်။

အဖွားအိုတွင် သားသမီး ၅ယောက်ရှိပြီး အကုန်လုံးကအိမ်ထောင်ကျကုန်ရာ မြေးတွေပါရနေ၍ အတူနေထိုင်ရာတွင် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာကြောင့် မိခင်ဖြစ်သူရဲ့ ဓာတ်ပုံလေးနဲ့အတူ အဖော်ပြုကာ သင်္ချိုင်းကုန်းမြေရှိ အိမ်အိုဟောင်းလေးမှာ ပြောင်းသွားခဲ့သည်။

အဖွားအိုရဲ့အဖြစ်ကြောင့် လူအများက သားသမီးတွေကို အပြစ်တင်ကြပေမယ့် သူမကိုယ်တိုင်က သားသမီးတွေကို ဒုက္ခမဖြစ်စေလိုကြောင်း ပြန်ဆိုခဲ့သည်။
Rain(For Ialinks)



