ၾကားသိရသမွ်

“ထူးျခားဆန္းျပာတဲ့ ပုံသ႑ာန္နဲ႔ ယဥ္ေက်းမႈအဆင့္ျမင့္မားလွသည့္ ေရွးေဟာင္းေ႐ႊထည္ပစၥည္းမ်ားေတြ႕ရွိ”

Unicode

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ကျောင်းဖြူကျေးရွာအနောက်ဘက် ဧရာဝတီမြစ်ဆိပ်ကမ်းအနီးတွင် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားလှသည့် ရှေးဟောင်းရွှေထည်ပစ္စည်းများကို ဒေသခံတစ်ဦးမှ တွေ့ရှိခဲ့သည်ဟု ကနဦး သိရှိရပါတယ်။

ရွှေသားချည်းသက်သက်ဖြင့် အနုလက်ရာပြောင်မြောက်စွာပြုလုပ်ထားသော ၎င်းရွှေထည်ပစ္စည်းများတွင် ရွှေနားဒေါင်းများ ရွှေဆွဲပြားများအပါအဝင်

အခြားအမျိုးအမည် မခန့်မှန်းနိုင်သေးသော ရွှေထည်ပစ္စည်းများလည်းပါဝင်ပြီး ပျူခေတ်လက်ရာများဖြစ်နိုင်သည်ဟု (အကြမ်းမျဉ်း) ခန့်မှန်းထားကြပါသည်။

ရှေးဟောင်းယဉ်ကျေးမှုအနုလက်ရာ ရွှေထည်ပစ္စည်းများတွေ့ရှိရသည့် ကျောင်းဖြူရွာသည် ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ဆုံရာ

ဒေသတွင်တည်ရှိပြီး ယောအတွင်းဝန်ဦးဖိုးလှိုင်၏ ဇာတိရွာဖြစ်သော ရွာပုလဲရွာ အနီးတွင် တည်ရှိသည့် ရွာတစ်ရွာဖြစ်သည်။

ပုံသဏ္ဍာန်တွေက ထူးခြားဆန်းပြားပြီး လက်ရာတွေက အဆင့်မြှင့်လှပါတယ်…တကယ်ကို တန်ဖိုးမဖြတ်နိုင်လောက်အောင် အဖိုးတန်လှတဲ့ ရှေးဟောင်းရတနာတွေပါပဲ

ရဲသွေး (ဧည့်လမ်းညွှန်)

#photosoriginaluploader

Zawgyi

စစ္ကိုင္းတိုင္းေဒသႀကီး ေျမာင္ၿမိဳ႕နယ္ ေက်ာင္းျဖဴေက်း႐ြာအေနာက္ဘက္ ဧရာဝတီျမစ္ဆိပ္ကမ္းအနီးတြင္ ယဥ္ေက်းမႈအဆင့္အတန္းျမင့္မားလွသည့္ ေရွးေဟာင္းေ႐ႊထည္ပစၥည္းမ်ားကို ေဒသခံတစ္ဦးမွ ေတြ႕ရွိခဲ့သည္ဟု ကနဦး သိရွိရပါတယ္။

ေ႐ႊသားခ်ည္းသက္သက္ျဖင့္ အႏုလက္ရာေျပာင္ေျမာက္စြာျပဳလုပ္ထားေသာ ၄င္းေ႐ႊထည္ပစၥည္းမ်ားတြင္ ေ႐ႊနားေဒါင္းမ်ား ေ႐ႊဆြဲျပားမ်ားအပါအဝင္

အျခားအမ်ိဳးအမည္ မခန္႔မွန္းႏိုင္ေသးေသာ ေ႐ႊထည္ပစၥည္းမ်ားလည္းပါဝင္ၿပီး ပ်ဴေခတ္လက္ရာမ်ားျဖစ္ႏိုင္သည္ဟု (အၾကမ္းမ်ဥ္း) ခန္႔မွန္းထားၾကပါသည္။

ေရွးေဟာင္းယဥ္ေက်းမႈအႏုလက္ရာ ေ႐ႊထည္ပစၥည္းမ်ားေတြ႕ရွိရသည့္ ေက်ာင္းျဖဴ႐ြာသည္ ဧရာဝတီျမစ္ႏွင့္ခ်င္းတြင္းျမစ္ဆုံရာ

ေဒသတြင္တည္ရွိၿပီး ေယာအတြင္းဝန္ဦးဖိုးလႈိင္၏ ဇာတိ႐ြာျဖစ္ေသာ ႐ြာပုလဲ႐ြာ အနီးတြင္ တည္ရွိသည့္ ႐ြာတစ္႐ြာျဖစ္သည္။

ပုံသ႑ာန္ေတြက ထူးျခားဆန္းျပားၿပီး လက္ရာေတြက အဆင့္ျမႇင့္လွပါတယ္…တကယ္ကို တန္ဖိုးမျဖတ္ႏိုင္ေလာက္ေအာင္ အဖိုးတန္လွတဲ့ ေရွးေဟာင္းရတနာေတြပါပဲ

ရဲေသြး (ဧည့္လမ္းၫႊန္)

#photosoriginaluploader